စေတန်နတ်ဆိုး

လူတွေကပြောတယ်.. စေတန်ဆိုတာ နတ်ဆိုးတဲ့… သူဘာကြောင့်ဆိုးလဲ… လူတွေမေးကြည့်ဘူးလား… လူတွေ လေ့လာဘူးလား… တစ်ခါတစ်လေ… လူတွေဖိအားကြောင့်… လူတွေက ဆိုးလာကြတယ်… အရောင်ပြောင်းလာကြတယ်.. ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်.. မူရင်းဘဝပျောက်ဆုံးပြီး… cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်.. လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်… လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်.. သူမှန်တယ်.. ငါမှန်တယ်နဲ့… ရှုံးနိမ့်သူက လူဆိုးပဲ… သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ… ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်… သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ… သူငယ်ချင်းတစ်ယောက်ပြောတယ်… ပြိုင်ငြင်းမနေနဲ့… ဘယ်သူမှန်တယ်ဆိုတာထက်.. ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်… နိုင်တဲ့လူက မှန်တာပဲ… နိုင်တဲ့လူထဲမှာ သမိုင်းပဲ… အမှန်တရား… စာနာနားလည်ချင်း… ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်… ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား.. ကိုယ့်အမြင်ကသာ အမှန်တရား.. အင်အားတောင့်သူကသာ အမှန်တရား..…More