ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။
နောက်ပြီး ကျောင်းသွားတဲ့လမ်း။ တစ်နှစ်ထက် တစ်နှစ်ထက်တစ်နှစ်ပိုစုတ်လာတယ်။ ကျောင်းသားတွေကလည်း ပိုခံနိုင်လာတယ်။ ကိုယ့်ကားနဲ့ ကိုယ်သွားတာတောင် ဒီလောက်ပင်ပန်းတာ။ BM နဲ့သွားနိုင်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ခံနိုင်ရည်ကလည်း လေးစားစရာပဲ။ တကယ့်ကို ခံနိုင်ရည်ရှိကြတာဗျာ။ နောက်ပြီး နှစ်ကုန်ခါနီးမှ စာတွေထပ်ပို နားမလည်ပဲ ကျက်နိုင်။ ဘာလာလာ တတွတ်တွတ် ရွတ်ဖြေနိုင်တာကလည်း တော်ရုံအစွမ်းမဟုတ်ဘူး။ အဲလို တော်ကြတာဗျ။
ကျွန်တော်ကတော့ အခုခေတ် ကျောင်းသားကျောင်းသူတွေကို လိုက်မမှီတော့ဘူးဗျာ။ စာဆိုလည်း နားမလည်ရင် စာအုပ်တွေ လျှောက်ရှာဖတ်။ အချိန်တွေ ကုန်လိုက်တာ။ Programming ဆိုလည်း လက်တွေ့ မ run ရရင် မကြိုက်တတ်ဘူး။ အဲလိုမျိုးက ကျွန်တော်တို့အပေါ်နှစ်ကတည်းကပါ။ အခုခေတ်ကျောင်းသားကျောင်းသူတွေကို ဘယ်မှီတော့မလဲ။ အဲလိုတော်အောင် လုပ်ပေးနိုင်တဲ့ UCSY ကြီးကလည်း လေးစားဖို့ကောင်းတာအမှန်ပဲဗျ။ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တွေပဲ။ ပင်ပန်းဒဏ်လည်းခံနိုင်တယ်။ programming က စာအုပ်ထဲမှာ အပြီး run နိုင်တယ်။ database တွေကို စာအုပ်ထဲမှာ အပြီးတည်ဆောက်နိုင်တယ်။ တစ်ခါတည်း programming နဲ့ပါ ချိတ်ပြီး run လိုက်သေးတယ်။ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်လေးတွေပဲဗျာ။
Leave a Reply