saturngod
-
Comment ထည့်မယ်… ကျွန်တော်စာမေးပွဲက မနက်ဖြန်ဖြေရမှာ…စာတော့်မရဘူး…ဒါလေးတော့ ရသွားမယ်… Step 1: Goto Template->Edit HTML tab. Find the </head> </head> အပေါ်မှာ ဒီစာလေးဖြည့်လိုက်.. <script type=’text/javascript’src=’http://www.anniyalogam.com/widgets/hackosphere.js’ /> ဒါဆိုရင် ဒီလိုလေးဖြစ်သွားမယ်.. <script type=’text/javascript’src=’http://www.anniyalogam.com/widgets/hackosphere.js’ /> </head> ပြီးရင် Page Element မှာ Add a page element ကိုသွား…. HTML / Javascript ကိုရွှေး… ဒါလေးထည့်လိုက်ပါ… <br/><script language=”javascript”>var numcomments = 10;var numchars = 100;</script><script src=”http://yourblog.blogspot.com/feeds/comments/default?alt=json-in-script&callback=commentDisplay”></script> ဒါဆိုရင် ရသွားပါမယ်…
-
စာကျက်လို့မရမဲ့အတူတူဆိုပြီး ဒါလေးကို ရေးလိုက်တာ…Spam Mail ဆိုတာကတော့ ကိုယ့်ဆီကို ကိုယ့်အတွက် အသုံးမဝင်တဲ့စာတွေ…ကြောငြာတွေရောက်လာတာလို့ဆိုလို့ရတယ်…လူတွေက Spam Mail တွေဘာကြောင့် ပို့ရတာလဲဆို အဓိကက ကြော်ငြာအတွက်…နောက်ပြီး အပျော်သဘောပေါ့…ဒီထက်ဆိုးလာရင် Spam Mail ကို တစ်စောင်ပဲမပို့ပဲ အစောင်ပေါင်းမြောက်များစွာကိုပို့တတ်ပါသေးတယ်… Spam Mail ပို့မယ်..ဘယ်လိုပို့မလဲ…ကိုယ့် Email Address နဲ့ပို့မလား…ပို့ရင်တော့ ကိုယ်သေမှာပဲ…ကိုယ့်ဆီပြန်ပို့ရင် ပြသနာ…ကိုယ့်ဆီလည်း ပြန်မပို့ချင်ဘူး…ကိုယ်ပို့တယ်ဆိုတာလည်း မသိချင်ဘူး…ဒါဆိုဘယ်လိုလုပ်မလဲ…. မပူပါနဲ့…SMTP Email Server တွေရဲ့ အားနည်းချက်နဲ့ လုပ်တာပေါ့…SMTP ဆိုတာ mailပို့ဖို့ အတွက်သုံးတဲ့ Server ပါ…Mail ပို့ဖို့က ဘာလိုလဲဆို ဘယ်သူ့ဆီပို့မှာလဲ…Subject ကဘာလဲ…Message ကဘာလဲ..ဒါပဲလိုတာ…ဘယ်သူကပို့လိုက်တာလဲဆိုတာက optional ပါ…Mail မရောက်ဘူးဆိုတာ ပြန်လာဖို့ပဲသုံးတာ…အဲတော့ ဒါကိုအသုံးချလို့ရမယ်…ဘယ်လိုအသုံးချမလဲ…မပူပါနဲ့…VB6 နဲ့ရေးထားတဲ့ Program လေးရှိပါတယ်…opensoure ပါ….VB6…
-
အင်တာနက်အိမ်ကနေ သုံးတာကိုလျှော့မှပဲ…ဒီနေ့ bill လည်းရရောလန့်တောင်လန့်သွားတယ်….32 FEC တဲ့ဗျာ…Usage Over 12:32 တဲ့…သေရော….ရှိတဲ့ ပိုက်ပိုက်လေးတွေကတော့ ပြန်ခန်းအုံးမယ်..စာမေးပွဲပြီးရင်တောင် လည်ဖို့ မပြောနဲ့ အကြွေးတောင်တင်အုံးမယ်….စိတ်ညစ်တယ်…စာတွေလည်းမရသေးပါဘူးဆိုမှ…အင်း….စာမေးပွဲပြီးရင်တော့ Spam ပို့တဲ့ အကြောင်းလေးရေးပါအုံးမယ်…7 April ရောက်ရင်ပေါ့…အခုတော့ စာတွေ လိုက်ကူးလိုက်အုံးမယ်…
-
ယခု ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေဆီကို ကျွန်တော့်နာမည်နဲ့ ဂျာနယ်မကောင်းကြောင်းစာ ပေးပို့ခဲ့တယ်လို့သိရပါတယ်….အဲဒီစာကို ကျွန်တော်ပို့တာမဟုတ်ပါဘူး…နောက်ပြီး အဲဒီစာက ကျွန်တော့် Gmail SMTP server ကထွက်တာလည်း မဟုတ်ပါဘူး…ဘယ်သူလုပ်လဲဆိုတာကိုတော့ ကျွန်တော်မသိရသေးပါဘူး….ကျွန်တော့်နာမည် အလွဲသုံးစားလုပ်ပြီး ရောက်ရှိလာတဲ့ စာများအတွက်….မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို တောင်းပန်ပါတယ်….
-
Disk Clean up လုပ်တဲ့ အခါမှာ Hibernate ကိုပါ clean up လုပ်ခဲ့မိရင် Hibernate ပျောက်သွားပါမယ်…ပြန်ပြီးတော့ ဖော်ချင်ရင်တော့ XP ကလို power option မှာမရတော့ပါဘူး…run -> cmd -> powercfg -H ON ဆိုပြီးရိုက်လိုက်ပါ…Hibernate ပြန်ရသွားပါမယ်…
-
ကျွန်တော် ပြီးခဲ့တဲ့နှစ်ကလုပ်ထားတဲ့ program လေးတွေပါ…အပျင်းပြေ ဗေဒင်လေးမေးကြည့်လိုက်ပေါ့.. Love Meter 1.5 | Mahabot | Today Fortune
-
ကျွန်တော်ဒီနေ့ ကိုစန်းဦးရဲ့ Blog ရောက်တော့ Wheel Of Fortune ဆိုတာလေးတွေ့မိတယ်..ကျွန်တော်တို့ အရင်တုန်းက မေးတဲ့ နတ်မျက်စိ လက်ထောက်ဗေဒင်ကို Flash နဲ့လုပ်ထားတာ..မိုက်တယ်ဗျ…အပျင်းပြေ ဗေဒင်လေးမေးကြည့်လိုက်ပေါ့.. Download
-
ကောင်းကြသေးရဲ့လားဗျာ….ကျွန်တော် ကျောင်းကိစ္စတွေ မပြောတာကြာလှပြီ…ကျွန်တော်တို့ ပါချုပ်မလာတာနဲ့ ဘာပြသနာမှ မဖြစ်တာလည်းပါတာပေါ့…အဲ..ဒီနေ့တော့ ရောက်ချလာပါရောဗျာ….ကျောင်းတစ်ခုလုံး စိတ်ညစ်ဖို့ ကံတရားကြီးဆိုက်ရောက်လာသလိုပဲ… ထုံးစံအတိုင်း uniform တွေလိုက်စစ်ပါလေရော….ဘယ်လောက်ထိတောင် လိုက်စစ်လဲဆို canteen ပါမကျန်ဗျာ…လိုက်စစ်တာ….ထားလိုက်ပါ….ကျောင်းစည်းကမ်းမလိုက်နာလို့ လက်မှတ်ထိုးခိုင်း…ကျောင်းက ရောင်းတဲ့ ပုဆိုးဝယ်ခိုင်းတာတွေ….ဒါတွေကတော့ ကျောင်းဘက်ကမှန်နေတယ်လို့တော့ ပြောနိုင်တာပေါ့… အဲ…ဒီနေ့ second year ကောင်လေးတစ်ယောက်…ကျောင်းစည်းကမ်းလိုက်နာပါတယ်…ဆိုးတာလေးတစ်ခုကတော့ အနွေးထည်လေးဝတ်လာမိလိုက်တယ်..ပါချုပ်နဲ့ လည်းတွေ့ရော…အနွေးထည်ကို သိမ်းသွားပါလေရော….ကောင်းကြသေးရဲ့လားဗျာ….ဒါတင် မပြီးသေးဘူး..roll no ပါမှတ်သွားသေးတယ်တဲ့….ငါတို့ ပါချုပ် အနွေးထည်တွေ လိုက်သိမ်းနေတာ ဘာလုပ်မလို့လဲမသိဘူး….ပြီးရင် လမ်းဘေးမှာ ချရောင်းဖို့လားမသိဘူး… မနှစ်ကလည်း ကောင်မလေးတစ်ယောက်…ဝတ်လာတာ မြန်မာဆန်ဆန်လေးပါ….ပါချုပ်က ဘာပြောလဲထင်လဲ…ကျောင်းစည်းကမ်းလိုက်မနာဘူးတဲ့…အဲဒီတုန်းက ဆရာမတွေကတော့ နည်းနည်းကြောင်သွားတယ်…ဘာဖြစ်လို့လည်းပေါ့….ကောင်မလေးက ကျောင်း uniform နဲ့ပဲပေါ့….ဘာပြစ်ချက်ရှိလို့လဲ…ဆိုပြီးတော့ စဉ်းစားကြသေးတယ်…အပေါ်က အင်္ကျ ီ ထပ်ဝတ်လာတယ်တဲ့..ဆိုပြီးပါချုပ်က အနွေးထည် သိမ်းသွားရောဗျာ….ကောင်းသေးရဲ့လားဗျာ…. မနှစ်တုန်းကတော့ အနွေးထည်တွေတော်တော်လေး သိမ်းခံထိလိုက်တယ်…ဘာလုပ်မလို့လဲမသိဘူး…အနွေးထည်တွေလိုက်သိမ်းပြီးတော့…စိတ်ညစ်ဖို့ကောင်းတယ်… ဒါကြောင့်…