ရေးလက်စ စာအုပ် chapter 7 တော့ ပြီးသွားပြီ။ Chapter 7 က သိပ်ပြီး ထွေထွေ ထူးထူး မပါတာကြောင့်လည်း ပါတယ်။ အများကြီးရေးပြီး အများကြီး ရှင်းရမယ့် အခန်းကတော့ 8 နှင့် 9 ပဲ။ အဲဒီ ၂ ခန်းကို တော်တော် အချိန်ယူပြီး ရေးရမယ်။

စကားမစပ် ကျွန်တော် ဒီစာအုပ် ရေးတိုင်း ကိုစိုးမင်းကို သတိရတယ်။ နောက်ပြီးတော့ သူ့ရဲ့ လက်သုံးစကားပေါ့။

၁။ သောက်ရေးမပါတာ ဘာမှမလုပ်ဘူး။
၂။ လောကမှာ သူများလုပ်တာ လိုက်လုပ်တာလောက် သောက်ရှက်မဲ့တာမရှိဘူး။
၃။ ပုံမှန်အားဖြင့် မည်သည့် ဝေဖန်မှုကိုမျှ အလိုမရှိ / မလိုအပ်ပေ။
၄။ အချို့အရာများသည် ကျွန်ုပ်၏ အတူတများကို ထွက်ပေါက် အဖြစ် ရေးသားထားခြင်း ဖြစ်သည်။
၅။ ကိုယ်ကိုယ်တိုင် စောက်သုံးမကျ ဘာမှမလုပ်တတ်ပဲနှင့် ငါ့ကို မဟုတ်တာ လာပြောသူတွေ အသေဆိုးနဲ့သေပါစေ။

အဓိက သူ့ကို သတိရစေသည့် အကြောင်းကတော့ ပရိုဂရမ် တကယ်တတ်ဖို့ ဆယ် … နှစ် ဆိုသည့် post ကြောင့်ပဲ။

လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်ခန့်လောက်က blog တွေ အရမ်း ခေတ်စားခဲ့တယ်။ ကျွန်တော် မဖြစ်မနေ RSS နဲ့ စောင့်ဖတ်ခဲ့ရသည့် သူတွေထဲမှာ သူ့ blog လည်းပါတယ်။ Ajax ကို လက်တွေ့ ဘယ်လို သုံးရမလဲ ဆိုတာကို ကျွန်တော် သူ့ကြောင့် သိခဲ့ရတယ်။

အချိန်ရရင်တော့ အဲဒီ အချိန်က အကြောင်းလေးတွေ ပြန်ပြီး ရေးပါအုံးမယ်ဗျာ။

ကျွန်တော် လက်ရှိ ရေးနေသည့် စာအုပ်က လုံးဝ ကို စလုံးရေစ။ programming ဆိုတာ ဘာမှန်းမသိသေးသည့် သူတွေ အတွက် ပထမဆုံး ခြေလှမ်းသာသာ ရှိသည့် စာအုပ်ဖြစ်ပါတယ်ဆိုတာကို ထပ်ပြီး သတိပေးစေလို့ပါတယ်။ programming တကယ်တတ်ဖို့ ၁၀ နှစ် ၁၀ နှစ် လောက်လိုတယ်။ ကျွန်တော်ကတော့ ၁၃ နှစ်လောက် ရှိပြီ။ အခုထက်ထိ လေ့လာနေရတုန်းပဲ။ ကိုယ်တိုင် ကျွမ်းကျင် ဆရာကြီး အဆင့် မရောက်သေးတာ သေချာတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading