To fresh graduate developers

ရန်ကုန်ပြန်ရောက်ပြီး ကိုယ်ပိုင် လုပ်ငန်းစလုပ်တော့ အဓိက ပြဿနာက အလုပ်မှာ လိုအပ်သည့် နေရာတွေ အတွက် လူခန့် ဖို့ ခက်သည့် ပြဿနာ ကို ကြုံရတယ်။ ကျွန်တော်တို့ company မှ မဟုတ်ပါဘူး။ ရန်ကုန်က နေရာတိုင်း နီးပါးမှာ လိုချင်သည့် လူ မရဘူး ဆိုတာကို ကြားနေရတယ်။ ကျွန်တော်တို့ company ကို junior တွေ အလုပ်လျှောက်ကြပါတယ်။ သို့ပေမယ့် အတွေ့အကြုံ လုံးဝ မရှိသေးဘူးသည့် သူတွေကို အချိန်ပေးပြီး မသင်ပေးနိုင်ပါဘူး။ startup တွေ အနေနဲ့ junior developers တွေကို အချိန်ပေးပြီး သင်မပေးနိုင်ကြပါဘူး။   လုပ်ငန်းအတွေ့အကြုံ လုပ်ငန်း အတွေ့အကြုံဆိုတာကတော့ ဘယ် company မှာ…More

After UCSY

အခု UCSY မှာ IT camp လုပ်တာ တွေ့တော့ အတော်လေးကို ဝမ်းသာမိတယ်။ ကိုယ်တိုင် မသွားနိုင်တာကတော့ စိတ်မကောင်းဘူး။ ကိုသီဟ ၊ ကိုအိမောင် ၊ ကိုသာသာ ၊ ထူးမြင့်နောင် တို့လည်း သွားပြီးပြောကြတာ တွေ့ရတယ်။ ကျောင်းမှာ အဲလိုလေးတွေ တကယ်လုပ်ဖို့ လိုအပ်တယ်။ ကျောင်းက ကျောင်းသူ ကျောင်းသားတွေဟာ အပြင်ကနဲ့ ဝေးကွာပြီး လက်ရှိ ရန်ကုန်က ပွဲတွေလည်း သိပ်သွားတာ မရှိသလို ဘာတွေ လေ့လာသင့်သလဲဆိုတာကိုလည်း သေချာမသိတာ များတယ်။ မနက်ကျောင်းသွား ။ ၁ နာရီ ခွဲ ၂ နာရီ လောက် ကားစီး။ ညနေလည်း ကျောင်းကားစီးပြီး ပင်ပင်ပန်းပန်း ပြန်လာ။ ပြီးရင် ကျူရှင်တက်။…More

ဝါသနာ

အခုတလော COE အကြောင်းဆွေးနွေးတာကို ပုံမှန်မဟုတ်ရင်တောင် တော်တော်များများ ဖတ်ဖြစ်ပါတယ်။ တော်တာ်လေးကိုလည်း ဆွေးနွေးတာတွေ ကို သဘောကျတယ်။ သို့ပေမယ့် အချို့ ဆွေးနွေးချက်တွေက သွေဖယ်ပြီ အခြား အကြောင်းတွေ ရောက်တာလေးတွေလည်း တွေ့ရတယ်။ ဒါကတော့ ဖြစ်တတ်တဲ့ သဘောပါပဲ။ ကျွန်တော် ဘာကို သွားတွေ့သလဲ ဆိုတော့ တကယ်မလုပ်လို့ တကယ်မရတာ မတတ်နိုင်ဘူး။ ကျောင်းပြီးတော့ အလုပ်မရပဲ ယောင်ချာချာ ဖြစ်နေရတာတွေ အကြောင်းလေးတွေလည်း တွေ့လိုက်ရတယ်။ တကယ်တော့ တချို့တွေရဲ့ ဘဝက ရွေးချယ်စရာ မရှိလို့ပါ။ ဆေးကျောင်းတက်မယ်ဆိုပြီး ငယ်ငယ်ကတည်းက ရည်မှန်းထားပြီးတော့ ၁၀ တန်းမှာ အမှတ်လည်း ကပ်ပြီး ကျန်ခဲ့ရတာတွေ ယောက်ျားလေးထက် အမှတ်များပြီး မိန်းကလေးဖြစ်လို့ ကိုယ့် ၁၀ တန်း အမှတ်က ဝင်ခွင့်…More

Transforming UCS(X)

မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်များ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် တင်ပြခဲ့သည့် အစီရင်ခံစာ (ပထမ မူကြမ်း ဖြစ်ပြီး ပြည့်စုံအောင် ဆက်လက် ဖြည့်စွက်သွားပါမည်) ရက်စွဲ၊ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၂ရက် အကြောင်းအရာ ။ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာရပ်များ မြင့်မားတိုးတက်ရေးအတွက် အကြံပြု တင်ပြခြင်း ရည်ညွန်းချက် ။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ၁၃.၇.၂၀၁၂ ရက်စွဲပါ စာအမှတ် ဆသန/စမ/ ၁၁၆/၂၀၁၂ (၁၉၁၈) နိဒါန်း ၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် ကွန်ပျူတာပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေသူ Professional ပညာရှင်များ၊ လုပ်သားများ၊ ကွန်ပျူတာပညာ လေ့လာလိုက်စားနေသူ ကျောင်းသားများ စုစုပေါင်း တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသော…More

တက္ကသိုလ် နေ့ရက်များ

Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။More

NTU သို့တစ်ခေါက်

ဒီမြို့ကို ရောက်ကတည်းက ပြောရမလား… ဒီနိုင်ငံကို ရောက်ကတည်းက ပြောရမလားတောင် မသိတော့ဘူး… ဒီကို ရောက်ကတည်းကဆို ပိုမှန်မယ်ထင်တယ်။ အလုပ်စဝင်ကတည်းက NUS ကျောင်းထဲမှာ ဆိုတော့ NUS ကို နေ့တိုင်း နီးပါးရောက်ဖြစ်တယ်။ Prince George Park ထဲမှာရှိတော့ နေ့တိုင်း NUS Business School ဘက်ကိုရောက်ဖြစ်နေကြ။ နောက်ပြီး MRT စီးဖြစ်တဲ့အခါမှာ SOC ဘက်တွေကို ဖြတ်ပြီး Bus စီးနေကြဆိုတော့ NUS ကျောင်း ဘယ်လောက်ကြီးတယ်ဆိုတာကို သိပြီးပါပြီ။ ဒါပေမယ့်လည်း မနက် ရုံးတက် ၉ နာရီခွဲ ၁၀ နာရီ အရောက်သွား ၊အိမ်ပြန်တော့ ၇ ခွဲ ၈ နာရီ လောက်ဖြစ်နေပြီဆိုတော့ ဘာကို မှ…More

အမှား

တစ်ခြား နိုင်ငံတွေမှာတော့ မသိ ဘူး ကျွန်တော်တို့မြန်မာ နိုင်ငံမှာ high school အရွယ်တွေကတော့ Developer တို့ Programmer တို့ဆိုတာ သိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျောင်းမှာ စာအရမ်းတော်တဲ့ ကလေးက ဆယ်တန်းမှာ အမှတ်မကောင်းလို့ ဆေးကျောင်းမဝင်ပဲ computer ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခြားမှာ computer ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ်ပေါ့။ ပထမ အချက်က သူတို့တွေက Programming ဆိုတာ မသိကြဘူး။More

ကျောင်းတော်သို့ ရောက်ခဲ့ပြန်တယ်

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင်…More