saturngod

  • version 2.1.5 မှာ – database update လုပ်ထားခြင်း – row height fix ဖြစ်နေခြင်းကြောင့် result ကို ကောင်းစွာမမြင်ရခြင်း ကို ပြန်ပြင်ထားခြင်း – HTC One X+ တွင် အသံထွက် သုံးလို့မရခြင်းကို ပြန်ပြင်ထားခြင်း အဲဒါလေးတွေ ပြင်ပြီး Play Store ပေါ်မှာ တင်ထားပေးပါတယ်။ Google Play store APK Download iOS အတွက် မကြာခင် update လုပ်ပေးပါမယ်။

  • Sar ကို Dropbox feature ထည့်မယ်ဆိုပြီး ပြင်လိုက်တာ Dropbox feature ထည့်တဲ့ အဆင့်မရောက်သေးပဲ အခြား bugs တွေ UI တွေ အကုန်ပြန်ပြင်ပြီးတော့ 1.5 ထုတ်ထားပေးပါတယ်။ fixed Virtual Keyboard 1.5 မှာ မြန်မာ keyboard rotating လုပ်တာကို improve လုပ်ထားပေးပါတယ်။ iPhone မှာဆိုရင်တော့ smooth ဖြစ်ပေမယ့် ipad verison မှာ rotate လုပ်ပြီးရင် english keyboard ခဏလေးပြောင်းသွားတဲ့ ပြဿနာရှိပါတယ်။ မြန်မာ keyboard ကို တန်းပြရင် ရပေမယ့် landscape ကနေ portrait ပြောင်းရင် keyboard က အလိုလို undock…

  • Pogoplug Series 4

    Amazon မှာ Pogoplug Series 4 ကို ဈေးသက်သာတာနဲ့ ဝယ်ဖြစ်လိုက်တယ်။ မူရင်းဈေးက US$99 ရှိပြီး အခု ဈေးချနေတာ US$ 39.99 နဲ့ ဝယ်လို့ရပါတယ်။ Pogoplug ကို ဝယ်ချင်တာတော့ ကြာပေမယ့် ဈေးကြီးတာကြောင့် မဝယ်ဖြစ်ဘူး။ US$39.99 ပေမယ့် စလုံး ရောက်တော့ shipping charges အပါအဝင် S$70 လောက်ဖြစ်သွားတယ်။

  • Mac OSX 10.8 မှာ မြန်မာစာ ပါဝင်လာပြီးတော့ ဇော်ဂျီ ကောင်းစွာမပေါ်တော့လို့ သူ့မှာ ပါတဲ့ မြန်မာစာကို ဖျက်ပစ်ရတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော် blog ရေးတဲ့အခါမှာလည်း OS မှာ ပါဝင်တဲ့ MyanmarMN က စာလုံးတွေ မမှန်တဲ့အတွက် စာရိုက်တဲ့အခါမှာလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် ဒီနေ့ fallback fix လုပ်နည်းလေး စဉ်းစားမိပြီး စမ်းကြည့်တာ အောင်မြင်သွားပါတယ်။ ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ /System/Library/Frameworks/CoreText.framework/Versions/A/Resources အောက်က fallback plist လေး ပြင်ပေးလိုက်ရင်ရပါတယ်။ လူတိုင်း အသုံးလွယ်အောင် Mac OSX app လေး လုပ်ထားတယ်။ ကြိုက်တဲ့ font ကိုရွေးပြီးတော့ Update Fall…

  • ဒီနေ့ ရုံးမှာ အလုပ်အတွက် API request documentation တွေ ပြန်စစ်နေတုန်း MS Word မှာ API request တွေကို ရေးထားတာ ဖတ်ရခက်လိုက်တာ လို့ ထင်လာတယ်။ ဘာထွေထွေထူးထူး မှတော့ မဟုတ်ပါဘူး။ Request နဲ့ Response တွေပဲ ရေးထားတာပဲ။ သို့ပေမယ့် တစ်ခုခု ပြန်ရှာမယ်ဆိုရင် search လုပ်ပြီး ပြန်ပြန်ရှာနေရတော့ ရှာရတာ အဆင်မပြေဘူးထင်လာတယ်။ Documentation တွေကြည့်ရင်းနဲ့ markdown က HTML documentation generate လုပ်ပေးတာ ရှိမလား ဆိုပြီး ရှာကြည့်လိုက်တော့ daux.io နဲ့ FlatDoc ကို တွေ့တယ်။

  • ဒီလ ၁၁ ရက်နေ့ ဆိုရင် blog ရေးတာ ၆ နှစ် ရှိပြီ။ စရေးကာစကတော့ ကျောင်းက အကြောင်းလေးတွေ ရေးချင်တာ နောက်ပြီးတော့ အဲဒီ အချိန်တုန်းက blogspot ဆိုတာကြီးက ခေတ်စားတဲ့ အချိန်ဆိုတော့ ဘာလဲ သိရအောင် စမ်းရေးနဲ့ စရေးဖြစ်သွားတာပဲ။ အဲဒီ ကတည်းက စရေးလိုက်တာ အခုဆို ၆ နှစ်တောင် ရှိသွားပြီ။ Blogspot ကို မြန်မာနိုင်ငံ က ပိတ်လိုက်တော့ ကိုယ်ပိုင် host ပြောင်းရတယ်။ အဲဒီတော့ saturngod.net ဆိုတဲ့ domain နဲ့ wordpress ကို host လုပ်ပြီး ရေးဖြစ်တယ်။ ဒီကြားထဲမှာ Drupal ကို ပြောင်းပြီးတော့ ရေးဖြစ်ခဲ့သေးတယ်။ သို့ပေမယ့်…

  • Mobile App Startup Bubble ?

    ဒီနေ့ Flud က August 8 ရက်နေ့ ရောက်ရင် ပိတ်ပြီဆိုပြီးတော့ mail ရောက်လာပါတယ်။ Flud ရှိခဲ့တာ ၃ နှစ်ရှိပါပြီ။ မှတ်မှတ်ရရ Pulse နဲ့ အပြိုင် Flud ကို ထွက်ခဲ့တာပါ။ Pulse ကတော့ Linkedin က ဝယ်သွားပြီးတော့ Flud ကိုတော့ လာမယ့် ဩဂုတ်လ ၈ ရက်နေ့ဆို ပိတ်တော့ပါမယ်။ ဒါ့အပြင် ဒီနေ့ Catch.com ကို လည်း ပိတ်သွားပြီဆိုတာကို ဖတ်လိုက်ရတယ်။ Flud ကော Catch.com ကော ၂ ခု စလုံးက အခြား Product အသစ် သို့မဟုတ် Direction အသစ်ကို သွားမယ်လို့ ဆိုထားတော့…

  • 7 , NSMag Aug Issue

    ဒီလ Aug issue အတွက် ၁ လ လောက် ကြိုပြင်ခွင့်ရလိုက်တယ်။ NSMag ထွက်ပြီးတာနဲ့ မကြာခင်မှာ iOS 7 နဲ့ Xcode ကို Apple က မိတ်ဆက်ခဲ့ပါတယ်။ iOS 7 မှာ အများက မျှော်လင့်ထားသလို flat UI ဖြစ်သွားပေမယ့် လူတော်တော်များများက မကြိုက်လှပါဘူး။ iOS ရဲ့ လက်ရှိ icon design က မှားယွင်းနေတယ်ဆိုတာကို တော်တော်များများက ထောက်ပြ ပြောဆိုမှုတွေ ရှိသလို dribbble မှာလည်း ဘယ်လို ဖြစ်သင့်တယ်ဆိုပြီး redesign ပုံတွေ အများကြီးတွေ့ရပါတယ်။ iOS 7 က မဆိုးလှပေမယ့် icon တွေက ဆိုးလှပါတယ်။ လေးထောင့်သေးသေးလေးမှာ…