ပါရမီရှင်လော

ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။

နောက်ပြီး ကျောင်းသွားတဲ့လမ်း။ တစ်နှစ်ထက် တစ်နှစ်ထက်တစ်နှစ်ပိုစုတ်လာတယ်။ ကျောင်းသားတွေကလည်း ပိုခံနိုင်လာတယ်။ ကိုယ့်ကားနဲ့ ကိုယ်သွားတာတောင် ဒီလောက်ပင်ပန်းတာ။ BM နဲ့သွားနိုင်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ခံနိုင်ရည်ကလည်း လေးစားစရာပဲ။ တကယ့်ကို ခံနိုင်ရည်ရှိကြတာဗျာ။ နောက်ပြီး နှစ်ကုန်ခါနီးမှ စာတွေထပ်ပို နားမလည်ပဲ ကျက်နိုင်။ ဘာလာလာ တတွတ်တွတ် ရွတ်ဖြေနိုင်တာကလည်း တော်ရုံအစွမ်းမဟုတ်ဘူး။ အဲလို တော်ကြတာဗျ။

ကျွန်တော်ကတော့ အခုခေတ် ကျောင်းသားကျောင်းသူတွေကို လိုက်မမှီတော့ဘူးဗျာ။ စာဆိုလည်း နားမလည်ရင် စာအုပ်တွေ လျှောက်ရှာဖတ်။ အချိန်တွေ ကုန်လိုက်တာ။ Programming ဆိုလည်း လက်တွေ့ မ run ရရင် မကြိုက်တတ်ဘူး။ အဲလိုမျိုးက ကျွန်တော်တို့အပေါ်နှစ်ကတည်းကပါ။ အခုခေတ်ကျောင်းသားကျောင်းသူတွေကို ဘယ်မှီတော့မလဲ။ အဲလိုတော်အောင် လုပ်ပေးနိုင်တဲ့ UCSY ကြီးကလည်း လေးစားဖို့ကောင်းတာအမှန်ပဲဗျ။ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တွေပဲ။ ပင်ပန်းဒဏ်လည်းခံနိုင်တယ်။ programming က စာအုပ်ထဲမှာ အပြီး run နိုင်တယ်။ database တွေကို စာအုပ်ထဲမှာ အပြီးတည်ဆောက်နိုင်တယ်။ တစ်ခါတည်း programming နဲ့ပါ ချိတ်ပြီး run လိုက်သေးတယ်။ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်လေးတွေပဲဗျာ။

8 responses to “ပါရမီရှင်လော”

  1. အဟေးဟေး .. ဟုတ်တယ်၊ ကျွန်တော်တို့လဲ ဘယ်တော့မှ စက်ရှေ့က မထဘူး အားတဲ့စက်ဝင်ထိုင်တာဘဲ ပြီးရင် အိမ်ကစာအုပ်ထဲ ရေးလာတဲ့ ပရိုဂရမ်ကို ချရေးတော့တာဘဲ၊ အဲ .. ဟုတ်တယ် အရင်က စာအုပ်ထဲ အရင်ချရေးနိုင်တယ် ဘာလို့လဲဆို ကျောင်းရောက်မှ စက်မှာ ထိုင်ရေးရင် အချိန်မမှီမှာရယ် တခြား စက်ကိုလဲ ကလိခြင်တာတွေရယ်ကြောင့်ပေါ့။ ခုတော့ အလွတ်ချမရေးနိုင်တော့ပါဘူး အင်တာနက်မရှိရင် မရေးတတ်တော့ဘူး။ တခါသား ရုံးမှာ ငလျှင်လှုပ်လို့ အင်တာနက် ပြတ်သွားတာ production ကျသွားတယ် နေ့ဝက်လောက်။ ဟိဟိ။
    စကားမစပ် ကျွန်တော်က UCSY က မဟုတ်ပါဘူး။ အပြင်ကျောင်းမှာ သုံးရတာကို ပြောတာပါ။

    ကိုကိုဒီဘီ(MZ)

  2. ကိုစေတန်ရေ ဒါတော့အမှန်ပဲ သူငယ်ချင်း တစ်ယောက်ကို မေးဖူးတယ်။ စာအုပ်ထဲမှာပဲ run တာလို့ ဖြေတော့ ကျွန်တော်က error ဘယ်လို သိမလဲဆိုတော့ ငါတို့မှာ error မရှိဘူးတဲ့ ကိုစေတန်ပြောမှပဲ သဘောပေါက်သွားတယ် သူတို့က ပါရမီရှင်တွေကို…။

  3. နောက်ဆိုရင် လျှပ်စစ်ဓာတ်အားတို့ ကွန်ပျူတာတို့
    ဘာမှကိုမလိုတော့ဘူး။
    junior တွေအားလုံး မနောပေါက်ကြမှာ။
    ပါရမီရှင်ဆိုသည်မှာ ပါရမီကားလိုင်းပိုင်ရှင်ကို ဆိုလိုပါသလား။

  4. ဪ ခေတ်တွေကပြောင်းသွားပြီကိုး ငါတို့တုန်းက SE အလွတ်ကျက်တာ လွန်လှပြီထင်တာ ခုတော့ Programming ကိုအလွတ်ကျက်နေကြပါလား ဘယ်လိုများကျက်ကြပါလိမ့်
    #include
    #include
    int i;
    cin>> i;
    cout<< "blar blar blar";
    getch();

    OOps i forgot to write the void main () LOL :P

    1. သိဘူးလေ… အချို့ ဂျူနီယာလေးတွေ တွေ့ရင် မေးကြည့်ပေါ့… :P

  5. ဟီးးးးးးးးးး
    ဟုတ်တယ် ဆုမြတ်လည်း အဲလိုနဲ့အောင်လာတာလေ ဟီ ဒီနှစ်ပဲကျောင်းပြီးတယ် UCSMonywa ကပါ ဟဲဟဲ တော်လိုက်တဲ့ programmer လောင်းလျာတွေနော် ဟိ အရှက်ကွဲပါတယ် ပြောရတာ ဟီးးးးးး

  6. ကျောင်းတက်တုန်းက programming ဆိုတာ ဒီလို run ရပြီး database ဆိုတာ ဒီလို data တွေကို store လုပ်ပြီး တကယ် အသုံးဝင်တဲ့ အရာမှန်းကို မသိခဲ့ရိုးအမှန်ပါ အရေးပေါ်လို မှန်သောသစ္စာစကားဆိုပါ ဆိုရင်တောင် ဆိုစရာ သစ္စာစကားဆိုလို့ အဲဒါတော့ရှိသား.. အရာရာကို ကောင်းတဲ့ဘက်က ကြည့်ရင်တော့ အရာရာဟာ ပျော်စရာကောင်းပြီး ဘယ်သူကိုမှ အပြစ်တင်စရာ မရှိပါဘူး နှစ်စဉ် ကျောင်းသားပေါင်းမြောက်များစွာကို ဘွဲ့တွေအလသဟဿ ပေါခြင်း သောခြင်း စေတနာဗလဗွ နဲ့ပေးတဲ့ ကျောင်းတော်ကြီးကို တော့ ကျေးဇူးတင်စရာပါ..

  7. hee hee book htay mhar tin pe twar tal

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading