Ubuntu Customize နဲ့ တစ်နေ့တာ

ပြီးခဲ့တဲ့နေ့တွေက Ubuntu ကို Customize လုပ်ပြီး live DVD တွေ ပြန်ထုတ်ဖို့ ကြိုးစားနေတာနဲ့ ၄ ရက်လောက် မအိပ်လိုက်ရဘူး။ တော်တော်လေးတော့ အတွေ့အကြုံရသွားတယ်။ လုပ်ရတဲ့အဆင့်တွေက အရမ်းလွယ်သွားပြီ။ ကျွန်တော်တို့ MZ ပွဲအတွက် DVD မှီအောင်တော့ ကြိုးစားနေတာပဲ။ ကိုရဲမြတ်သူ sponsor ပေးပေမယ့် ကျွန်တော် အတွေ့အကြုံမရှိတာကြောင့် တော်တော်နောက်ကျသွားတယ်။ Ubuntu ကို Customize လုပ်တုန်းက ပြသနာတွေက ၁။ Boot Image ဘယ်လိုလုပ်မလဲ။ ၂။ Login Screen (GDM Theme) ဘယ်လိုလုပ်မလဲ။ ၃။ ISO ကို ဖြည်ပြီး စိတ်ကြိုက် file တွေ package တွေ ထည့်ပြီး boot…More

ZawgyiKB 1.3.3

zawgyi.tar.gz ကိုဖြည်ချလိုက်။ ပြီးရင် terminal ကနေ ဖြည်ချထားတဲ့ ပတ်လမ်းကြောင်းကိုသွားလိုက်။ပြီးတာနဲ့ $./install.sh လုပ်လိုက်ရုံနဲ့ keyboard သွင်းပေးသွားတယ်။ တစ်ခါတည်း Left Alt ဆိုရင် keyboard change ပြီးတော့ Right Ctrl ဆိုရင် thrid level key ပြောင်းပေးတယ်။ –္စ လိုမျိုးရိုက်ချင်ရင် r-ctrl+p နှိပ်လိုက်ရုံပဲလေ။ Download HereMore

I Can run Quanta on Ubuntu

ရသွားပါပြီဗျာ။ ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ Menu မှာ Right Click နှိပ်။ ပြီးရင် Edit Menu ကိုသွား။ Programming > Quanta Plus ကိုသွား။ Properties က command မှာ gksu quanta %U ဆိုပြီးပြောင်းလိုက်တယ်လေ။ စမ်းကြည့်လိုက်အုံးမယ်ဗျာ….More

Remastersys Backup For Ubuntu

ကျွန်တော်တို့အနေနဲ့ ubuntu ကို backup လုပ်ချင်တယ်ဆိုရင်တော့ အရှေ့မှာ ကျွန်တော်ပြောခဲ့သလို လုပ်ရင်လည်းရပါတယ်။ တကယ်လို့ … မင်းမှာရှိတဲ့ ပုံစံအတိုင်းငါ့ကို လုပ်ပေးကွာလို့ ပြောလာရင်တော့ ခေါင်းစားရလိမ့်မယ်။ ဒါမှမဟုတ် live cd or dvd , ကိုယ်ပိုင် buntu တွေလုပ်ချင်ရင် အဆင့်တွေအရမ်းများတယ်ဗျာ။ အဲဒီလိုတွေအတွက် ကျွန်တော်ကတော့ remastersys ကို အသုံးပြုစေချင်တယ်။ ရိုးတယ်။ရှင်းတယ်။ လွယ်ကူတယ်။ ဘာအဆင့်တွေမှလည်း မပါဘူးလေ။ သူ့ကို သွင်းမယ်ဆိုရင်တော့More

Open in terminal

ကျွန်တော်တို့တွေအနေနဲ့ windows Vista မှာဆို shift+ right click လုပ်လိုက်ရုံနဲ့ command prompt here ဆိုပြီးပေါ်လာတယ်။ XP မှာဆိုရင်တော့ ဒီမှာ ဖတ်ပြီး လုပ်လိုက်ရင် ပေါ်လာတယ်ဗျ။ အဲ… Ubuntu မှာ မရလို့ စိတ်ညစ်နေလား။ ရပါတယ်ဗျာ။ ကျွန်တော် သုံးနေတာတော့ ကြာပြီ။ ပြောပြဖို့မေ့နေလို့ဗျ။ ကျွန်တော်က ဒါလေးသွင်းလိုက်တယ်လေ။. $sudo aptitude install nautilus-open-terminal အဲဒါဆို အရမ်းအဆင်ပြေတယ်ဗျ။ cd , cd တွေနဲ့ အဆင့်ဆင့် သွားနေစရာမလိုဘူးလေ။ တော်တော်လေးကို အဆင်ပြေပြီး Ubuntu ကို သုံးရတာ ပိုကောင်းလာတယ်။More

Make Package DVD For Ubuntu

Ubuntu ကို ကျွန်တော့် စက်ထဲမှာ သွင်းထားတာတွေက အများကြီးပဲ။ ဒီလောက်များတဲ့ package တွေကို နောက်တစ်ခေါက်ပြန်သွင်းဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် backup လုပ်ထားဖို့လိုပါတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေကို ပေးမယ်ဆိုလည်း ရတယ်လေ။ aptoncd နဲ့စမ်းသုံးသေးတယ်။ မရဘူး။ သူ့မှာက error များတယ်။ package တွေများလာရင် သူ့အလိုလို ပိတ်သွားတာများတယ်။ ဒါကြောင့် ဒီလို လုပ်ပါတယ်။ ((http://ubuntuforums.org/showthread.php?t=819396))More

Some Ubuntu Software

အခုတလော Ubuntu မှာ ကျွန်တော် software အသစ်လေးတွေ စမ်းသုံးဖြစ်တယ်ဗျ။ တော်တော်လေးကို ကောင်းမွန်တာပါ။ ရွေးရတာများလွန်းလှတဲ့ Ubuntu အတွက် software တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တော့ အကြိုက်တူမှာမဟုတ်ပေမယ့် ကျွန်တော် ကြိုက်မိတာလေးတွေ ဝေမျှလိုက်ပါတယ်။ Exaile Music Player ကျွန်တော် အရင်က KDE သုံးဖူးတယ်။ အဲတုန်းက Amarok ဆိုတဲ့ Player လေးကို GNOME မှာပါတဲ့ rhytmbox ထက်ပိုကြိုက်တယ်။ design ကလည်း သာတယ်လေ။ အခုတော့ ကျွန်တော့် စိတ်ကျေနပ်သွားရပါပြီ။ exaile ဆိုတာကတော့ amarok နဲ့ တော်တော်ဆင်တယ်။ သူ့ကို ကျွန်တော် rhytmbox ထက်ပိုသဘောကျပြီး လက်ရှိ အသုံးပြုနေပါတယ်။ သီချင်းတွေကို…More