syllable

  • ကိုစိုးမင်းထောက်ပြတဲ့အတွက် ကျွန်တော် အများကြီးပြင်ဖြစ်သွားတယ်.. ကိုစိုးမင်းကို ကျေးဇူးတင်ပါတယ်… ကိုစိုးမင်းပြောတဲ့ လိုအပ်တာလေးတွေကိုလည်း syllable break ထဲမှာ ထပ်ဖြည့်ထားပါတယ်… နောက်ပြီး မရှင်းတာ တစ်ခုရှိတယ်ဗျ… ကိုညီလင်းဆက် ကိုစိုးမင်းတို့ စဉ်း ကို အဲလို မရေးကြပဲ စဉ်း လို့ပြောင်းရတာတွေ့ရလို့…. ဘယ်ဟာအမှန်လဲမသိဘူး… ??? http://code.google.com/p/zgnorsb/downloads/list

  • Zawgyi Normaliztion နဲ့ Syllable Breaking PHP source code ကို http://code.google.com/p/zgnorsb/ မှာ ရယူနိုင်ပါတယ်။ နောက်အားရင် ဘယ်လိုလုပ်ထားတယ်ဆိုတဲ့ နည်းပညာလေး ရေးပေးပါအုံးမယ်..

  • Zawgyi Normalization နဲ့ syllable breaking ကို ဒီနေ့တော့ RC version လေးပြီးသွားတယ်။ အံဩဖွယ်ရာကောင်းတာက ကျွန်တော် အများကြီးရေးထားတဲ့ pattern တွေကို ၁၀ ကြောင်းတည်းနဲ့ ရေးလို့ရသွားတာပဲ။ ကိုယ့်အချိန်တွေတောင် ကိုယ်နှမြောတယ်။ အတွေ့အကြုံဆိုတာက လက်တွေ့ကနေ ရယူရတာပဲ။ အတွေ့အကြုံရှိမှပဲ လုပ်ရ ကိုက်ရတာ မြန်မှာ။ အခု စုစုပေါင်း pattern 51 ခုနဲ့ ပြီးသွားတယ်။ အမှန်တိုင်းဆိုရင် ပိသာ = ပိဿာ ပြသနာ = ပြဿနာ ရေ=ရေ ရာ=ရာ ရွ=ရွ စတာတွေ ထပ်ဖြည့်ထားတာကြောင့်လည်း ပါတယ်။

  • အစကတော့ syllable breaking လုပ်ရတာ တော်တော်လေးမူးနောက်နေတာပဲ။ ဟော… အခုတော့ လွယ်လိုက်တာမှ ဖြစ်ခြင်း။ ယုံမလား မသိဘူး။ pattern 10 ခုနဲ့တင် ပြီးသွားတယ်။ အစက အခု ၃၀ လောက်ကနေ အခု ၁၀ ခုနဲ့တင်ပြီးသွားတော့ တော်တော်တောင် အံဩမိတယ်။ အော်.. တော်တော် ညံ့တဲ့ငါပါလားလို့…. အခုတော့ အရင်ထက် မြန်သွားပြီ။ နောက်ပြီး –ဲ|–ံ|–ိ|–ီ|–့|–့ စတာတွေကို duplicat ဖြစ်နေရင် ဖျက်ပေးတယ်။ နောက်ပြီးတော့ –ု|–ူ|–ှ|–ှု စတာတေ ရောနေရင် နောက်ဆုံး ရိုက်ထားတာ ယူလိုက်တယ်။ duplication ဖြစ်နေရင်လည်း ဖျက်ပြီး တစ်ခုပဲ ယူတယ်။ တော်တော်လေးကို ကောင်းမွန်လာပြီ။ ခက်တာက စမ်းရတာ အားမရသေးဘူး။ ထပ်ပြီးတော့ စမ်းအုံးမယ်။…