saturngod

  • တနင်္လာနေ့က Houston မှာ Hurricane Beryl ဝင်သွားတယ်။ မနက်ပိုင်း မုန်တိုင်းရှိနေပမယ့် ရုံးသွားပေမယ့် ရုံးမှာ တစ်ယောက် မှ​မရှိဘူး။ Daily Stand Up မှာ ဘာလို့ ရုံးလာတာလဲ။ မုန်တိုင်း ရှိနေတာ။ အန္တရာယ် ရှိတယ် ဆိုမှ​ မုန်တိုင်းက ကြမ်းမယ် ဆိုတာ သိတယ်။ ပုံမှန် ခဏလောက် မိုးရွာပြီး ပြီး သွားမယ် ထင်နေတာ။ နေ့လည် ၁၁ ခွဲလောက်တော့ ရုံးမှာ မီး ပျက်သွားတယ်။ ဖုန်း အင်တာနက် နဲ့ အလုပ်ဆက်လုပ်။ ၁၂ လောက် အိမ်ပြန်။ အိမ်လည်း ရောက် မီးလည်း ပျက်ပဲ။ နေ့လည် ၂ နာရီ လောက်မှ ပြန်လာတယ်။…

  • Developer တစ်ယောက် နောက်ပြီး CPT နဲ့ အလုပ်ရှာတာ က တော်တော်လေး ခက်သည့် အထဲမှာ ပါတယ်။ Lay off တွေက နည်းပညာ သမား တော်တော်များများ ထိ ကြတော့ သူတို့ နဲ့ ပြိုင်ပြီး အလုပ်ရှာသည့် အခါမှာ ကိုယ့်မှာ US အတွေ့အကြုံမရှိသေးတာ ရယ် နောက်ပြီးတော့ Green Card / Citizen မဟုတ်တာ ကြောင့် ရွေးချယ်လို့ ရတာ အရမ်းနည်းတယ်။ တိုက်ရိုက် ခေါ်တာတွေ ရှိပေမယ့် လူတိုင်း တိုက်ရိုက် ခေါ်သည့် company ဆီက ရဖို့ အခွင့်အလမ်းက အတော်နည်းပါတယ်။ အများအားဖြင့် Staffing Company တွေကနေ ပဲ interview…

  • အစက medium မှာ ရေးနေတာက blog အဟောင်းတွေ ပြန်ဖတ်ကြည့်ရင်း လက်ရှိ blog က ကိုယ့်ဘဝ ရဲ့ သမိုင်းကြောင်း ကိုယ့်ဘဝ အကြောင်း တွေ ရေးထားသည့် နေရာတစ်ခုပဲ။ ငယ်စဥ်က ကျောင်းတက်ကာစ ဘဝ တွေကို ဒီ blog မှာ ပဲ ပြန်ရှာတွေ့ခဲ့တယ်။ အသက်ကြီးလာလေလေ အနာဂတ်ထက် အတိတ်က ပုံရိပ်တွေကို ပြန်ကြည့်တတ်တာ လူ့ဘဝ နဲ့ တူပါတယ်။ ငယ်စဥ်မှာ အနာဂတ် ကြီး ကို ပြောင်းလဲချင်တယ်။ အသက်တွေကြီး လာတော့ ငယ်စဥ်က လုပ်ခဲ့တာတွေ ကြည့်ပြီး ပြုံးမိနေတယ်။ ဘဝ ကြီး တစ်ခုလုံးက Linear မဟုတ်ဘူး ဆိုတာ အချိန်တစ်ခုမှာ နားလည်လာတယ်။ ကြိုးစားတိုင်းလည်း…

  • UML Basic စာအုပ်ကို https://umlbasic.saturngod.net/ မှာ တင်ထားပေးပါတယ်။ အဓိက အသုံးများသည့် သုံးခု ကိုပဲ ရှင်းပြထားပါတယ်။ Class Diagram ကို နားလည်ထားတယ် ဆိုရင်တော့ Design Pattern ကို စပြီး လေ့လာလို့ရပါပြီ။ https://designpatterns.saturngod.net/ မှာ design pattern စာအုပ်ကို တင်ထားပေးတယ်။ ဒီနှစ်မှာတော့ စာအုပ် ၂ အုပ် ရေးဖြစ်တယ်။ အခု အဲဒီ ၂ အုပ်ကို ပေါင်းပြီး Design Pattern စာအုပ် တစ်အုပ်တည်း ပြန်စုစည်းဖို့ လုပ်နေတယ်။ ဒီနှစ်မှာတော့ ဘဝက အနည်မထိုင်သေးပဲ နှစ်စ ကတည်းက လှုပ်ရှားနေရတော့ နောက်နှစ်မှာတော့ ဘဝက သေသေချာချာ တည်ဆောက်နိုင်မယ် လို့ မျှော်လင့်…

  • Laravel Eloquent မှာ ပုံမှန် အားဖြင့် အသုံးပြုကြတာကတော့ တို့ပါ။ ဒါပေမယ့် ထပ်ပြီး အသုံးပြုနိုင်သေးတာကတော့ တို့ပါ။ Through Through ကို ဘယ်လို နေရာတွေမှာ အသုံးပြုကြလဲ ဆိုတော့ UserGroup မှာ User ရှိတယ်။ User မှာ Post တွေ ရှိတယ်။ Premium User Group က တင်ထားသည့် Post တွေကို လိုချင်တယ် ဆိုပါဆို့။ အဲဒီလိုမျိုး Use Case တွေကို Through ကို အသုံးပြုနိုင်ပါတယ်။ ဒီ code မှာ ဆိုရင် UserGroup က posts တွေကို ရဖို့ အတွက် User class…

  • Singleton Pattern က creational design pattern တစ်ခု ဖြစ်ပါတယ်။ Developer တော်တော်များများ လည်း အသုံးပြုကြပါတယ်။ Singleton ကတော့ ရိုးရှင်းပါတယ်။ Class က instance တစ်ခု ပဲ ဖန်တီးထားပြီး အဲဒီ instance ကို ပဲ အမြဲ သုံးနေဖို့ပါပဲ။ ဥပမာ User login ဝင်ပြီးသွားရင် CurrentUser instance ကို အမြဲခေါ်ပြီး user name, user token တွေ ရယူ နေသလိုပေါ့။ Singleton ကို Database Connection Pool တွေမှာလည်း အသုံးများပါတယ်။ DB connection ဟာ ၂ ခါ ၃…

  • Factory Pattern က Creational Pattern တစ်ခု ဖြစ်ပါတယ်။ Factory ဆိုသည့် အတိုင်း စက်ရုံကနေ ပစ္စည်း ထုတ် သလို object တွေကို ဖန်တီးပေးသည့် pattern တစ်ခုပါ။ Factory pattern မသုံးခင်မှာ Object တွေကို လက်ရှိ code တွေထဲကနေ ရောရေးပြီး ဖန်တီးပါတယ်။ Factory pattern က single responbility ဖြစ်ပြီး separation of concern အရ object ဖန်တီး မှု ကို ခွဲထုတ်ရေးသားလိုက်ခြင်း မျိုးပါပဲ။ Factory Pattern မသုံးခင် java code ကို ကြည့်ရအောင်။ public class Shape…

  • Builder Pattern က Creational Pattern တစ်ခု ဖြစ်ပါတယ်။ Builder ဆိုသည့် အတိုင်း object ကို ဆောက်သည့် နေရာမှာ အသုံးပြုပါတယ်။ Builder Pattern က object ကို immutable လုပ်ချင်သည့် အခါမှာ အသုံးပြုပါတယ်။ ပုံမှန် အားဖြင့် object ကို immutable လုပ်ချင်သည့် အခါမှာ Consturctor မှာ pass လုပ်ပေးရပါတယ်။ public class Person { private String firstName; private String lastName; private int age; private String email; private String phone; private…