saturngod
-
PHP မှာ ၃ နှစ်ကျော်လောက် လုပ်ခဲ့ပြီး iOS ကို လုပ်တော့မယ်ဆုံးဖြတ်တော့ PHP ကို စွန့်လွှတ်ဖို့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ iOS ကို full time လုပ်နေရင်းနဲ့ PHP ကိုလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် PHP နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ PHP ရဲ့ ပြောင်းလဲမှုတွေကို သိပ်ပြီး မလေ့လာအားတော့ပဲ iOS SDK အသစ်ထွက်ရင် ဘာတွေပြောင်းနေလဲ။ Github မှာ ဘာ iOS အတွက် opensource library အသစ်ထွက်လဲ။ ဘာ control တွေက ခေတ်စားနေလဲ စတာတွေကို လေ့လာခဲ့ဖြစ်တယ်။ အခုအချိန်မှာတော့ PHP ကို ရေးတတ် သုံးတတ်ရုံလောက်ပဲ သိတော့တာ…
-
NSMag ကို ရေးလိုက်တာ အတွေ့အကြုံတော်တော်လေးကို ရသွားတယ်။ ပထမဆုံး အတွေ့အကြုံကတော့ newsstand ပဲ။ အမှန်တိုင်းပြောရရင် သူများရေးထားတဲ့ newsstand tutorial တွေ ဘယ်လောက်ဖတ်ဖတ်။ code တွေ ဘယ်လောက် ဖတ်ဖတ် လက်တွေ့လုပ်လိုက်တာလောက် နားမလည်တာ အမှန်ပဲ။ Newsstand app က တကယ်တန်းတော့ ထင်သလောက် ရေးရတာ မခက်ပါဘူး။ newsstand app မလုပ်ခင် viggiosoft က tutorial ကို ဖတ်ထားတယ်။ သူပေးထားတဲ့ code ကို ထပ်ခါထပ်ခါ လေ့လာကြည့်တယ်။ တကယ်တန်းရေးတော့ တော်တော်လေးကို အသုံးဝင်တယ်။ Newsstand အတွက် Apple က တော်တော်များများက အရန်သင့် အဆင်ပြေဖန်တီးပေးထားတဲ့အတွက် User အတွက် မသိသာပေမယ့်…
-
April လ အစမှာ ကျွန်တော် Apple ရဲ့ Newsstand app ဘယ်လိုရေးရသလဲ ဆိုတာကို လေ့လာဖြစ်တယ်။ လေ့လာရင်းနဲ့ ဒီအတိုင်း စာဖတ်နေတရင်တော့ တကယ်တတ်မှာ မဟုတ်ဘူး။ App တစ်ခုခု ကို စမ်းရေးကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲလို ဆုံးဖြတ်လိုက်ပြီး တခြား သူရေးထားတဲ့ App တွေကို စပြီးတော့ လေ့လာတယ်။ Opensource ပေးထားတဲ့ App တွေကို လိုက်ဖတ်ဖြစ်တယ်။ Push Notification , In App Purchases , Auto Content Download စတာတွေကို လေ့လာဖို့က App တစ်ခုကို Apple ရဲ့ iTunes Connect ပေါ် တင်ပြီးမှ Newsstand…
-
Mac OSX မှာပါတဲ့ Grapher ကို ဖွင့်ပြီး အောက်က formula နဲ့ graph ဆွဲရင် iOS 7 icons rounded square icon ပုံစံရပါတယ်။ iOS 7 icon ဟာ superellipse formula ကို သုံးထားပါတယ်။ အဲဒီအကြောင်းကို Marc Edwards ကို twitter မှာ tweet လုပ်ထားပါတယ်။ ဒါကြောင့် iOS 7 icon တွေ့တွေ့ခြင်းက square rounded မဖြစ်ဘူးလို့ ထင်နေတာ တကယ်လည်း မဖြစ်တာကို အခုမှ သိတော့တယ်။ The formula for the iOS 7 icon…
-
Developer Tool တွေကို ဝယ်သုံးလား ? ဝယ်ထားတဲ့ Tool တွေကော သုံးဖြစ်သလား ? ကျွန်တော်ကတော့ ဝယ်သုံးတယ်။ သို့ပေမယ့် အများအားဖြင့် Free နဲ့ opensource တွေကို အရင် ရှာတတ်ပါတယ်။ Adobe က Creative Cloud ဖြစ်သွားပြီး subscription model ကို သွားနေပါပြီ။ ကျွန်တော်ကတော့ subscription model ကို မကြိုက်လှဘူး။ လစဉ် ထုတ်တဲ့ magazine , hosting စတာတွေအတွက် subscription လုပ်ပေမယ့် software အတွက်တော့ subscription လုပ်ရတာ မတန်ဘူးထင်တယ်။ Developer တော်တော်များများက ပိုက်ဆံပေးပြီး မသုံးချင်ကြတာတော့ အမှန်ပါ။ subscription လည်း သိပ်မကြိုက်လှဘူး။…
-
ဒီတစ်ခေါက် WWDC မှာ iOS 7 beta နဲ့ Xcode 5 ကို ကြေငြာခဲ့ပါတယ်။ iOS 7 အသစ်မှာ UIKit Dynamics Text Kit Multitasking Enhancements Sprite Kit Framework Game Controller Framework AirDrop (AirDrop support is now built-in to the existing UIActivityViewController class) Multipeer Connectivity framework JavaScript Core framework Safari Services framework စတာတွေ အသစ်ပါဝင်လာတယ်။ အကုန်လုံးကို သေချာမကြည့်ရသေးဘူး။
-
Deploy Node.js website with git