saturngod
-
Blog Seminer နေ့ကပေါ့…မနက် ၈ နာရီလောက် အိမ်ကနေ ထွက်တယ်..လိုက်မယ့် သူငယ်ချင်းကိုသွားခေါ်တယ်..ဟိုရောက်တော့ ၉ နာရီကျော်နေပြီ…ညကလည်း ၂ နာရီမှ အိပ်ထားတာ..Presentation တွေ ပြီးအောင်လုပ်ထားရတယ်..အိပ်ရေးကလည်း မဝ..Why Do We Blog ကနေ…Why Do We Sleep ဖြစ်တော့မှာပဲလို့..ကိုယ့်ဘာသာကိုယ် တွေးနေမိတယ်..ဟိုရောက်တော့ ကိုနေဘုန်းလတ်ရဲ့ Laptop နဲ့Presentation တွေပြန်စစ်…ပြီးအောင် အဆုံးသတ်…လူတွေကလည်း အစောကြီးရောက်နေတယ်..၁၁ နာရီမှ စမှာ…၁၀ နာရီထဲက လူတွေ ရောက်နေကြပြီ… ကိုစစ်…ကိုစစ်မရောက်သေးဘူးလား..လှမ်းမေးလိုက်တော့..မရောက်သေးဘူးတဲ့…ဖုန်းလည်း ဆက်ထားတယ်… လာနေပြီ..ကိုစစ် Laptop နဲ့ Presentation ပြရမယ်..ညကတော့ ကိုစစ် Laptop စမ်းထားတာ OK တယ်..ပွဲက စခါနီးပြီး..ကိုစစ်ရောက်လာပါပြီ…ကိုစစ် Laptop က စုံနေတာပဲ..Desktop မှာ.. ဒါနဲ့ ကိုနေဘုန်းလတ်ရဲ့…
-
ကိုယ့် Blog ကို ဘယ်သူတွေ ဘာ comment ပေးထားလဲဆိုတာကို ကြည့်ဖို့…ကိုယ့် site ထဲဝင်ပြီးကြည့် ကြည့်နေရတယ်….Comment ပေးထားလားမပေးထားလားဆိုတာကို RSS နဲ့ဖမ်းလို့ရပါတယ်.. http://your_site_name.blogspot.com/feeds/comments/default your_site_name ဆိုတာက ကိုယ့်ရဲ့ site ပေါ့…ကျွန်တော်ဆိုရင်တော့…http://saturngod.blogspot.com/feeds/comments/defaultပေါ့…ဒါဆို ကိုယ့် blog ထဲဝင်ဝင်ပြီး check စရာမလိုတော့ဘူး..RSS လေးနဲ့စောင့်နေရုံပဲ…
-
ဒါဆိုရင် ဇော်ဂျီက ဘာအတွက် ရည်ရွယ်တာလဲ ။ ဇော်ဂျီ font က မြန်မာစာ unicode အတွက် standard မဖြစ်ခင်မှာ မြန်မာစာအသုံးပြုချင်တဲ့ လူတွေ အဆင်ပြေအောင် free ပေးတဲ့ font လို့ဆိုလို့ရပါတယ်။ Myanmar NLP တို့ MyMyanmar တို့နဲ့ ပြိုင်တာမဟုတ်ပါဘူး။ www.zawgyi.net မှာ ဒီလိုရေးထားပါတယ်…” ဇော်ဂျီအဖွဲ့၏ ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ “ ဇော်ဂျီကို တခြား OS တွေမှာကောရလား ။ ရပါတယ်။ Mac အတွက် keyboard ရှိသလို Linux အတွက်လည်း မကြာခင်လာမှာပါ။ Mac အတွက်တော့ ကိုဝေဖြိုးဆီမှာ တောင်းပြီး ပြန်ဖြန့်ဝေပေးပါ့မယ်။…
-
ကျွန်တော့် Template လှတယ်မဟုတ်လား…လှမှာပေါ့ဗျ…saturngod ပဲလေ…ကောင်းကောင်းလေးနဲ့ အလကားရအောင်…အမြဲရှာနေတာ…Blog Template လှလှလေးတွေ လိုချင်တဲ့သူတွေကို…site ၂ ခု recommend လုပ်ပါရစေ..Free Skins ကျွန်တော် ယူထားတဲ့ template က အလှဆုံးပဲ… Free Blogger Template တကယ်လန်းတဲ့ Template တွေရှိတယ်.. အခုနောက်ပိုင်း မြန်မာ Blogger တွေက အဲဒီက Simple (new) ကိုသုံးနေကြတယ်…
-
ကျောင်း canteen တွေမပိတ်ပါဘူး..ဖျက်ပြီး အသစ်ပြန်ဆောက်မှာပါ…၁ ဆိုင်ကို ၂ ဆိုင်စာ ဖြစ်အောင်ပြောင်းမှာပါ…ကျောင်းက ဆိုင်တွေ ကျဉ်းကုန်ပါတော့မယ်…အခုလက်ရှိဆိုင်တွေက ၂ ဆိုင်ဖြစ်တော့မယ်ထင်တယ်..အောင် ကတော့ နောက်နှစ်ဆို ၂ ဆိုင်ဖြစ်ပြီတော့..အကျယ်ကတော့ ဒီလောက်ပဲ…ဒါပေမယ့် ၂ နှစ်ဆိုင်…ဘာဖြစ်လို့လည်းဆိုရင် ၁ နှစ်ဆိုင်ကို ၂ နှစ်ဆိုင်ဖြစ်အောင် ခွဲဆောက်လိုက်မှာမို့ပါ…
-
ကျွန်တော် ဒီနေ့ ဦးရဲမြတ်သူပို့လိုက်တဲ့ email ထဲမှာ…http://www.elance.com/ အဲဒီ site လေးကို ညွှန်ထားတာတွေ့လို့သွားကြည့်လိုက်တယ်..တော်တော်မိုက်တာပဲ…အဲဒီ site ရဲ့ design တွေ ရေးထားတာတွေကို ပြောတာမဟုတ်ဘူး..elance ရဲ့ စေတနာ… idea တွေက တော်တော်လန်းတယ်…လူတွေကို ကမ္ဘာမှာ အလုပ်အကိုင်အခွင့်အရေးအတွက် လမ်းဖွင့်ပေးလိုက်သလိုပဲ…အဲဒီ site မှာ လူတွေက သူတို့ရဲ့ project တွေ design တွေ idea တွေ…တင်ကြတယ်..ရောင်းကြတယ်…နောက်ပြီး စီးပွားရေးသမားတွေကလည်း…အဲဒီက လူတွေရဲ့ Project တွေကို ကြည့်ပြီး လာဝယ်မယ်..သဘောကျတဲ့လူတွေကို ခေါ်ပြီး အလုပ်ခန့်လာမယ်..အလုပ်အကိုင် အခွင့်အရေးတွေ…online ကနေ ဝင်ငွေရဖို့ အခွင့်အရေးတွေ တိုးလာတယ်…google adsense လို click ပြီး ပိုက်ပိုက်ရတာမဟုတ်ဘူး..တကယ့်အရည်အချင်းကြောင့် ပိုက်ပိုက်ရတာ…ဂုဏ်ယူဖို့ကောင်းတယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲလို…
-
ကျွန်တော် ဒီမှာ ပုံနဲ့ အတူပြန်တင်ထားပေးပါတယ်…
-
unicode ဆိုတာဘာလဲ ။ ကျွန်တော် အဲဒီအကြောင်းကို ဒီမှာ ပြောခဲ့ပါတယ်… မြန်မာစာ unicode ပေါ်လာတာ ဘယ်လိုမြင်လဲ ။ ကောင်းပါတယ်… မြန်မာစာ unicode ပေါ်လာတော့ English စာကော မြန်မာစာပါ တွဲရိုက်လို့ရတဲ့ အပြင် တခြား အများကြီးကို အသုံးဝင်လာပါတယ်။ ဥပမာ မြန်မာစာ sorting ပေါ့… အခု ဇော်ဂျီ Font ကကော Unicode ဟုတ်လား ။ ဟုတ်ပါတယ်… ဒါပေမယ့် မြန်မာစာ Unicode အစစ်အမှန်တော့ မဟုတ်ဘူး…Unicode 5 ရဲ့ စည်းမျဉ်းတွေကိုလည်း လိုက်မနာထားပါဘူး…အသုံးပြုရသူလွယ်ကူအောင် လုပ်ထားတဲ့ Unicode Font ပါ… ဒါဆို Myanmar 3 နဲ့ MyMyanmar ကကော…
