Tag Archives: myanmar
IT စကားဝိုင်း ပြန်လည်ကျင်းပမည်
PC Magazine အမြဲ ကျင်းပနေကျ IT စကားဝိုင်းကို အရင်ကလို မဟုတ်ပဲ တကယ့်စကားဝိုင်းလို ပြန်လည်ကျင်းပတော့မှာပါ။ ကျင်းပမယ့် နေ့ရက်ကတော့ နောက်လ ၈ ရက်နေ့ပါ။ အဓိကတော့ myanmar wiki နဲ့ မြန်မာ unicode အကြောင်းပြောဆို ဆွေးနွေးကြမယ်လို့သိရပါတယ်။ MIT ဝင်းထဲမှာပဲ ကျင်းပဖြစ်မှာပါ။More
Blog စာအုပ်
ကဲ… offline စာအုပ်တော့ မထွက်လာဖြစ်ပေမယ့် online စာအုပ်လေးတော့ ထွက်ရှိလာပါပြီ ဒီမှာ ယူလို့ရပြီနော်။More
ပျက်စီးနေလို့ ဖျက်စီးတတ်တာလား
တဖြည်းဖြည်းဆိုးဝါးလာတော့ မပြောပဲ မနေနိုင်တော့ဘူး။ မြန်မာတွေအခြေခံစိတ်ဓာတ်ကိုက ပျက်စီးနေပြီ။ ကျွန်တော် သိချင်တာက virus ဘာလို့လုပ်တာလဲဗျ။ အဲဒါလုပ်တော့ကော ဘာထူးသွားလဲ။ တခြားနိုင်ငံမှာဆိုရင်တော့ ထောင်ကျဖို့သာ ပြင်ထား။ အမှန်တိုင်းဆို အခြေခံစိတ်ဓာတ် မကောင်းတဲ့ကောင်တွေ လို့ဆိုရမယ်။ ကျွန်တော်ပြောမယ်ဗျာ။ Computer တစ်လုံးကို ဖျက်စီးရတာ လွယ်လွယ်လေးပါ။ ဘာတွေလုပ်နေမှာလဲ။ Windows folder အောက်က ဖျက်လို့ရသမျှ folder တွေ file တွေဖျက်ချလိုက်။ C: အောက်က boot တက်မယ့်ဟာတွေ ဖျက်ချလိုက်ပေါ့ဗျာ။ မဖျက်ချင်ဘူးဆိုလည်း replace တွေလုပ်လိုက်ပေါ့။ နည်းနည်းသဘောကောင်းချင်ရင် တက်လာတဲ့ exe တွေကို ကိုယ့် virus နဲ့ replace လုပ်လိုက်ပေါ့။ အဲဒါလေးကို ကိုယ့်ကိုယ် hacker လို့ခံယူနေသေးတယ်။ မြန်မာတွေ ရှက်ကော…More
မြန်မာနိုင်ငံ
`ဘာပြောတယ် လော်ရာ´ `စိတ်မဝင်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´ `မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´ `ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´ `အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´ `အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´More
This is call PAC
Pubic Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ (Pasport Number) ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။ ၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date/Time/Screenshot/URLs) အား (၂)ပတ် တစ်ကြိမ် Myanmar-Info-Tech သို့ CD ဖြင့်ရေးသားပေးပို့ရမည်။ ၃။ အလားတူ မိမိတို့ထံတွင်လည်း Back-up အားသိမ်းဆည်းထားရှိရမည်။ ၄။ Screen Shot များကို (၅)မိနစ် တစ်ကြိမ် ရယူထားရမည်။ ၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူထားရှိရမည်။More
ပုလင်းနက်ကြီး မည်းမှောင်ခြင်း
လက်တည့်စမ်းတာပဲလား။ ပညာပြတာပဲလား မသိဘူး။ အခု ကျွန်တော်တို့ရဲ့ ဘိုးအေကြီး ပုလင်းနက်ကြီးတော့ များပြီး down သွားရှာပြီ။ ဘာပဲပြောပြောဗျာ လူသုံးများတဲ့ site ကြီးတစ်ခု။ အင်တာနက် စသုံးတဲ့လူတွေအတွက် site ကောင်းတစ်ခု။ မြန်မာတွေအတွက် ရှားပါးတဲ့ site တစ်ခု။ အခုလို down သွားတာတော့ ဝမ်းနည်းတယ်။More
My.wikipedia.com
အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်..More