Oop! Google Doc

အကုန်လုံးက cloud လို့ အော်နေကျတာရယ် ကိုယ်ကလည်း cloud ထဲရောက်မှန်းမသိ ရောက်နေတာရယ်။ နောက်ပြီး ရုံးက google doc ကိုပြောင်းဖို့တွန်းအားပေးတာကြောင့် pages နဲ့ ရေးထားတဲ့ စာတွေကို ပြောင်းမယ်လို့ ပြင်လိုက်တယ်။ အရင်ဆုံး အကုန်လုံးကို copy ကူး ပြီးတော့ google doc ပေါ်မှာ တင်ပေါ့။ အကုန်လုံးတော့ တက်သွားပါရဲ့ ပုံတွေပါမလာဘူး။ web 2.0 ရောက်နေပေမယ့် ကိုယ့်စက် clipboard ထဲမှာရှိတဲ့ picture ကိုတော့ အလိုလို upload တင်ပေးတာကတော့ မရသေးဘူးဗျ။ ဘယ်တော့ဆိုရင်တော့ clipboard ထဲက data ကို ဖတ်ပြီး picture upload တင်လို့ရမလဲမသိဘူး။ ဒါနဲ့ pages file ကို upload တင်ပလိုက်ကော။ သူကလည်း .pages extension မရဘူးလို့ message ကလည်း မပြတော့ ပြီးပြီပေါ့။ ဖွင့်လည်းဖွင့်ရော ဘာမှ မပေါ်။ file download ချဖို့ပဲပါတယ်။ ဒါနဲ့ pages ကနေ doc ကို export လုပ်။ ပြီးတော့ upload တင်။ ရပါပြီဗျာ။ တက်လာပါပြီ။ ဟင် ! alignment တွေလည်းလွှဲ font တွေကလည်း မတူ။ Google Doc မှာက ကိုယ့်စက်ထဲက font ကို မပေါ်ပြပေးနိုင်ဘူးလေ။ ခက်ပါ့။ pdf ထုတ်ရင် header က ဘယ်လှတော့မလဲ။ သူ့မှာကလည်း ကျွန်တော်အမြဲသုံးတဲ့ Helvetica မပါ။ တော်ပါပြီဗျာ။ ကိုယ့်ဘာသာကိုယ် pages လေးမှာပဲ ရေးတော့မယ်။ ပြီးရင် drop box ထဲထည့်ထား။ အဲဒါက ပိုတောင် ကောင်းသေးတယ်။ doc က အခုအခြေအနေမှာတော့ ကျွန်တော့် ပြောင်းဖို့ အတွက်အဆင်မပြေသေးပါ။ PDF လုပ်ပြီး scribd မှာတင်တာကလည်း ပြန်ပြင်မရ။ အကောင်းဆုံးကတော့ အခုအချိန်မှာ evernote နဲ့ drop box ပဲ။ အဲဒီ နှစ်ခုက တော်တော်ကောင်းတယ်။ Google Doc ထက် Evernote ကို ပိုသဘောကျတယ်။ copy paste လည်းလုပ်လို့ရတယ်။ client app လည်းရှိတယ်။ client app ရှိမှပဲ image တွေကို copy paste လုပ်လို့ရမှာပေါ့။ Chrome OS ကလည်း ဒီပုံအတိုင်းဆိုရင်တော့ အောင်မြင်ဖို့တော့ မလွယ်သေးဘူးလို့ထင်တာပဲ။ Web Base OS မရှိတာထက်စာရင် ရှိတာလေးက ပိုကောင်းမလားလို့ ဆိုရမလားပဲပေါ့။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.