iPhone App Market – Part 2

ဒီလောက် ခက်ခဲနေတယ်ဆိုရင် ဘာလို့ Market ထဲကို ဝင်ဖို့ ကြိုးစားတာလဲဆိုတာကို စဉ်းစားရပြီ။ အဓိကတော့ လူသုံးများနေတဲ့ ဖုန်းဖြစ်လို့ပါ။ တကယ်လို့ လက်ရှိ အသုံးအများဆုံး phone က iPhone မဟုတ်ခဲ့ဘူးဆိုရင် ဒီလောက်ထိ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ လတ်တလော နာမည်အကြီးဆုံးနဲ့ လူသုံးများနေတဲ့ phone ဖြစ်သာကြောင့်ဆိုရင် မလွဲပါဘူး။ သို့ပေမယ့် ထည့်စဉ်းစားသင့်တာက လူတိုင်း ဆရာဝန်မဟုတ်ဘူး။ လူတိုင်း technology သမားမဟုတ်ဘူး။ ဒီတော့ product တစ်ခု အောင်မြင်ဖို့က လူတိုင်းသုံးတဲ့ iphone application ဖြစ်ရင် ပိုကောင်းတာပေါ့။

game တွေကတော့ လူတိုင်း နီးပါးလိုလို ကစားကြတော့ game ဈေးကွက်က iPhone မှာ ပိုကြီးမားတယ်ဆိုလည်း မမှားပါဘူး။ Product တစ်ခုထုတ်တော့မယ်ဆိုရင် Initial Cost, Time Cost, Labor Cost, Production Cost တွေကို သေသေချာချာ တွက်ချက်ပြီး Market ပေါ်မှာ ဘယ်လောက်ပြန်ရနိုင်မလဲဆိုတာကို မှန်းပြီးမှ ထုတ်ကြတာများပါတယ်။ Market Research ပိုင်းအားကောင်းတဲ့ Company တွေ နောက်ပြီး Market Search ပိုင်းမှာ အားကောင်းတဲ့ Company တွေအနေနဲ့ အောင်မြင်ကြတာများပါတယ်။ နောက်ပြီး အခြား platform မှာ Market ရှိပြီးသားတွေကလည်း iPhone Development ဘက်ကို လှည့်ပြီးတော့ Market ချဲ့လာကြပါတယ်။ ဥပမာ။။ EA လိုမျိုးပေါ့။ EA ရဲ့ Market ဟာ iPhone ပေါ်မှာ ကြီးမားတယ်လို့ မဆိုပေမယ့် အောင်မြင်နေတဲ့ Game တွေကို iPhone ပေါ်မှာ ဈေးသက်သက်သာသာနဲ့ ရောင်းချလာပါတယ်။ တခြား Game Platform တွေမှာ နာမည်ရပြီးသား Game တွေကို Mobile ပေါ်မှာ ထပ်ချဲ့တဲ့ သဘောပါပဲ။ Tiger Wood , SIM,Need For Speed တို့လို Game တွေ ထွေထွေထူးထူးကြေငြာစရာမလိုပဲနဲ့ ပေါက်တာကတော့ မစမ်းပါဘူး။ နောက်ပြီး ဈေးက အခြား platform တွေနဲ့ ယှဉ်ရင် အဆမတန် ကွာတဲ့အတွက် လူတိုင်း ပေါ့ပေါ့ပါးပါး ဝယ်ဆော့လာနိုင်တယ်။ ဒါကတော့ နာမည်ကြီး Company တွေအပိုင်းပါ။

အခြား Game မဟုတ်တဲ့ Application တွေလည်း ရှိပါတယ်။ သို့ပေမယ့်လည်း game တွေနဲ့ ယှဉ်ရင် iPhone ဈေးကွက်မှာ နေရာရတာနည်းပါတယ်။ အများအားဖြင့် SMS , Phone API သုံးထားတဲ့ application တွေနဲ့ Camera application တွေကလည်း ရောင်းရတဲ့ အထဲမှာ ပါဝင်တယ်လို့ ဆိုရမယ်။ Game ကစားတဲ့သူဟာ အခြား အထွေထွေသုံးတဲ့သူတွေထက်စာရင် နည်းပါတယ်။ နောပ်ပိုင်းမှာ Game မဟုတ်တဲ့ Application တွေအကြောင်း အကျယ်တဝန့်ရေးသွားပါအုံးမယ်။ အခုတော့ အကြမ်းဖြင်းလေးဆက်လိုက်ရအောင်။ Awesome Note က 2009 ကတည်းက စရှိနေတာထင်တယ်။ အခုအချိန်ထိ ရောင်းနေရဆဲပါပဲ။ သို့ပေမယ့် အဲလို အောင်မြင်တဲ့ Application က တော်တော်လေးကို ရှားပါတယ်။ Application တစ်ခုဟာ ပုံမှန် ရောင်းနေရပေမယ့် တစ်ဆင့်မှာ ရပ်တန့်သွားပြီး တောက်လျှောက် ရောင်းနှုန်းတွေ ကျဆင်းလာပါလိမ့်မယ်။ iPhone Development မှာ ပြဿနာ တစ်ခုက App store မှာ တစ်ခေါက်ဝယ်ပြီး နောက်ထပ် version update တွေ အကုန် free update လုပ်လို့ရပါတယ်။ ဒါကြောင့် update လုပ်ပေးပြီး ပိုက်ဆံ ယူဖို့က မဖြစ်နိုင်ဘူး။ ပထမဆုံး Rank မကျအောင် ပြန်ဆွဲတင်တဲ့ အနေနဲ့ Free ၁ ပတ်လောက် download ချခွင့်ပေးလိုက်ပါတယ်။ download ချနှုန်းတွေ ပြန်တက်လာပြီး rank တွေ ပြန်ဆွဲတင်တဲ့ သဘောပေါ့။ iPhone user တွေအကုန်လုံးက သင့် application ကို ဝယ်မှာ မဟုတ်တာကတော့ သေချာပါတယ်။ သို့ပေမယ့် 1 Million users လောက် 0.99 နဲ့ ရောင်းရရင်တော့ သင့် အနေနဲ့ 0.7 Million လောက်တော့ ပြန်ရပါလိမ့်မယ်။ ဒါပေမယ့် ဒါက လူတိုင်းရတဲ့ အရာမဟုတ်ပါဘူး။

ပုံမှန် Company တွေမဟုတ်ပဲ Developer ၂ ယောက် ၃ ယောက် ပေါင်းရေးတာပဲဖြစ်ဖြစ် ၊ team လေးတစ်ခုနဲ့ ရေးပြီး iPhone application တွေ ရောင်းချနေကြတာတွေ ရှိပါတယ်။ $99 ကို ပေါင်းပြီး ဝယ်ထားကြတော့ အရင်းအနှီးက သိပ်မများဘူးပေါ့။ ၂ ယောက် တည်း ရေးတဲ့ game တွေက မကောင်းဘူး ထင်ကောင်းထင်ရပေမယ့် တကယ် အောင်မြင်သွားတဲ့ Game တွေလည်း ရှိပါတယ်။ Doddle Jump လိုမျိုး ညီအစ်ကို၂ ယောက် ရေးလိုက်တဲ့ game က June 25 , 2010 မှာ 5 million လောက်ရောင်းပြီးသွားပါပြီ။ နောက်ပြီး iPhone မှာ အောင်မြင်တာနဲ့ Android, BlackBerry Market အဓိက ပါရောင်းချလာပြီး နောက်ပိုင်း iPad အဓိပါ ရောင်းချဖို့ ပြင်နေပါပြီ။ တနည်းပြောရင် iPhone Market တစ်ခုတည်းထက်စာရင် အခြား mobile market တွေထိပါ ကိုယ့် application ကိုရေးဆွဲနိုင်ဖို့ လိုတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ iPhone App store မှာ ရောင်းချရတာ limit ရှိမယ်။ $99 / year ပေးရတယ်။ တကယ်လို့ Android market မှာဆိုရင်တော့ $25/year ပေးရတယ်။ သူလည်း 30:70 ပါပဲ။ သို့ပေမယ့် ရောင်းရင်တော့ $0.99 ပဲဆိုရင်တော့ Android Market ကလည်း မဆိုးဘူးလို့ ဆိုရပါလိမ့်မယ်။
အခြား Free Application တွေဘယ်လို ရပ်တည်နေကြသလဲဆိုတာကို တချက်လောက် ကြည့်ရအောင်။

တချို့ Application တွေက Ads တွေထည့်ပြီး free ပေးထားတာတွေ ရှိပါတယ်။ Application ကလည်း function တွေက များများမပါ။ Game ဆိုပေမယ့်လည်း ထွေထွေထူးထူး ကစားစရာမရှိ။ အဲလိုမျိုး Application တွေက free ပေးထားပြီး ads တွေ အသုံးပြုကြတယ်။ အရင်တုန်းကတော့ Google Ads ကို သုံးကြပေမယ့် အခုတော့ iAd ကိုပြောင်းသုံးကြမယ်ထင်တယ်။ iOS4 မှာ iAd ပါဝင်လာတဲ့အတွက်ကြောင့် Free application တွေ အတွက် အဆင်ပြေမယ်ထင်တယ်။ iAd အကြောင်းတော့ သေချာမသိသေးဘူး။ Pay Per Impression and click လို့တော့ ပြောတာပဲ။ နောက်ပိုင်း ပြောင်းလဲလာတဲ့ ဈေးကွက်က Online Web Store တွေပါပဲ။ Game တော်တော်များများမှာ Free ပေးပြီးတော့ web store တွေ ထည့်လာပါတယ်။ game တွေမှာ web store က ဘယ်လောက်အရေးပါသလဲဆိုတာကို Zynga ရဲ့ Mafai နဲ့ Framvilla ရဲ့ ဝင်ငွေတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်း Game တွေမှာ Game ကို free ပေးပြီး store တွေဘက်ကနေ ဝင်ငွေလှည့်ရှာကုန်ကြပါတယ်။ Ads က ရတဲ့ ပိုက်ဆံက ရေရှည်စောင့်ရပါလိမ့်မယ်။ Pay per click ဆိုပေမယ့် မ click တဲ့အခါ ပိုက်ဆံ ရမှာမဟုတ်ဘူး။ နောက်ပြီး iPhone ap တွေမှာ click လုပ်ကြတာ နည်းတယ်။ click လုပ်လိုက်ရင် လက်ရှိ game ထဲက ထွက်သွားတာကိုး။ ဒါကြောင့် google ads ကနေ ဝင်ငွေရဖို့ ခက်ပါတယ်။ iAds ကတော့ လက်ရှိ Game ထဲက မထွက်သွားပါဘူး။ Click လုပ်လိုက်ရင် Ads တက်လာပြီးတော့ ပြန်ပိတ်လိုက်ရင် လက်ရှိ app ထဲပဲပြန်ရောက်မှာဆိုတော့ အဆင်ပြေတာပေါ့။ ဒါကြောင့် iAd က ပိုပြီး click လုပ်ဖို့အခွင့်အလမ်းများတယ်။

နောက်ပြီး iPhone Development ဈေးကွက်ထဲမှာ ကျောင်းသားတွေလည်း ရှိပါတယ်။ ကျောင်းသားတွေအတွက် အမြတ်ရဖို့ထက် ကျောင်းပြီးရင် အလုပ်လျှောက်တဲ့အခါမှာ Portfolio မှာ ထည့်သွင်းဖို့ ထင်တယ်။ Resume အတွက် အထောက်အပံ့ဖြစ်မယ်ထင်တယ်။ နောက်ပြီး Application ကောင်းကောင်းလေးတွေ ရေးနိုင်ရင် အလုပ်အပ်တာတွေနဲ့ ကြုံနိုင်သလို iPhone App Development လုပ်နေတဲ့ company တွေမှာလည်း အလုပ်ရဖို့အခွင့်အလမ်းတွေ ရှိလာတယ်။ ကျောင်းသားတွေက အခြားတွေထက် ပိုရတဲ့အခွင့်အရေးက Apple က Discount ပဲ။ သာမာန်ထက် $100 လောက်သက်သာပြီး Macbook တစ်လုံးလောက်ဝယ်နိုင်ပြီး iPodTouch ၁ လုံးပါ free ရနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ တနည်းပြောရင် Macbook ဝယ်လိုက်တာနဲ့ iPhone development ကို စမ်းရေးကြည့်လို့ရနေပြီပေါ့။ သီးသန့် iPodTouch ဝယ်နေစရာမလိုတော့ဘူးလေ။

ဆက်ပါအုံးမည်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.