shipping

  • ၁၆ ရက်နေ့ညကတည်း ဝယ်လိုက်တာ ၂၃ ရက်နေ့မနက်မှပဲ လက်ထဲကို ရောက်တော့တယ်။ Nook ဝယ်ဖို့ barnes and noble ကနေ vpost us address. အဲလိုပို့တာ ၃ ရက်ကြာတယ်။ Vpost US Address ကိုရောက်တော့ shipping charges ချေရတယ်။ စလုံးရောက်ဖို့ကတော့ ၄ ရက်ကြာတယ်။ စလုံး ရောက်ပြီးနောက်နေ့ပဲ ချက်ခြင်း ရောက်လာပါတယ်။ ဈေးကတော့ shipping charges အပါဝင် S$356.14 ကျပါတယ်။ ကျွန်တော် သုံးဖို့အတွက်တော့ မဟုတ်ပါ။ အစ်မအတွက် မှာပေးထားတာပါ။ ၁ ရက်လောက် စမ်းသုံးကြည့်တော့ iPad ကိုပဲ သဘောကျသွားတယ်။ အရွယ်အစားကတော့ iPad ထက်စာရင် ပိုကောင်းတယ်။ စာဖတ်ဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ တခြားဟာတွေအတွက်ကတော့ အသုံးမဝင်ပါ။