saturngod
-
ဘဝတစ်ခုကို အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ တိုင်းတာလို့ မရသလို အခြားသူတွေရဲ့ အမြင်နဲ့လည်း တိုင်းတာလို့ မရဘူး။ ခေတ်ကာလတစ်ခုလုံးမှာ ချမ်းသာသူတွေကို မီဒီယာတွေက ပိုမိုဖော်ပြနေကြတာကြောင့် ချမ်းသာခြင်းဟာ အောင်မြင်မှုလို့ လူအများက ထင်လာကြတယ်။ အခုခေတ် တရုတ်ဇာတ်လမ်းတို အများစုမှာတောင် စည်းစိမ်နဲ့ အရှိန်အဝါ (Wealth & Status) ကို အောင်မြင်မှုအဖြစ် ပုံဖော်တာ မကြာခဏ တွေ့ရတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ နောက်ဆုံးတော့ ကိုယ့်စိတ်နဲ့ကိုယ် ကျေနပ်ရောင့်ရဲနိုင်ခြင်းနဲ့ပဲ ပိုဆိုင်လိမ့်မယ်။ အခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို အဆုံးအဖြတ်မပေးနိုင်ဘူး။ ဥပမာ — တစ်နေ့လုံး စက်ရုံထဲရုန်း၊ ညကျရင် ဘားမှာ အရက်သောက်၊ အိပ်ရာဝင်၊ နောက်နေ့ အလုပ်ပြန်သွားနဲ့ လည်နေတဲ့ ဘဝ။ နောက်တစ်ခုကတော့…
-
ပြီးခဲ့တဲ့ weekend က သူငယ်ချင်းအချို့နဲ့ စကားပြောမိတော့ တော်တော်များများလည်း ကိုယ်တွေ ကြုံနေရသလို ပြဿနာတွေ ကြုံနေရတာပဲ။ AI ခေတ်မှာ team ကို ဘယ်လို project management လုပ်မလဲဆိုတဲ့ နည်းလမ်းက အခုထိ တိတိကျကျ မထွက်လာသေးဘူးလို့ ခံစားရတယ်။ အကုန်လုံးက စမ်းသပ်နေကြဆဲပဲ။ ပြဿနာက ဘာလဲဆိုတော့ Product Manager role က အရင်ကထက် ပိုပြီး strong ဖြစ်လာတာပဲ။ အရင်က Product Manager က product scope ခွဲမယ်။ Plan လုပ်မယ်။ Task list ခွဲမယ်။ ပြီးရင် developer တွေကို assign ချမယ်။ Developer က code…
-
ဒီ weekend မှာ dev server အတွက် https://dokploy.com/ ကို ပြောင်းသုံးဖြစ်တာ အတော်အဆင်ပြေတယ်။ ဒါပေမယ့် လက်ရှိ app တွေကို အကုန် Dockerfil ပြန်ရေးရတာပဲ။ လွန်ခဲ့သည့် ၂ နှစ်လောက် က ဆိုရင်တော့ ပြောင်းဖို့ တွန့်ဆုတ် နေမှာ။ အခုတော့ Codex အစွမ်း နဲ့ Dockerfile ရေးရတာ အတော် ကို အဆင်ပြေတာ။ ဘာမှ လုပ်စရာမလိုပဲ project ကို Dockerfile ပြောင်းပြီး dokploy ကို github သုံးပြီး ပြောင်းတာ server က အတော် သေသပ်သွားတယ် ဆိုရမယ်။ အရင်က server တစ်ခု တည်းမှာ PHP…
-
Meta က လူ အယောက် ၈၀၀၀ လောက် ဖြုတ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဖတ်မိတယ်။ အဲဒီထဲမှာ Developer ဘယ်နှစ်ယောက်ပါမလဲတော့ သေချာ မသိဘူး။ ဒါပေမယ့် job market ထဲကို လူတွေ ထပ်ဝင်လာတာတော့ သေချာတယ်။ တခြား အလုပ်ရှာနေတဲ့သူတွေ အနေနဲ့လည်း ex-Meta သမားတွေ၊ ex-Big Tech သမားတွေ နဲ့ ပြိုင်ပြီး အလုပ်ရှာရမယ့် သဘော ဖြစ်သွားတယ်။ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။ Programming က သင်ရတာ အရမ်းခက်ခဲတဲ့ အထဲမှာ ပါမနေဘူး။ တခြား profession တချို့လို entry barrier အရမ်းမြင့်တဲ့ အလုပ်တော့ မဟုတ်ဘူး။ Laptop တစ်လုံး၊ internet တစ်ခု…
-
https://books.saturngod.net/ ကို update ပြန်လုပ်ထားတယ်။ ပြီးခဲ့သည့် event က စာအုပ်တွေ ရှာ မရ ဘူး ပြောလို့။ ပထမဆုံး စာအုပ် က Making Blog by Saturngod ဆိုသည့် စာအုပ်။ Web Blog, We Unite ဆိုပြီး 1 September 2007 မှာ MICT Park ထဲမှာ ပွဲလုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲမှာ ဝေခဲ့သည့် Blogspot နဲ့ blog လုပ်နည်း စာအုပ်။ အဲဒီပွဲကြောင့် လူတွေ အများကြီး နဲ့ သိခဲ့ပြီး ဘဝ မှာ အတော်လေး ကို အကျိုးရှိခဲ့သည့် ပွဲပါ။ မှတ်မှတ်ရရ UCSY မှာ…
-
ငယ်ငယ်က အမေ ပြောနေကျ စကားတစ်ခု ရှိတယ်။ “သား စဉ်းစားမရရင် အိပ်လိုက်။ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့” တဲ့။ Periodic Table အကြောင်း ရှာရင်း Mendeleev အကြောင်း ဖတ်မိတယ်။ သူ့အကြောင်းမှာ Periodic Table နဲ့ အိပ်မက် ဆက်စပ်နေတဲ့ ပြောစမှတ်တစ်ခု ရှိတယ်။ Mendeleev က Periodic Table ကို တစ်ညအိပ်မက်မက်ပြီး ချက်ချင်းရသွားတာတော့ မဟုတ်ဘူး။ သူက ဒြပ်စင်တွေကို ဘယ်လိုစီရမလဲဆိုတာ အချိန်အတော်ကြာ စဉ်းစားနေခဲ့တာ။ အဲဒီအချိန်မှာ Newlands, Meyer စတဲ့ တခြား scientist တွေလည်း element တွေရဲ့ pattern ကို ရှာနေကြတာရှိတယ်။ ဒါပေမယ့် Mendeleev ရဲ့ table…
-
ဒီနေ့မှ ပေါက်ပေါက်ရှာရှာ စဉ်းစားမိတယ်။ လက်ရှိ Solar System က Milky Way ကို အနီးစပ်ဆုံး 515,000 mph လောက်နဲ့ ပတ်နေတယ်။ NASA မှာတော့ 828,000 km/h လို့ရေးထားတယ်။ အဲဒီအရှိန်နဲ့တောင် Milky Way ကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ နှစ်သန်း ၂၃၀ လောက် ကြာတယ်။ အဲဒီတော့ အတိတ်ကို ပြန်သွားမယ်ဆိုတာ ကမ္ဘာပေါ်က time machine တစ်လုံးထဲနဲ့ ပြန်သွားတာမျိုးလောက် မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ အခု စကားပြောနေတဲ့အချိန်နဲ့ စကားပြောပြီးသွားတဲ့အချိန်မှာတောင် ကမ္ဘာဟာ universe ထဲမှာ နေရာမတူတော့ဘူး။ ရွေ့သွားပြီ။ ကမ္ဘာက နေကိုပတ်တယ်။ နေက Solar System နဲ့အတူ Milky…
-
Artificial Intelligence ဆိုတာ ရှိတယ်။ ဒါပေမယ့် လူ့ဘဝအတွေ့အကြုံ၊ တာဝန်ယူမှု၊ ကိုယ်တိုင်ခံစားမှု ပါတဲ့ Artificial Wisdom ဆိုတာတော့ လက်တွေ့အနေနဲ့ မရှိသေးဘူးလို့ ထင်တယ်။ Artificial Wisdom ဆိုတဲ့ အယူအဆ မရှိတာတော့ မဟုတ်ဘူး။ Research paper တွေ၊ philosophy discussion တွေထဲမှာတော့ Artificial Wisdom ဆိုပြီး ဆွေးနွေးနေကြတာတွေ ရှိတယ်။ ဒါပေမယ့် အခုလက်ရှိ AI တွေမှာ လူလို ပညာရှိတယ်လို့ ပြောလို့ရတဲ့ အဆင့်တော့ မရောက်သေးဘူး။ ဒီလိုပဲ IQ Test ဆိုတာ ရှိတယ်။ WQ Test ဆိုပြီး IQ လို လူသိများပြီး universal ဖြစ်တဲ့ Wisdom…
