မနေ့တုန်းက MMTU မှာ ၂၁ ရာစု ခေါင်းဆောင်မှု ကို ဖတ်ကြည့်လိုက်တော့ One Piece ကို သွားပြီး မြင်တယ်။ One Piece ကို ရေးတဲ့ ကာတွန်းဆရာ Eiichiro Oda က ၁၉၉၇ မှာ One Piece ကို စခဲ့တာပါ။ One Piece မတိုင်ခင်မှာ Romance Dawn ဆိုတဲ့ ကာတွန်း စာအုပ်အရင် ထွက်ခဲ့တယ်။ One Piece ရဲ့ Prototype ပေါ့။ အဲဒီ နောက်ပိုင်းမှာ One Piece ထွက်လာတာပဲ။ One Piece က ပထမ အပိုင်းတွေ အဲလောက် ကြည့်မကောင်းသေးဘူး။ ဒါပေမယ့် ကာတွန်း ဆရာ ရဲ့ လက်ရည်တွေ တဖြည်းဖြည်းတက်လာတာကို တွေ့ရတယ်။ ဇာတ်လမ်းကို အစက ၅ နှစ် အဓိကပဲ ရေးမယ်လို့ စိတ်ကူးထားပေမယ့် လူ အားပေးတာ များလာလို့ ဇာတ်လမ်း ဘယ်အချိန်မှာ ရပ်မယ်ဆိုတာ သူမစဉ်းစားရသေးဘူးလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း ဇာတ်သိမ်းခန်းတော့ စဉ်းစားထားပြီးသားပါလို့ အင်တာဗျုး တစ်ခုမှာ ပါလိုက်ပါတယ်။ One Piece ကားမှာ အစပိုင်း idea တွေ ရေးသားပုံတွေက ထွေထွေထူးထူး ရယ်လို့ မဟုတ်ပါဘူး။ ဟာသ ကာတွန်းကားတစ်ခုလိုပါပဲ။ သို့ပေမယ့်လည်း Baroque Works Arc ကနေ စပြီး သမာရိုးကျ ကာတွန်းဇာတ်ရိုးကို ခွဲထွက်ဖို့ ပြင်လာတာပဲ။ အစပိုင်းတုန်းက သိပ်မသိသာပေမယ့် နောက်ပိုင်း Arc တွေမှာ ပီပီပြင်ပြင် သိသိသာသာ အများကြီးတိုးတက်လာတယ်။ ဇာတ်လမ်းတစ်ခုကို ရေးရတာ မလွယ်ပါဘူး။ အခုအချိန်မှာ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ ကာတွန်း ဆရာတစ်ယောက်က ဒီလောက် ထိတွေးနိုင်တာကိုတော့ အံသြမိတာ အမှန်ပဲ။ ကိုသီဟ ရေးထားတဲ့ ၂၁ ရာစု ခေါင်းဆောင်မှုဆိုတာ နောက်ပိုင်း One Piece Arc တွေမှာ သိသိသာသာ ပါဝင်လာတယ်။ Captin Luffy ပြောသွားတဲ့ စကားလေး တစ်ခွန်းကို ကျွန်တော် သဘောကျမိတာရှိတယ်။
I couldn’t protect myself, but now I couldn’t even protect my nakama. Not that they were weak or anything … no, my nakama are the strongest in the world; I believe in them heart and soul.
For My Nakama ဆိုတဲ့ အပိုင်းမှာ ပါတဲ့ စာသားလေးပါ။ ကိုယ်မလုပ်နိုင်တဲ့ အချိန်မှာတောင် ကိုယ့် nakama တွေကို ယုံကြည်ချက် အပြည့်ရှိနေသေးတယ်။ နောက်ပြီး ဘယ်အပိုင်းမှာ ပါတာလဲတော့ မမှတ်မိတော့ဘူး။ Arlong နဲ့ ချတဲ့ အခန်းမှာ ပြောတာထင်တယ်။ Luffy ပြောတဲ့ စကားပဲ
ငါ nami လိုလည်း navigator မလုပ်တတ်ဘူး။
Sanji လိုလည်း ဟင်းမချက်တတ်ဘူး။
Zoror လိုလည်း ဓားမကိုင်တတ်ဘူး။
Usopp လိုလည်း မလိမ်တတ်ဘူး။
ငါလုပ်နိုင်တာ ငါ့ nakama ကို ကာကွယ်ဖို့ပဲ။
အဲဒီ စာသားလေးကို သဘောကျတယ်။ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်သိသလို ကိုယ့် Nakama တွေ ဘာတွေ လုပ်နိုင်လဲဆိုတာ ကိုယ်သိတယ်။ အရာရာအားလုံးကို ကိုယ် တစ်ယောက်တည်း အုပ်စီးထားတာ မဟုတ်ဘူးဆိုတာလည်း ပြသွားတယ်။ Luffy ဆိုလည်း Captin သာ ဆိုပေမယ့် Nami ခေါင်းခေါက်တိုင်း ခံရတယ်။ သို့ပေမယ့် တကယ် power ကြီးတဲ့ လူတွေနဲ့ ချရင် သူ ရှေ့ဆုံးကနေ ချတယ်။ အသက်အန္တရာယ် ကြုံလာရင် အသက်စွန့်ပြီး သူ့ Nakama တွေကို ကယ်တယ်။ Nami နဲ့ Sanji ကယ်ဖို့ နှင်းတောင်ဖို့ တက်တဲ့ အခန်းမှာ Luffy ရဲ့ character ကို ရအောင် ပုံဖော်သွားတယ်။
၂၁ ရာစု ခေါင်းဆောင်မှု ဆိုတဲ့ အတိုင်းက အချက်အလက်တွေ တော်တော်များများက One Piece ကားထဲက Strawhat pirates တွေ အလုပ်လုပ်ပုံနဲ့ တူတယ်။ လူတိုင်းဟာ ခေါင်းဆောင်ပဲ။ သို့ပေမယ့်လည်း strawhat pirates တွေဟာ Captin ဆုံးဖြတ်ချက် မှန်သည်ဖြစ်စေ မိုက်ရူးရဲသည်ဖြစ်စေ Luffy ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ အဲလို လိုက်နာအောင်လည်း Luffy ရှေ့မှာ nakama တွေကို အသက်စွန့်ပြီး ကယ်တင်ခဲ့တာတွေ အများကြီးပဲ။ Zoro ကို ခေါ်ဖို့ ပထမဆုံး Navy နဲ့ စပြီး ချတယ်။ Sanji ကို ခေါ်ဖို့သူ့ထက် အင်အားကြီးတဲ့ Don Krieg နဲ့ တိုက်ခဲ့တယ်။ Nami အတွက် Arlong နဲ့ ခက်ခက်ခဲခဲ ချခဲ့ရတယ်။ Usopp အတွက် Kuro နဲ့ ချခဲ့တယ်။ Chopper ကို မတွေ့ခင်မှာ Nami ကို ကယ်ဖို့Chopper ရှိတဲ့ နေရာကို ခက်ခက်ခဲခဲ လာခဲ့ရတယ်။ Robin ကို ကယ်ဖို့အတွက် World Goverment ကို ဆန့်ကျင်ပြီး ရအောင် ကယ်ခဲ့တယ်။ Brook နဲ့ တွေ့တဲ့ အချိန်မှာ Brook ကို မကြောက်မလန့် nakama အနေနဲ့ ခေါ်တယ်။ Brook အတွက် shadow ပြန်ရအောင် Warload ကို တိုက်ပြီး ရအောင် ယူခဲ့ရတယ်။
တနည်းပြောရင် တစ်ကားလုံးမှာ Team work, leadership အပိုင်းတွေ စတာတွေထည့်သွင်းထားတယ်။ ကာတွန်းဆရာ အနေနဲ့ ပြီးပြီးရော ရေးခဲ့တာ မဟုတ်ဘူး ဇာတ်လမ်းတစ်ပုဒ် တစ်ပုဒ်ကို သေချာစဉ်းစားပြီး ရေးခဲ့တာပဲ။ နောက်ပြီး ရှေ့နဲ့ နောက်နဲ့ ပြန်ချိတ်လို့ ရအောင် အဆက်ဆက်တွေ လုပ်ခဲ့တာပဲ။ အဲလိုမျိုး ရှေ့နောက် အဆက်ဆက်ကောင်းကောင်း ဆိုလို့Doctor Who ဆိုတဲ့ ကားပဲ ကြည့်ဖူးတယ်။ Luffy ကို ကြည့်မိတော့လည်း အစက သမာရိုးကျကားလို့ပဲ ထင်ပြီး ကြည့်မိလိုက်ပေမယ့် ရပ်မရတော့ဘူး။ အခုဆိုရင် menga ကော anime ကော on going ဖြစ်သွားပြီ။ ဘာပဲပြောပြော Luffy ရေးတဲ့ ကာတွန်းဆရာကိုတော့ ချီးကျူးတာ အမှန်ပဲ။ Naruto ထက် စာရင် ပိုသဘောကျတယ်။ အခုတော့ Luffy ကြည့်စရာ မရှိတော့ ရုံးက ပြန်လာရင် ဟာတာတာ ကြီးဖြစ်နေသလိုတောင် ဖြစ်နေရပြီ။
အဲဒါနဲ့ facebook account ရှိရင် Myanmar Otakus Group ကို ဖိတ်ခေါ်ပါတယ်။ Otaku ဆိုတာ ဂျပန်စာလုံးဖြစ်ပြီး Anime တွေ Menga တွေ နှစ်သက်တဲ့သူတွေကို ခေါ်တာပါ။
Leave a Reply