Google ကနေ ရှာမယ်တဲ့လား

ဒီ post ဟာ negative scene အနေနဲ့ရေးထားခြင်းဖြစ်သည်။ စကားလုံးများသည် ခပ်ရင့်ရင့်ဖြစ်နေမည်။ ထို့ကြောင့် ကိုယ့်အား ဆဲနေသည်ဟု ထင်မှတ်ပါက ဆက်မဖတ်ပါနှင့်။
တစ်ခုခုလိုနေပြီဆိုရင် google ကနေပဲ ရှာနေတာလား။ အရာရာအားလုံး google မှာ ရှိတယ်လို့ ထင်နေတာလား။ ဒါဆိုရင် ခင်ဗျား အင်တာနက် သုံးတာ မကြာသေးလို့ ဖြစ်မယ်။ အဲလိုထင်နေရင်တော့ ဒီ post ကို ဆက်ဖတ်မနေနဲ့တော့ဗျာ။ အရာရာအားလုံး google ကနေ ရှာလို့ရတယ်ထင်ရင်တော့ ရှင်းရှင်းပြောမယ်။ လဲသေလိုက်တော့။ ခင်ဗျား အဖြစ်က အရမ်းသနား စရာကောင်းလို့ဗျာ။ ခင်ဗျားက developer လား။ code တစ်ခု စရေးဖို့ အရေး google ကနေ code ရှာနေတာလား။ တော်တော်အသုံးမကျတာပဲဗျာ။ google က ခင်ဗျားရဲ့ကိုယ်ပိုင် စွမ်းအားတွေကို ဖျက်စီးနေတာ။ ခင်ဗျား အရည်အချင်းတွေကို မထွက်လာအောင် လုပ်ပလိုက်တာ။ ဘာလို့ ခေါင်းမသုံးတာလဲ။ ကိုယ့်ဘာသာကိုယ်တောင် စမရေးကြည့်သေးပဲ google ပေါ်မှာ ရှာဖို့ပဲ စဉ်းစားနေတယ်။ ကိုယ့်အရည်အချင်းတွေ ကိုယ့်ဘာသာကိုယ် မေ့နေပြီ။ ခင်ဗျား အရည်အချင်းတွေ ဒီအတိုင်းဆို တစ်သက်လုံး ထွက်လာမှာမဟုတ်တော့ဘူး။ အားအားရှိ Google ပဲအားကိုးနေလို့။ ဒီအတိုင်းဆို Google တောင် မရှိရင် ခင်ဗျား အလုပ်တောင် ပြုတ်သွားမလားမသိဘူး။ ကိုယ်လည်း တကယ်တတ်တာပဲဗျာ။ ဘာလို့ ခေါင်းလေးနဲ့ အရင် မစဉ်းစားတာလဲ။ နောက်ပြီးတော့ google မှာကော လိုတာ အကုန်ရှိမယ်ထင်နေလား။ ဒါဆို Software company တွေ ဘယ်သူ့ကိုမှ ဌားပြီး ခိုင်းမနေတော့ဘူး။ ဘယ်သူ့ ဦးဏှောက်မှ ဖောက်စားမနေတော့ဘူး။ အရာရာ Google မှာ ရှာလို့ရတယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးခေါ်ကို ထုတ်ပလိုက်စမ်းပါဗျာ။ ခင်ဗျားဟာ ဘယ်သူပဲ ဖြစ်ဖြစ် ဘာအလုပ်ပဲ လုပ်နေလုပ်နေ တစ်ခုခု လိုတိုင်း Google မှာ ရှာနေတယ်ဆိုကတည်းက ခင်ဗျားဟာ ကိုယ့်အားကိုယ်ကိုး စိတ်ပျောက်နေပြီ။ ကိုယ့်အားကိုယ်ကိုး စိတ်ပျောက်နေပြီဆိုမှတော့ လူဘယ်ပီသတော့မလဲ။

ပြဿနာအားလုံး google က မဖြေရှင်းနိုင်ဘူးဆိုတာ သိထားစမ်းပါ။ ဟောဒီ ခင်ဗျား ခေါင်းကြီးက ပြဿနာ တက်ရင် ရှင်းနိုင်တာ။ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါ အစုံထွက်နေတဲ့ ခေါင်းကြီးကို ချောင်ထဲထိုးထားရတယ်လို့ဗျာ။ ခင်ဗျား ခေါင်းက အခုဆို ဒုတိယ ဘဝရောက်နေပြီ။ ပထမ Google ဖြစ်နေပြီ။ ခင်ဗျားက Designer ဆိုရင် Google သုံးပြီး Design တွေ ကြည့်တယ်ဆိုရင် သေချာတယ် ခင်ဗျား သူများ design တွေ ခိုးချဖို့ စဉ်းစားနေပြီ။ ကိုယ့်ဘာသာကိုယ် idea ထုတ်မယ်လို့ မစဉ်းစားပဲ အလွယ်လမ်းလိုက်ဖို့ စဉ်းစားနေပြီ။ ဒါဆို ခင်ဗျား Design ဘယ်ဟုတ်တော့မလဲ။ ခင်ဗျားဟာ သူခိုး အသေးစားဖြစ်သွားပြီ။ လူမသိ သူမသိ သူခိုး အသေးစားဖို့။ သူများ idea ကို ရှာကူးပြင် လုပ်နေတော့ ခင်ဗျားကို ကူညီတဲ့ Google က လည်း လူမိုက်အားပေးလုပ်နေတာပဲ။ ခင်ဗျား ဘဝ ခင်ဗျား အရည်အချင်းတွေကို Google က ဖျက်စီးဖို့ ကြိုးစားနေပြီဆိုတာ သတိထားအုံးဗျ။

UML design တွေ ဘယ်လို မှ Google မှာ ရှာလို့မရဘူးဆိုတာ သိထားစမ်းပါ။ System Flow တွေက ဟောဒီက ခေါင်းထဲကနေ စဉ်းစားပြီးထွက်လာတယ်။ ဒေါက်ဒေါက်ဒေါက်.. ရိုက်ပြီး Google မှာ ရှာလို့ ထွက်လာတာမဟုတ်ဘူး။ scratch ကနေ စဆွဲဖို့ ဟောဒီ ခေါင်းကြီးကနေပဲ စဉ်းစားတာပဲ။ ငါ ဒါလိုချင်တယ်။ ဒီအတိုင်းလုပ်ချင်တယ်လို့ google မှာ ရှာလိုက်လို့ တွေ့ရင်လည်း ခင်ဗျား ဘယ်တော့မှ scratch ကနေ စဆွဲတတ်တော့မှ မဟုတ်ဘူး။ အရေးကြုံရင် ခင်ဗျား ဘဝ သွားပြီပဲ။ သွားမှာပေါ့ အားအားရှိ Google ကို အားကိုးနေတာကို။

ခင်ဗျား thesis လုပ်နေတဲ့သူ ကျောင်းတက်နေတဲ့သူဆို၇င် ခင်ဗျားသိမှာပါ။ ခင်ဗျားလိုချင်တာတွေ google မှာ ရှာမတွေ့ဘူးဆိုတာ။ မငြင်းပါနဲ့ဗျာ။ ဘယ်လိုမှ google မှာ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ရှာတွေ့ခဲ့ရင်လည်း ခင်ဗျား Thesis က ခင်ဗျားဟာမှ မဟုတ်တာ။ သူများလုပ်ထားတာ ကူးချထားတာကြီးပဲ။ ခင်ဗျားဘာသာ ခင်ဗျား ရှက်မိလိမ့်မယ်။ ကိုယ့်လိပ်ပြာမလုံတဲ့ အလုပ်ဘာလို့ လုပ်ချင်တာလဲဗျာ။ တစ်သက်လုံး သူများမပြောရင်တောင် ကိုယ့်ကို သူများက ပြောနေမှာပေါ့။

ကျွန်တော် အများကြီး မပြောချင်ဘူးဗျာ။ ဘာလည်း ခင်ဗျားတို့က ကျွန်တော့်ကို ပြန်ပြီး ပြောအုံးမှာ။ ကိုယ့်ဘဝကို ကိုယ်ဆက်ပြီး ဖျက်စီးနေကြအုံးမှာပဲဗျာ။ ခင်ဗျားတို့ အဖြစ်က ဘာနဲ့တူလဲသိလား။ မိန်းမလိုချင်လို့ အောင်သွယ်အားကိုးနေတဲ့ဘဝ။ ကိုယ့်အားကိုယ်တောင် မကိုးပဲ အောင်သွယ်အားကိုးပြီး အောင်သွယ်နဲ့ပဲ ရတော့မယ် ဘဝ ဖြစ်နေပြီဆိုတာ သတိထားအုံး။ ကိုယ့်အရည်အချင်းတွေ စုန်းစုန်းမြုပ်နေပြီ။ ခင်ဗျားမှာ ယုံကြည်ချက်တွေ ပျောက်နေပြီ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် Google ကနေ ရှာဖို့ စဉ်းစားနေပြီ။ ဟောဒီက ဒီလောက်ကောင်းတဲ့ ခေါင်းကြီးကို ခင်ဗျားမေ့ထားနေပြီ။ ဒါဆိုရင် လဲသေလိုက်တော့ဗျာ။ ခင်ဗျားလောက် အသုံးမကျတဲ့လူမရှိတော့ဘူး။ သဘာဝက ပေးထားတဲ့ ဟောဒီက ခေါင်းကြီးကိုမှ အသုံးမချတတ်ရင် လဲသေလိုက်ပေတော့။

(ပေါက်ကရရေးထားခြင်းဖြစ်သည်။ တချက်ရယ်လျှင် တစ်ရက် အသက်ပိုရှည်သည်။ သည်းခံဖတ်သည့်အတွက် ကျေးဇူးတင်ပါသည်။ စိတ်ထဲမထားပါနှင့်။ ပေါက်ကရ ရယ်ရအောင်သာ ရေးထားခြင်းဖြစ်သည်။ )

19 responses to “Google ကနေ ရှာမယ်တဲ့လား”

  1. အမောင်စေတန် တောင် အဲလို တွေးတောနေမှတော့
    ကျွန်တော် တို့ beginer တွေဆို ……. ? ? ?

    ကျေးဇူးတင်တယ်ဗျာ.. ဖတ်ပြီးတော့ ခေါင်းထဲမှာ တစ်ခုခုရှင်းသွားသလိုဘဲ..

    (မိမိကိုယ်သာ ကိုးကွယ်ရာ၏) တဲ့..အဲတာလေး ကြားယောင်မိတယ်..

  2. အဲလိုတွေးတာမဟုတ်ပါဘူး။ ပေါက်ကရရေးထားတာပါ။

  3. သားတို့ကတော့ဦးနှောက်ပဲသုံးတယ်…. (ဒါလဲပေါက်ကရရေးထားတာပဲ)

  4. ဒါဆို ကိုကိုစေတန်က Google ကနေ ဘာမှ မရှာဘူးပေါ့နော်..ကိုယ့်အားကိုယ်ကိုးပေါ့.. ဟုတ်လား…ဟင်….။ ကိုကိုစေတန်ပဲ အစောပိုင်းက မသိတာရှိရင် Googling လုပ်ဖို့ တိုက်တွန်းပြီး ခုတော့ တမျိုးဖြစ်ရပြန်ပြီ…။

    ကိုကိုစေတန် Blog Design ကတော့ ဘယ်လိုရထားတာလဲဟင်…။ ဘာလို့ ကိုကိုစေတန်ဦးနှောက်ကို သုံးပြီးမဆွဲဘဲ မဖန်တီးဘဲ သူများဟာကြီး ယူသုံးနေရတာလဲဟင်..။

    ဒီစာတွေဖတ်ပြီး… ကိုကိုစေတန်စကားတွေ ပြန်နားယောင်ပြီး… တို့ဖြင့် နားကိုမလည်နိုင်ပေါင်…။

    (ဒါလည်း ပေါက်တတ်ကရရေးထားတာပါပဲ… သည်းခံပြီး ဖတ်ပေးဖို့ တင်ပေးပါဥိးနော်..။)

    1. Who told ? I don’t search in google ? I don’t told about I never search in google. Please read detail. I just write for funny and negative point of view. By the way, I am not web designer :P

  5. ကိုစေတန်ရေးထားတာ ရယ်စရာလို့ မမြင်မိပါ … အမှန်တွေသာ ဖြစ်တယ်လို့ ထင်ပါတယ် … ဟုတ်ပါတယ် … အမှန်တွေချည်းပဲ …

  6. တို့က ပေါက်တတ်ကရရေးထားပါတယ်ဆို ဘာလို့ ပြန်မေးနေရတာလဲ…။

    1. haha… You are waiting my reply :P

  7. ရီစရာလို့ တွေးတော့လည်း ရီရတာပေါ့
    မရီရဘူး တွေးတော့လည်း လူကိုထိတယ်ပေါ့
    အမျိုးမျိုးပါပဲ…။
    ဒီ့ထက် ရီစရာကောင်းတာက ရန်ကုန်မှာနေတုန်းကဆိုရင်
    အဲဒီ google ကို ဘယ်လိုသုံးဖို့တောင် သိခဲ့ကြတာမှမဟုတ်တာ။
    စု တု ပြု လို့ပဲ တွေးမိပါတယ်။ လက်ရှိတော့ အပိုင်းတော်တော်များများမှာ
    ကျနော်တို့တွေက တု တဲ့အထိပဲ ရှိသေးတယ် ပြောလို့ရမယ် ထင်ရဲ့။

  8. သိင်္ဂါရ Avatar
    သိင်္ဂါရ

    တစ်ခြားဟာတော့ မသိဘူး.. သီချင်းတွေ .. ဖတ်ချင်တဲ့စာတွေ .. သိချင်တဲ့ အကြောင်းအရာတွေ… လိုချင်တဲ့ ပုံတွေ google ကနေရှာရင်တော့ လွယ်လွယ်ကူကူ တွေ့တာပဲလေ.. ဒါကို ငြင်းချင်တဲ့သူများ ရှိမလာ..

    (ဒါလည်း ပေါက်ကရပါပဲ..)

  9. ဟီးဟီး….
    တစ်ခုခုတော့ လွဲကုန်ကြပြီ။ ဖတ်ကြည့်ပြီး စဉ်းစားကြည့်ရင်တော့ ရိုးရိုးလေးပါ။ မောင်ဆေးတန်ကြီးကလည်း ဂိုဂယ်ကို မသုံးရဘူး ပြောထားတာ မဟုတ်ဘူးလေ။ နောက်ပြီး သူရေးတာက beginner တွေ အတွက် မဟုတ်ဘူးလေ။ IT ထဲမှာ အသက်မွေးမဲ့ အသစ်အသစ်တွေ တီထွင်ချင်တဲ့ လူတွေအတွက် ရေးတာလေ။ ဒီအတွက်တော့ ကို့အားကိုယ်ကိုးဖို့ ပြောတာ။ ကျွန်တော်တို့လို သာမန်ယူဇာတွေ အတွက်က ဂိုဂယ်သုံးပေါ့။ ဆိုလိုတာက အဲဒါလေးးးး
    ကျွန်တော် ပြောတော့ ရှင်းသွားကြလား သိဘူး။ မရှင်းရင်လည်း ထက်ရှင်းတတ်တော့ဘူး။ ခုမှ နေကောင်းခါစ… :(

  10. thank.. yeman… :) ရှင်းနေရင် ရှုပ်ကုန်မှာဆိုးလို့ မရှင်းတော့ဘူး.. :P

  11. အားလုံး ပြောသွားကျတာ က.. google က ရှာတော့ရှာ..တရားလွန် မရှာကျနဲ့

    ကိုယ်ရည်သွေး ကျတတ် တယ်လို့ပြောသွားတာလေ..

    ဟုတ်တယ် ဟုတ်.. ;D

  12. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    ထောက်ခံတယ်.. အားလုံးကိုထောက်ခံပါတယ်..
    ကိုစေတန်ကိုလဲ ထောက်ခံတယ်..
    မောင်ဧည့်သည် ကိုလဲ ထောက်ခံတယ်..
    ဏီ(န်)ကင်း ကိုလဲ ထောက်ခံတယ်..
    Mg Mg May ကိုလဲ ထောက်ခံတယ်..
    Phyo Maw ကိုလဲ ထောက်ခံတယ်..
    ညတစ္ဆေ ကိုလဲ ထောက်ခံတယ်..
    သိင်္ဂါရ ကိုလဲ ထောက်ခံတယ်..
    ရဲမှန် လား ရီမှန်း လားမသိတဲ့ “yeman” ကိုလဲ ထောက်ခံတယ်..
    အားလုံးကို ထောက်ခံတယ်…..

    ဟူး…. ထောက်ခံရတာ မောလိုက်တာဗျာ.. ဘာမှန်းတော့ မသိဘူး
    ကျတော် စိတ်အချဉ်ဖောက်နေတယ်..
    ကျတော် ပေါက်တတ်ကရရေးနေတယ်.. ပီးတော့….
    ကျတော် အီးပုံ ကိုသတိရနေပါတယ်.. ဟူးးးးးး

  13. This is a really nice idea and post.
    Yes. That’s the point.
    Not only google, Internet is also for only references and information sharing. Not information COPYING.
    If you want to learn new thing, go learn on Net.
    If you want to know something, go read on Net.

    But!! yes I mean BUT..if you HAVE TO do something, do it yourself.
    Try first. Don’t be afraid to make mistake.
    If you think it will need more time if done by yourself, take more time than others then.
    Don’t sit at there and say “I can’t do it. I must have a sample!!”
    If you said like this “Go jump into the river or stand in the middle of High-way road nearby.”

    When you start doing something, you may face problems and issues. That’s the things which make us more stronger and more powerful in our fields.
    Don’t waste your time on Net and finding other people’ Ready Made.
    If you still can’t solve it at last then it’s time time for you to go on Net and find the solution, ask other how they solve it and what is their theory.

    I just want to say “Be yourself. Use your knowledge that you’ve invested your precious time and money on before and finally use your brain!!”

  14. ထောက်ခံပါတယ်.. အားလုံးကို ထောက်ခံပါတယ် … အမှန်တွေချည်းပါပဲ.. ဘာပဲပြောပြော အတွေးတစ်ခု ရလိုက်တဲ့အတွက် SaturnGod ကို ကျေးဇူးတင်ပါတယ်.. အောင်မြင်ပါစေ. …

  15. ကိုစေတန်ရေ အကိုရေးထားတာ မှန်လိုက်တာဗျာ
    ကျေးဇူးတင်ပါတယ် အောင်မြင်ပါစေဗျာ

  16. i like this post a lot . :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.