saturngod

  • ဒီနေ့ တစ်နေကုန် google မှာ word အတွက် syntax higlight လုပ်ဖို့ ရှာတာ။ add-in တွေကလည်း အသုံးမဝင်ဘူး။ google ကနေ ရှာတာ တော်တော်ကြာသွားတယ်။ ရတဲ့ result က တနေကုန်သွားတယ်။ စိတ်ကြိုက်မတွေ့ဘူး။ ဒါနဲ့ ညဘက် ရောက်တော့ bing နဲ့ ရှာတော့ နာရီ ဝက်လောက်နေတော့ တွေ့ရောပဲ။ keyword ကြောင့်ပဲလားမသိဘူး။ တော်တော်လေး ရှာယူရတယ်။ keyboard သိသွားတော့ google မှာ ရှာတော့ တွေ့နေတာပဲ။ syntax highlighting in word လို့ရှာတော့ result က သိပ်မကွာဘူး။ အဓိက search engine တွေက ရှာဖို့ keyword…

  • ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ဆိုတဲ့ အကြောင်းပေါ့။ အထက်တန်းကျာင်းတုန်းကလည်း သင်ခဲ့ရတယ် လေထု ညစ်ညမ်းခြင်း။ ကျွန်တော်တို့ နေ့စဉ် မီးစက်တွေ ဒီလောက်အသုံးပြုနေတာ ရန်ကုန်မြို့ကြီးကော လေထု မညစ်ညမ်းဘူးလား။ အင်တာနက်ဆိုင်တွေ များပြားလာတာနဲ့ အမျှ မီးစက်တွေ များလာတယ်။ တစ်ဆိုင်မှာ လူနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် မီးစက်ဖွင့်ရတာပဲ။ စုစုပေါင်း ဆိုင် ၃ ဆိုင်ဆိုရင် မီးစက် ၃ ခု ပေါ့။ တနည်းပြောရင် လူ ၆ ယောက်အတွက် မီးစက် ၃ လုံးတောင်လေ။ တကယ်တန်းတော့ အလကား ဖြုန်းတီးမှုတွေ ဖြစ်နေသလိုပဲ။ အင်တာနက်ဆိုင်တွေ များလာတာနဲ့အမျှ ငွေတွေ အချိန်တွေ ကုန်ဆုံးရတဲ့ အပြင် သဘာဝ ပတ်ဝန်ကျင်…

  • Windows မှာတုန်းကတော့ ကျွန်တော် program လေးတစ်ခုရေးပေးလိုက်ပါတယ်။ အခု Ubuntu မှာတော့ ဘာ programming မှ မလိုပဲနဲ့ ပိတ်လို့ရပါတယ်။ Terminal မှာ sleep 0; xset dpms force off လို့ရေးပြီး enter ခေါက်လိုက်ရင် ရပါတယ်။ အဲလိုလုပ်ရတာကလည်း battery အစားသက်သာအောင်ပေါ့ဗျာ။

  • အရင်က console version နဲ့ ရေးခဲ့ပါတယ်။ အခု ပိုပြီးရိုးရှင်းလွယ်ကူအောင် GUI version နဲ့ ရေးထားပါတယ်။ System Hidden Folder တွေကို ပြန်ဖော်ပေးပါတယ်။ checkbox ကို check ထားရင် Foldername နာမည်နဲ့တူတဲ့ exe တွေကို ဖျက်ပေးပါတယ်။ .NET Framework 3.5 တော့လိုတယ်။ ထုံးစံအတိုင်း C# နဲ့ပဲရေးထားတာပါ။ antiusbhidden

  • ခင်ဗျားတို့တော့ မသိဘူး… ကျွန်တော်ကတော့ 6 cell Battery လေးဖြစ်တာကြောင့် ၁ နာရီကျော်ကျော်ပဲ ခံတယ်။ တစ်ခါတစ်လေ download ချတဲ့  ဒါအေခါမှာ Laptop Monitor လေးပိတ်ထားလို့ရရင် battery အစားသက်သာသွားမယ်ထင်တယ်ဗျ။ LCD ကလည်း battery သုံးတာကို။ အဲဒါကြောင့် C# နဲ့ program လေးရေးထားတယ်။ goolge ကနေ ရှာပြီး နည်းနည်းပါးပါးပြင်ထားတာပဲပေါ့… Download

  • တစ်ခါတစ်လေ စဉ်းစားမိတယ်… GPL ပေးတိုင်းကောင်းလားဆိုတာကိုပေါ့.. လိုင်စင်တွေအကြောင်း သေသေချာချာ နားမလည်ပေမယ့် GPL ဆိုရင် သူ့ကို သုံးတဲ့ project ကလည်း GPL ဖြစ်ရမှာပဲဆိုတာကိုပေါ့… source code မပေးချင်လည်း ပေးရမှာပဲပေါ့…. တချို့ project တွေမှာ GPL နဲ့ ဟာလေးတွေ ယူသုံးလိုက်ရင် ကောင်းသွားမှာ ရှိပေမယ့် ကိုယ်က source code မချပေးလိုတဲ့အခါမှာ ယူသုံးလို့မရဖြစ်တတ်တယ်။ သူများကို အဲလိုမျိုး ပိုက်ဆံ ပေးပြီးရေးခိုင်းရင် ရတာပဲလို့ ပြောလို့ရပေမယ့် အချိန်လိုသေးတယ်လေ။ ဘယ်လောက်ပဲ မြန်မြန်ရေး ၁ ရက်ကျော်မှာပဲလေ။ opensource ကို နည်းနည်းပြန်ပြင်ပြီး ကိုယ့် project ထဲမှာ ထည့်သုံးနိုင်ရင် အချိန်အရမ်း မြန်သွားမယ်။ ခက်တာက သုံးလို့မရဘူး။ ငွေနဲ့ ဝယ်ချင်တာတောင် ဝယ်လို့မရဘူးဆိုသလိုဖြစ်နေတယ်။ author ရဲ့ စိတ်သဘောထားက ဆိုင်သေးတယ်လေ။ နည်းနည်းပြင်ပြီး…

  • မနေ့ညက တစ်ညလုံး မအိပ်လိုက်ရဘူး။ အဲဒီ wordpress ဒုက္ခပေးနေတာနဲ့ပဲ။ ဘာပြဿနာလည်းဆိုတော့ ခွဲခြားခွဲခြား လုပ်တာပဲ။ admin , editor role ဆိုရင် <pre name=”code” class=”xhtml”> လို့ရေးပြီး publish လုပ်ရင် လက်ခံတယ်။ အဲ.. အခြား role သာဆိုရင်တော့ <pre> လို့ပြောင်းသွားတယ်။ အဲမှာ ပြဿနာစတွေ့တာပဲ။ အစက tinymce editor ပြဿနာထင်ပြီး အချိန်ကုန်ခံပြီး ကလိတယ်။ မရဘူး။ ၁ ရက် ကုန်သွားတယ်။ ၆ ရက်နေ့ဆို site က စတော့မှာ အဲဒီ အချက်မရရင်လည်း site က အဓိပ္ပာယ်မရှိတော့ဘူး ဖြစ်နေတယ်။ အဓိက google syntax highlighter တွေကို…

  • အရင်ဆုံး Ornagai tsv file ကို download ချရပါမယ်။ ဒီကို အရင်သွားပြီး TabData ဆိုတာလေးကို download ချလိုက်ပါ။ ပြီးရင် zip ဖြည်ချလိုက်တဲ့အခါမှာ entab.tsv ဆိုတဲ့ file လေးရပါမယ်။ အဲဒါကို ornagai.txt လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင် wxPydict သွင်းထားတဲ့ လမ်းကြောင်း (C:\Program Files\wxPyDict) ဆီသွားပြီး paste လုပ်လိုက်ပါ။ overwrite လုပ်မလားဆိုရင် လုပ်လိုက်ပါ။ ပြီးရင်တော့ wxPyDict ကို ဖွင့်။ Menu မှာ Update > Rebuild Database ဆိုတာလေးကို နှိပ်လိုက်။ အောက်က status မှာ build လုပ်နေကြောင်း ပြနေပါမယ်။ Done!…