ငါတို့ဟာ သူရဲကောင်း…
ငါတို့ဟာ အောင်မြင်သူ…
ငါတို့ဟာ ရှေ့ဆက်သူ…
ငါတို့ဟာ ဦးဆောင်သူ…
ငါတို့ဟာ ခေါင်းဆောင်တွေပဲ…
ငါတို့ဟာ အနာဂတ်…
ငါတို့ဟာ အတိတ်….

ငါတို့ဘဝမှာ ငါတို့ဟာ သူရဲကောင်း….

အခုအချိန်မှာ ကျဆုံးပေမယ့်…
နောင်တချိန်မှာ အောင်မြင်မယ်လို့ မှတ်ယူ…

အခုအချိန်မှာ အောင်မြင်နေတာ…
အရင်က ကျဆုံးဘူးတယ်…

ငါဟာ ကန္တာရမှာ မွေးဖွား…
ရေမကူးတတ်ပေမယ့်…
ရေကူးချန်ပီယံကို စိန်ခေါ်လိုက်မယ်..
ကုလားအုပ် ပြိုင်စီးရဲလား…

မင်းတတ်တဲ့အရာ ငါမတတ်ပေမယ့်…
ငါတတ်တဲ့အရာ မင်းတတ်ရဲ့လား…

သူလည်း သူ့ဘဝမှာ မင်းသား..
ငါလည်း ငါ့ဘဝမှာ မင်းသား…

သူလည်း သူ့အောင်မြင်မှုနဲ့သူ…
ငါလည်း ငါ့အောင်မြင်မှုနဲ့ ငါပေါ့…

ဘာလို့ နှိုင်းယှဉ်မှာလဲ…
တနေ့ပြီးတနေ့…
တရက်ပြီးတရက် ဒီလိုနဲ့ပဲကုန်မှာပဲ…
ငါတို့နာမည် နှစ်သန်းချီပြီး ခံမလား…
အဲဒီအချိန် လူသားတွေရှိခဲ့ရင်တောင် ကံကောင်း…

ငါ့အောင်မြင်မှုကို ငါကျေနပ်တယ်..
သူ့အောင်မြင်မှုအတွက် ငါဝမ်းသာတယ်..
သူ့အောင်မြင်မှု ငါမလိုချင်ဘူး…
ငါ့အောင်မြင်မှုလည်း မင်းမလိုချင်နဲ့…
မင်းလည်း မင်းအောင်မြင်မှုနဲ့..
ငါလည်း ငါ့အောင်မြင်မှုနဲ့ငါ…
မတူပေမယ့်.. မယှဉ်ပါနဲ့…

Bill Gate လိုလည်း မချမ်းသာဘူး..
Steve Jobs လိုလည်း idea မကောင်းဘူး…
ဒါပေမယ့် ငါဟာ Steve Jobs လို မွေးစားမိဘနဲ့ကြီးပြင်းတာမဟုတ်ဘူး…
ငါဟာ Bill Gate လို ကျောင်းမပြီးတာမဟုတ်ဘူး..
အဲလိုယှဉ်ရင် ငါလည်း သူတို့ထက် သာတာပေါ့…
ဟာ.ဟာ..ဟ…ဟ…

နေတတ်ရင် ကျေနပ်စရာ…
တောင်းဆိုစရာတွေ အများကြီးမရှိဘူး..
စဉ်းစားတာ တစ်ခုတည်း…
Steve Jobs နေ့တိုင်း စဉ်းစားတဲ့ အတွေးလို့…
ငါဒီနေ့ သေရင် ဒီနေ့ ဒါကိုဆက်လုပ်မှာလား…

အရာရာအားလုံး ကျိုးကြောင်းဆက်စပ်တယ်…
Bagan က Gmail မဘန်းရင်…
ငါလည်း glite လုပ်ဖို့ စိတ်ကူးမရှိပါတယ်…
အဲဒီအခါ ငါလည်း PHP မတတ်တော့ပါကွယ်…

လူ့လောကဟာ မမျှတဘူး..
Bill Gate လည်းပြောပါတယ်…
ဒါကိုလည်း လက်ခံတယ်..
နေတတ်ရင် မျှတပါတယ်…
စိတ်ညစ်စရာတွေတွေးရင်…
စိတ်ညစ်နေမှာ အမြဲပဲ….

အခုချိန်မှာ စိတ်ပျက်တယ်…
အခုအချိန်မှာ စိတ်ညစ်တယ်..
အခုအချိန်မှာ အားငယ်တယ်..
အခုအချိန်မှာ စိတ်ကျတယ်…
အားတင်းကာ လျှောက်ပါကွယ်..
နောင်တချိန် ဘဝကောင်းစားဖို့ပါကွယ်…

ငါ့ဘဝမှာ ငါမင်းသား..
မင်းဘဝမှာ မင်းကမင်းသား…
ငါ့ဘဝမှာ ငါက ဟီးရိုး..
မင်းဘဝမှာ မင်းက ဟီးရိုး…
ဘာတွေ စိတ်ပျက်နေမှာလဲ..
ဘာတွေ စိတ်ညစ်နေမှာလဲ…

လုပ်နိုင်တာပဲ စဉ်းစား…
ဖြစ်နိုင်တာပဲ စဉ်းစား….
ငါလုပ်နိုင်တာတွေ လုပ်နေတယ်…
ငါထမ်းနိုင်တာတွေ ထမ်းနေတယ်…
မိဘလည်း ကျေနပ်တယ်…
ဒါဆို ငါလူဖြစ်ရကျိုးနပ်ပြီကွယ်…..

စာကြွင်း :: အစက Steve Jobs မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြောမလို့ပဲ ဘယ်လိုလုပ် ဒါရေးဖြစ်သွားလဲမသိဘူး။ :D

21 responses to “သူရဲကောင်း”

  1. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    တကယ်ပဲဖတ်လို့ကောင်းပါတယ်.. တကယ်လဲ ခံစားချက်ချင်း၊ စဉ်းစားမိတာချင်း တူပါတယ်..
    ဘာလို့ ကျတော်က ဒါတွေကို မရေးနိုင်တာလဲနော်.. သေချာတာက ကျတော်တို့အတွက်တော့.. အစ်ကိုက ဟီးရိုးပဲ.

    1. LOL!!! တကယ့် ဟီးရိုးအစစ်က ကိုယ်တိုင်ပဲ….. တကယ် ပြဿနာတွေ ဒုက္ခတွေ ရင်ဆိုင်လာရင် ကိုယ်တိုင်ပဲ ရင်ဆိုင်ရပြီး ကိုယ်တိုင်ပဲ ဖြေရှင်းပေးတာ… အားရင် ငယ်ငယ်က star war ကားကြည့်… :D ပျင်းဖို့ကောင်းပေမယ့် idea လေးတွေ ကောင်းတယ်…. ကိုယ့်လက်ရှိအရည်အချင်းကို ကိုယ်သဘောကျပြီး အမြဲ တိုးတက်နေအောင် လုပ်နေဖို့ပဲ လိုတာ…

  2. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    စာကြွင်း – အမှားလေးထောက်ပြချင်လို့ပါ၊
    line8 – ငါ့တို့ဘဝမှာ => ငါတို့ဘဝမှာ
    line17 – မင်းတတ်အရာ => မင်းတတ်တဲ့အရာ
    line24 – တနေ့ပြီတနေ့ => တနေ့ပြီးတနေ့
    line28 – ငါအောင်မြင်မှု => ငါ့အအောင်မြင်မှု

    (အစ်ကိုရေ..စိတ်မဆိုးနဲ့နော်.. ကျတော်ဒီနေ့အရမ်းပျင်းနေလို့.. ဟီးဟီ)

    1. Thank you so much… အခု ပြင်လိုက်မယ်.. ကျေးဇူးပဲ ညီ.. ;)

      Update: ပြင်လိုက်ပြီ… ကျေးဇူးပဲ… နောက်အမှားလေးတွေ တွေ့ရင်လည်း ထောက်ပြပါအုံး…

  3. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အဲ့ဒါမှသေရော၊ ပျင်းလို့စာလိုက်ပြင်တာ.. ပြင်ပေးတဲ့ကောင်ကစ မှားနေတယ်..
    ဟူး.. အေးပါရောဗျာ.. အေးပါရော

  4. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    ဒါနဲ့.. အစ်ကို့ကို တစ်ခုမေးချင်တယ်..ဘယ်လိုလဲဆိုတော့
    ကျတော် ipod မှာ ဇော်ဂျီပုံစံတွေကို ကြည့်ရတာပျင်းလာလို့ တခြား masterpiece hand ပုံစံကို copy ချထဲ့လိုက်တယ်.. ကြည့်လို့တော့ အဆင်ပြေပါတယ်.. ဒါပေမယ့် unicode မဟုတ်တဲ့ဟာထဲကနေကူးလိုက်တာဆိုတော့ ဘာအကျိုးဆက်တွေများရှိနိုင်မလဲ.. တစ်ချက်လောက်ပြောပြပါလား (ကျတော်ကတော့ လက်ရှိအဲ့ဒီပုံစံလေး ကြည့်ပီး ကြည်နူးနေတယ် )

    1. စာလုံး အရွယ်အစားတွေ ပြန်ညှိရလိမ့်မယ်… English စာနဲ့ မြန်မာစာ စာလုံးအနိမ့်အမြင့် အကြီး အသေးတွေတော့ ပြန်ညှိရမယ်။ ဘာပြဿနာမှာတော့ ထွေထွေထူးထူးမရှိပါဘူး။ fontlab လေးသုံးပြီး ကူးလိုက်လို့ရပါတယ်။ zawgyi code point နဲ့ တူအောင်တော့ လုပ်ထားဖို့လိုတယ်။

  5. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အင်း.. ကျတော်တော့ fcp နဲ့ကူးတာပဲ (အရွယ်အစားတော့ မညှိတော့ဘူး.. ကိုယ့်ဘာကို သုံးတာဆိုတော့.. ) ပြဿနာမရှိရင်တော့ ပီးတာပါပဲ.. ဒါနဲ့ s60 အတွက်ရော မြန်မာဖောင့် မလုပ်ဖူးလားဟင် (အရမ်းကြီးများ ခက်လား)

    1. s60 ??? nokia လား.. nokia ကတော့ မလုပ်ဖြစ်သေးပါ..

  6. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အစ်ကို ဟိုတစ်ခါ ပြောတဲ့ handle လား kandle ဆိုလား.. အဲ့ဒါက ဘာကြီးလဲ.. ဘယ်လို ပြင်နိုင်လဲ အသေးစိတ်ရှင်းပြထားတာမျိုးရှိလား (အစ်ကိုရော ဖြစ်နိုင်ရင် ရှင်းပြပေးပါလား)

    1. need to do many thing…. ေ ၊ ာ ၊ း အဲဒီ ၃ခု ပြဿနာပဲ လက်ရှိရှိတယ်။ အဲဒါလေးကို ပြန်ဆွဲညှိဖို့လိုတယ်။ နည်းနည်း trick လုပ်ကြည့်ရမှာပေါ့။ အခုတော့ မအားသေးလို့ မလုပ်ဖြစ်သေးဘူး။

  7. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    ဟုတ်တယ်ဗျ.. အဲ့ဒါတင်တော့မကဘူး..တစ်ခါတလေကျတော့
    -ိ, -ီ, -ွ
    အဲ့ဒါတွေလဲ ကွိုင်တတ်တယ် (တခါတခါကျတော့လဲ အဆင်ပြေတယ်) ဘာသဘောမှန်းကိုမသိတော့ဘူး,

    1. -ိ , -ီ , -ွ က ဖြေရှင်းပြီးပြီ။ ပြဿနာ ၃ခု ရှင်းပြီးရင် ပြီးပါပြီ။

  8. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    s40 (6300,5300,5310) တွေကျတော့လဲ အစ်ကိုပြောတဲ့ ေ ၊ ာ ၊ း အဲ့ဒါတွေ အဆင်ပြေတယ်ဗျာ. အဲ့ဒီ အပေါ်တင်၊ အောက်ချတာတွေပဲ ကွိုင်တာ

  9. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အဲ့ဒီ ဖြေရှင်းပီးပီဆိုတဲ့ဟာကို အဆင်ပြေရင် ပို့ပေးကြည့်ပါလား (လေ့လာကြည့်ချင်လို့)

  10. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အစ်ကိုရေ.. အိမ်ပြန်နောက်ကျတော့မှာမို့လို့.. ဖြစ်နိုင်ရင် reply မြန်မြန်လုပ်စေချင်ပါတယ်ခင်မျာ.. (ဟီးဟီ)
    စကားမဆက်၊ http://myanmarmp3album.com မှာ ကိုဖြိုးဆိုတဲ့ သူငယ်ချင်း သီချင်းကို နားထောင်ကြည့်ပါလား၊ တော်တော်လေး နားထောင်ကောင်းတယ်..

  11. ဘယ်ကမ္ဘာကျော်မှ သူတို့ဘယ် အဆင့်ရောက်နေပြီ ဘာညာ စိတ်ဝင်စားတာမဟုတ်ဘူး၊ ယုံကြည်ရာကို အစွမ်းကုန်ကြိုးစားနေရင် အောင်မြင်တယ်ဆိုတာဖြစ်လာတာ။ tennis သမားတွေ ကစားသလိုပေါ ပြိုင်ပွဲနိုင်ဖို့ သူအာရုံစိုက်ရမှကြ ဘောလုံးဘဲ ဘယ်လိုလာတယ် ဘယ်လိုရိုက်မယ်ဘဲ scroll board ကို ဘဲကြည့်နေရင် စိတ်ရောက်နေရင် လက်ရှိကစားတဲ့ပွဲ ဘဲရှံးမယ်။ သူစိတ်ဝင်စားရမှကြ board မဟုတ်ဘူး ပြိုင်ဘက်နဲ့ လက်ရှိ အခြေအနေ။

  12. Very Nice post and good comment from ko ye..

  13. :D good idea …
    ဖတ်လို့ကောင်းမှကောင်း အားတက်သွားသလိုခံစားရတယ်။

  14. ငါ စွဲအတ္တဆန်တယ် ကဗျာက
    ကျွန်တော်အတိုင်းပဲ :P

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading