Knowledgebase
-
subscriber count ကို feed burner ကနေ ယူချင်တာနဲ့ API လေး စမ်းဖြစ်သွားတယ်။ feed burner api မလုပ်ခင် api ကို allow လုပ်ပေးဖို့လိုတယ်။ login your feedburner and go to your feed. Go to Publicize tag Go to Awareness Api and active it.
-
တကယ်လို့ PHP developer တစ်ယောက်က PHP ကို ကျွမ်းကျင်နေပြီလို့ ယူဆရင်တော့ php framework တစ်ခုလောက် ဆောက်ကြည့်သင့်တယ်။ phpframework တွေက နည်းတာ မဟုတ်ဘူး ဘာလို့ framework ရေးမှာလည်း။ သူများ ရေးထားတာပဲ ယူသုံးမှာပေါ့လို့ ဆိုကောင်းဆိုမယ်။ ဟုတ်ပါတယ်။ http://www.phpframeworks.com/ မှာ ပြထားတဲ့ framework တွေတောင် မနည်းပါဘူး။ ဒါဆိုဘာလို့ ကိုယ်ပိုင် PHP framework ရေးဖို့လိုတာလဲ။ skill and knowledge အတွက်ပါ။
-
Dictionary တစ်ခုလုပ်ဖို့ အတွက် အရေးကြီးဆုံးက data ပါပဲ။ Dictionary လုပ်ဖို့ software တွေက Babylon Glossary Builder Bayblon Dictionary အတွက် add-on dictionary တစ်ခုတည်ဆောက်ချင်ရင်တော့ babylon glossary builder ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် data တွေကို excel file နဲ့ ရိုက်သွင်းရပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကိုတော့ http://www.babylon.com/support/step-by-step/quick-guide/glossary-builder.html မှာ ရှင်းပြထားပါတယ်။ Excel မှာ data တွေ သိမ်းပြီး babylone dictionary ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ More…
-
အရင်က image တွေကို folder တစ်ခုအောက်မှာထားပြီး အကုန်လုံး ဘယ်လို ဆွဲခေါ်ထုတ်ရမှန်းမသိဖြစ်ဖူးတယ်။ နောက်ပြီးတော့ library folder ထဲက php တွေကို ဆွဲထုတ်တာလည်း မသိဘူးဖြစ်နေတယ်။ အခုမှ သိတယ်။ glob ဆိုတဲ့ function ကို ခေါ်လိုက်ရင် တော်တော်လွယ်တာပဲ။ <?php foreach (glob(“*.txt”) as $filename) { echo “$filename size ” . filesize($filename) . “\n”; } ?> အရင်က မသိခဲ့လိုက်လို့ ၂ ကြောင်းလောက်နဲ့ ပြီးမှဟာကို ရှည်ရှည် ဝေးဝေးတွေ ရေးလိုက်ရသေးတယ်။ Image Gallery လိုမျိုး site တွေ , php…
-
Android ဆိုတာကိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ Android စထွက်ကာစက iPhone ကို ယှဉ်နိုင်လောက်တဲ့ အရည်အသွေးတွေ မရှိပေမယ့် အခုအချိန် Android 2.1 မှာ တော်တော်လေးကို ပြီးပြည့်စုံလာသလို SDK ကလည်း တော်တော်လေးကို ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Mobile Development ဆိုတာက တခြား Sotware Development ထက်စာရင် ပိုပြီး အောင်မြင်တဲ့ ဈေးကွက်လို့ ဆိုရမယ်။ လူတိုင်း Computer မသုံးတတ် ၊ မသုံးနိုင်ပေမယ့် လူတိုင်းနီးပါး ဖုန်းဝယ်သုံးကြတယ်။ နောက်ပြီး Mobile Software အတွက် ပိုက်ဆံကို မနှမြောကျတာလည်း တွေ့ရပါတယ်။ Software အခွေတွေဟာ ခိုးကူးခွေတွေကြောင့် တစ်ခွေ ၁၀၀၀ နဲ့ ပေါပေါ ရပေမယ့်…
-
ပြီးခဲ့တဲ့ တနင်္ဂနွေက MZ 2.0 အတွက်ရေးရင်း ကိုယ့် framework ကိုလည်း upgrade လုပ်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်နဲ့ တော်တော်လေးကို လုပ်ဖြစ်သွားတယ်။ အဲမှာ ဘာကို သွားတွေ့လည်းဆိုတော့ PHP function တွေကိုပဲ။ framework တစ်ခု တည်ဆောက်တဲ့အခါမှ ဘယ် function ကို သုံးရင် ကောင်းမလဲ။ ဒီ code တကယ်ရေးဖို့လိုလို့လား။ နောက်ပြီး ဘယ်လို ရေးရင် light weight ဖြစ်မလဲ စတာတွေကို စဉ်းစားလာရတယ်။ ကျွန်တော် မသိသေးပေမယ့် သုံးကောင်းတဲ့ function အချို့ PHP မှာတွေ့လာရတယ်။ နောက်ပြီး array ပိုင်းနဲ့ OOP ပိုင်းကို ပိုသဘောကျလာတယ်။
-
သောကြာနေ့ကမှ CSS မှာ ထည့်ထည့်သုံးနေတဲ့ medai ဆိုတာ ဘာလဲဆိုတာကိုသိတော့တယ်။ ပုံမှန်အားဖြင့် media=”screen” ဆိုပြီး သုံးကြတာများပါတယ်။ CSS မှာ media=”screen” နဲ့ media=”print” ဆိုပြီး သုံးကြပါတယ်။ ပုံမှန် သမာရိုးကျ ကြည့်ရင်တော့ သိပ်မကွာခြားလှပေမယ့် ကွာပါတယ်။ အခြား media propertities တွေရှိသေးပါတယ်။ CSS မှာတော့ media ကို screen နဲ့ print ပဲ အသုံးပြုတယ်။
