saturngod
-
တကယ်ကို အံဩဖို့ကောင်းလိုက်တဲ့ dictionary ပဲဗျာ… ယုံတောင် မယုံနိုင်ဘူး… ကိုစိုးမင်း ရဲ့ Python dictionary ကတော့ လန်ထွက်နေတာပဲ… ornagai ကိုတောင် ဆက်လုပ်ဖို့တောင် တွန့်သွားလောက်တဲ့ အထိပဲ… ရေလည်ကို ကောင်းလွန်းတယ်ဗျာ.. searching လည်း မြန်တယ်.. result လည်း တိကျတယ်.. မြန်မာလို အတွက် syllable break ကလည်း ရေလည်good တယ်.. ornagai ကိုတောင် ကိုစိုးမင်းလိုမျိုး list box နဲ့ပြပြီး jquery နဲ့ဆိုရင်တော့ ရတယ်ဗျ… page နဲ့ ပြတော့ ဖော်ပြရတဲ့ data က list မစုံဘူးလို ဖြစ်နေတယ်.. :D ornagai ကိုတောင် ပြန်ပြင်ရင်ကောင်းမလား စဉ်းစားနေရပြီ….…
-
ယခု ornagai site မှာ မြန်မာလိုကော english လိုပါ complete list ပေါ်ပါပြီ။ အရင်တုန်းက english လိုပဲ ဖော်ပြပေးရာကနေ အခု မြန်မာလိုပါ complete list ရနေပြီတဲ့အတွက် မြန်မာလို ရှာရာမှာလည်း လွယ်ကူသွားတယ်။ tab format ကို tsv လို့ နာမည်ပြောင်းပေးလိုက်တယ်။ ကိုစိုးမင်းရဲ့ dict နဲ့ တူသွားအောင်ပေါ့။ ကိုစိုးမင်းရဲ့ python dictionary ကလည်း tsv ကို အသုံးပြုထားတဲ့အတွက်ကြောင့် tsv လို့ပဲခေါ်လိုက်တာ။ data သိမ်းပုံက အရင်လိုပဲ tab တွေခြားထားတာပဲ။ ကဲ.. အသေးစိတ်ကို http://www.ornagai.com/site/ မှာဖတ်။ download ကိုတော့ http://www.ornagai.com/site/offline မှာ ချလို့ရပါတယ်။
-
gedit တွင် ပုံမှန်အားဖြင့် notepad++ လို line number များမပါဘူး။ နောက်ပြီးတော့ current line ကိုလည်း highlight မလုပ်ပေးပါဘူး။ နောက်ပြီး ပြဿနာတစ်ခုက coding ရေးတဲ့အခါမှာ notepad++ မှာဆိုရင် { နဲ့ စရင် } ကိုပါ highlight လုပ်ပေးတယ်။ gedit မှာ မရလို့ စိတ်ပျက်နေတာ။ ဒီနေ့ gedit menu က edit > Preferences မှာ View Tab တွင် checkbox အားလုံး check လုပ်လိုက်ပါ။ ဒါပေမယ့် Right Margin က Display right margin ဆိုတဲ့ checkbox…
-
ကျွန်တော်တို့တွေ usb stick ထဲကို virus ဝင်သွားရင် Folder တွေပျောက်ကုန်တယ်။ FolderName.exe တွေ ပေါ်လာတယ်။ Virus သတ်ပြီးတဲ့အခါမှာတော့ FolderName.exe ကို သတ်။ ပြီးရင် attrib -s -h FolderName ဆိုပြီး လုပ်ရတယ်။ Folder တွေအများကြီးဆိုရင် လက်က ညောင်းပြီသာမှတ်ပဲ။ အဲလို ကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော် မနေ့ညက C# နဲ့ program လေး တစ်ခုရေးထားတယ်။ antiusbhidden လို့နာမည်လေးပေးထားပါတယ်။ သုံးပုံသုံးနည်းက cmd ကနေ antiusbhidden.exe ရှိတဲ့နေရာကို သွားပါလိုက်ပါ။ ဥပမာ C: အောက်မှာ antiusbhidden.exe ရှိတယ်ဆိုပါဆို့။ ဒါဆိုရင် Run -> Cmd ကိုသွား…
-
Myanmar Inspiration မှာ ဖြေလို့ရတဲ့ စာမေးပွဲတွေကတော့ 3COM Adobe APC Apple CITRIX CIW CompTIA CWNP DELL FUJITSU HP HITACHI IBM Juniper Linux Professional Institute Microsoft NOKIA Novell Oracle SCP Sun Symantec အသေးစိတ် ဖြေလို့ရတဲ့ စာမေးပွဲ Link ကိုတော့ အောက်က Link မှာ download လိုက်ပါဗျာ။ အခုလို List ပေးတဲ့ Myanamr Inspirations ကို ကျေးဇူးတင်ပါသည်။ Download examlist
-
Programming တစ်ခုကနေ တစ်ခုကို ကူးပြောင်းပြီဆိုရင် ချက်ခြင်းဆိုသလို ကူးပြောင်းရခက်တယ်။ လေ့လာရခက်ခဲတာတွေရှိတယ်။ ဟိုမှာတုန်းက ဒီလို။ ဒီမှာက မရတော့ဘူး။ အဲဒီcode ကို ဟိုမှာရေးလိုက်ရင် ဒီလိုရတယ်။ ဒီမှာတော့ မရဘူး။ ဟိုမှာတုန်းက ရိုးရိုးလေး စဉ်းစားရုံပဲ။ ဒီဟာကတော့ အများကြီး လျှောက်လုပ်နေရတယ်။ စသည်ဖြင့် စိတ်အနှောင့်အယှက်တွေ ရှိစမြဲဗျ။ ကျွန်တော် VB 6 ကနေ VB.NET ပြောင်းတုန်းကလည်း အရမ်းခက်ခက်ခဲခဲကြီး မဟုတ်ပဲ ရွှေ့ပြောင်းနိုင်ပါတယ်။ OOP concept တွေတော့ လိုတာပေါ့။ VB6 နဲ့တင် တစ်နှစ်ကျော်လောက် ရေးဘူးတယ်။ လေ့လာဘူးတယ်။ နောက်တော့ VB.NET 2003 ပြောင်းတယ်။ အဲတုန်း .NET 2003 မှာ ရေးသားရပုံတွေက အသစ်ဖြစ်တာကြောင့် ခက်ခဲဘူးတယ်။…
-
Google ကတော့ Mail ကိုပြန်လည်ပြုပြင်ပြီး Web Communication ကို ပူးပေါင်းဖို့ စတင်ကြိုးစားနေပါပြီ။ google wave ဆိုပြီး စပြီး လုပ်နေပါတယ်။ အခုအချိန်ထိတော့ release မလုပ်သေးပဲ ဒီနှစ်မကုန်ခင် release လုပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဖတ်လိုက်ရတယ်။ google wave ကို wave.google.com မှာ သွားရောက်ဖတ်ရှုနိုင်ပါပြီ။ google wave ဟာ next evolution of email ဖြစ်လာနိုင်ပါတယ်။ google wave ဟာ hybrid of email, web chat, IM, and project management software လို့ ဆိုလို့ရတယ်။ နောက်ပြီး attachment တွေကို ကိုယ့်စက်ထဲကနေ…
-
Ubuntu ပေါ်မှာ zawgyi keyboard သွင်းဖို့အတွက် launchpad ပေါ်မှာ ရယူနိုင်ပါပြီ။ Launchpad ဆိုတာကတော့ Ubuntu အတွက် package တွေ စုစည်းရာလို့ ဆိုလို့ရတယ်။ package bug တွေ တင်ပြလို့ရတယ်။ မသိတာလေးတွေ မေးလို့ရတဲ့ နေရာလေးပေါ့။ https://launchpad.net/zawgyi-kb ကိုbox02 လုပ်ထားပေးတာပါ။ ကျွန်တော်တို့ ပြင်စရာလေးတွေ နည်းနည်းရှိသေးတယ်။ နောက်ပိုင်း အချိန်ရရင် deb package install ပုံစံကို ပြန်ပြင်ရေးမလို့ အစီအစဉ်ရှိပါတယ်။ http://code.google.com/p/zawgyi-keyboard/ မှာတော့ အခြား distro တွေအတွက်ပေါ့။ ကိုbox02 ရေ ကျေးဇူးပါပဲဗျာ…