hosting
-
Web Hosting လို့ဆိုရင် – Share Hosting – VPS – Dedicated Server – Cloud Server – Grid Server ဆိုပြီး ရှိပါတယ်။ ကျွန်တော် ပထမဆုံး အသုံးပြုခဲ့တာကတော့ Share Hosting ပါ။ Share Hosting က အခြား hosting တွေထက် ဈေးပိုသက်သာပါတယ်။ ကြော်ငြာတွေကို ကြည့်လိုက်ရင်လည်း Ulimited Space , Ulimited Bandwidth စတာတွေကို တွေ့နိုင်ပါတယ်။ တကယ်တန်းတော့ Ulimited Space , Ulimited Bandwidth လို့ ရေးထားပေမယ့် ကိုယ့် လုပ်ပိုင်ခွင့်က အကန့်အသတ်နဲ့ပါ။ ပုံမှန် php ,…
-
သောကြာနေ့ည က server စပြောင်းပါတယ်။ MZ ကို file တွေကြီးပဲ backup လုပ်လိုက်တာ 1GB ဖြစ်နေလို့ data တွေကို ပြန်စစ်ပြီး duplicate folder တွေကို ဖျက် မလိုအပ်တာတွေကို ဖျက်နေတာနဲ့ တော်တော်အချိန်ကြာသွားတယ်။ အခုထပ်ပြီး zip ပြန်လုပ်လိုက်တာ 510 MB ဖြစ်သွားတယ်။ အခုတော့ download ချဆဲ။ပြီးရင် upload တင်ရအုံးမယ်။ မနက်ဖြန်မှာ ပြီးအောင်တော့ ကြိုးစားဆဲပါ။ Dreamhost ကိုပဲပြောင်းဖြစ်သွားတယ်။ VE ထက်စာရင် dreamhost က ပိုကောင်းမယ်ထင်တာကြောင့်လည်း ပါတယ်။ လိုအပ်ရင် memory ထပ်တိုးလိုက်ရုံပဲလေ။ သိပ်လည်း များများစားစားမကုန်တော့ဘူးပေါ့။
-
MZ server 18 ရက်နေ့ဆိုရင် expire ဖြစ်ပါပြီ။ Grid Server ($20/month) ကနေ VE server ($30/month) ကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် file တွေ backup လုပ်ရမှာရယ် နောက်ပြီး upload ပြန်တင်ရမှာတွေကြောင့် ၁ ရက် ၂ ရက်လောက်တော့ Ornagai , MZ စတာတွေ သုံးလို့ရမှာမဟုတ်ပါဘူး။ လက်ရှိ MZ server ပေါ်မှာ ရှိနေတဲ့ site တွေကတော့ http://blog.ornagai.com http://code.mysteryzillion.org http://edu.mysteryzillion.org http://mysteryzillion.org http://ornagai.com http://wiki.mysteryzillion.org အဲဒီ site တွေ ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းမယ့် နေ့ရောက်ရင် ထပ်ကြေငြာပါ့မယ်။ သောကြာနေ့ ညလောက် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ hosting အသစ်နဲ့ အတူ MZ 2.0 အတွက် ရေးထားတဲ့ user.mysteryzillion.org ပါလာမှာပါ။…
-
ကျွန်တော်တို့ MZ ရတော့မယ်ဆိုပြီး ညက ပြန်လုပ်ကြပါတယ်။ file တွေပြန်တင်ကြတယ်။ ကိုမင်းကျော် တင်ပေးတာ ၂ ရက်လောက်ကြာတယ်ဗျ။ အဲလောက်စောင့်ရတာ။ database ပြန်တင်မယ်ဆိုကော webhostingpad ရဲ့ backup ထဲမှာ ပါမလာပါဘူးဗျာ။ တော်တော်တော့ တင်းသွားတာ။ ဒါနဲ့ edu ရအောင်လုပ်မယ်ဆိုပြီး ပြန်လုပ်တယ်။ အဲမှာကျတော့ database ပဲပါလာတယ်။ file ပါလာဘူး။ ဘာပြောလို့ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ။ တော်တော်ညံတဲ့ webhostingpad ဗျာ။
-
အခုတလော hostmonster သုံးရတာ တော်တော်စိတ်ပျက်တယ်.. ကျွန်တော်ကတော့ hostmonster မှာ မဝယ်စေချင်ဘူး.. အခုတင်ထားတဲ့ ကြော်ငြာလည်း ဒီ post ပြီးရင် ဖြုတ်တော့မယ်.. တော်တော်လေးကို မကောင်းတာပါ… အဓိကတော့ copyright တွေအရမ်းလိုက်တယ်… နောက်ပြီး customer care အဲလောက်မကောင်းတဲ့ အပြင် server က တခါတလေ CPU က limit execess ဆိုပြီး ဖြစ်ဖြစ်သွားတတ်တယ်… အထူးသဖြင့် copyright ညှိတဲ့ post တွေ မိသွားခဲ့ရင် ပြဿနာရှာတတ်ပါတယ်… သူက နာမည်ကြီးဆိုတော့ copyright ထိန်းသိမ်းလို့နဲ့ တူပါတယ်.. ML ကတော့ Hostmonster ပြဿနာလုပ်တာနဲ့ ၂ ခါရှိပြီ.. စာအုပ်တွေ ဖျက်ချခံထိတာ… စိတ်တောင် ကုန်သွားပြီ..…