News
-
အခု Freedom က မြန်မာလို ရသွားပြီနော်.. မြန်မာစာ Language နဲ့ဗျ… Font ကို ကြည့်ရတာ ဇော်ဂျီနဲ့လို့ထင်ပါတယ်… ပြန်ထားတာလေးတွေ မဆိုးဘူးဗျ… Wizard ကို တဆင့်ချင်းသွားရန် ဆိုပြီး ပြန်ထားတယ်။ စာလုံးလေးတွေက ရှည်ပေမယ့် လူနားလည်ပါတယ်..နောက်ပြီး အကုန်လည်း မပြန်ထားဘူး…. ပြန်ဖို့ခက်တဲ့ Ports ကိုတော့ မပြန်ထားဘူး.. အဲလိုပဲ ဖြစ်သင့်တယ်.. အကုန်လုံးကို အတင်း ဘာသာမပြန်သင့်ဘူးလေ… အခုတော့ freedom လေးက အဲလိုဆိုတော့ တော်တော်မိုက်သွားတယ်.. သင်လည်း freedom သုံးရင် update လုပ်လိုက်ပါ… Freedom ကို မြန်မာလို ရအောင် ဘယ်သူလုပ်ပေးလဲတော့ မသိဘူး… ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်ဗျာ..
-
kaspersky 7 မှာ သုံးခဲ့တဲ့ kaspersky solution.exe path လေးက 2009 အတွက်လည်း အဆင်ပြေတယ်လို့ဆိုပါတယ်။ လက်ရှိတော့ စမ်းသပ်ထားဆဲပါ။ အခုထက်ထိတော့ blacklist မဖြစ်သေးဘူး။ နောက် ထပ် ၂ ရက် ၃ ရက်လောက်ဆိုရင် အဖြေတိတိကျကျ သိမလားမသိဘူး… ဒါမှမဟုတ် blacklist ဖြစ်နေတဲ့ key လေးပို့ပေးပါလားဗျာ… ဒီ post comment မှာပဲ 2009 မှာ blacklist ဖြစ်သွားတဲ့ key ရဲ့ link လေးပေးထားပါဗျာ။
-
iPhone အသစ်ထဲမှာ Feature တွေအများကြီး ပါဝင်လာပါတယ်။ အခု သဘောကျတဲ့ feature ကတော့ digital compass ((http://www.apple.com/iphone/iphone-3g-s/maps-compass.html)) ပဲ။ ဘယ်သူမှ မကြံဘူးသေးတဲ့ နည်းပညာပဲ။ Phone ထဲမှာ ဘာထည့်ထားပြီး ဘယ်လို program ရေးထားလဲမသိဘူး။ တော်တော်လေးကို ကောင်းတယ်။ အရင်တုန်းကလည်း game မှာ ကားကွေ့တာကို ဖုန်း စောင်းတဲ့ ပေါ်မှာ မူတည်ပြီး ကွေ့တာလည်းကို ထုတ်ပြခဲ့တယ်။ game တွေကို အပြင်မှာ ဘောလုံးလေး အပြားတစ်ခုခုပေါ်တင်ထားသလို လိုက်ထိန်းလို့ရအောင် လည်း ထုတ်ပြခဲ့တယ်။ ဘယ်သူမှ မလုပ်ဘူးတဲ့ အရာတွေကို apple က ခဏခဏ ထုတ်ပြနေကြပဲ။ အခုလည်း digital compass။ game အတွက်က wave…
-
အရင်က ကျွန်တော် စဉ်းစားတယ်.. wordpress မှာ theme editor ပိုင်းကို codepress သုံးသင့်တယ်.. ဘာလို့မသုံးတာလဲမသိဘူးပေါ့… theme editor မှာ php ကို ပြန်ပြင်တဲ့အခါ စိတ်ညစ်ရတယ်… အရောင်တွေနဲ့ မခွဲထားတော့ တချက်တချက်ရောရော သွားတယ်ဗျ… အခုတော့ သူက codepress သုံးလိုက်တော့ syntax အရောင်တွေနဲ့ တော်တော်လေးကို အဆင်ပြေသွားတယ်..
-
အရင်က console version နဲ့ ရေးခဲ့ပါတယ်။ အခု ပိုပြီးရိုးရှင်းလွယ်ကူအောင် GUI version နဲ့ ရေးထားပါတယ်။ System Hidden Folder တွေကို ပြန်ဖော်ပေးပါတယ်။ checkbox ကို check ထားရင် Foldername နာမည်နဲ့တူတဲ့ exe တွေကို ဖျက်ပေးပါတယ်။ .NET Framework 3.5 တော့လိုတယ်။ ထုံးစံအတိုင်း C# နဲ့ပဲရေးထားတာပါ။ antiusbhidden
-
မနေ့ညက တစ်ညလုံး မအိပ်လိုက်ရဘူး။ အဲဒီ wordpress ဒုက္ခပေးနေတာနဲ့ပဲ။ ဘာပြဿနာလည်းဆိုတော့ ခွဲခြားခွဲခြား လုပ်တာပဲ။ admin , editor role ဆိုရင် <pre name=”code” class=”xhtml”> လို့ရေးပြီး publish လုပ်ရင် လက်ခံတယ်။ အဲ.. အခြား role သာဆိုရင်တော့ <pre> လို့ပြောင်းသွားတယ်။ အဲမှာ ပြဿနာစတွေ့တာပဲ။ အစက tinymce editor ပြဿနာထင်ပြီး အချိန်ကုန်ခံပြီး ကလိတယ်။ မရဘူး။ ၁ ရက် ကုန်သွားတယ်။ ၆ ရက်နေ့ဆို site က စတော့မှာ အဲဒီ အချက်မရရင်လည်း site က အဓိပ္ပာယ်မရှိတော့ဘူး ဖြစ်နေတယ်။ အဓိက google syntax highlighter တွေကို…
-
အရင်ဆုံး Ornagai tsv file ကို download ချရပါမယ်။ ဒီကို အရင်သွားပြီး TabData ဆိုတာလေးကို download ချလိုက်ပါ။ ပြီးရင် zip ဖြည်ချလိုက်တဲ့အခါမှာ entab.tsv ဆိုတဲ့ file လေးရပါမယ်။ အဲဒါကို ornagai.txt လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင် wxPydict သွင်းထားတဲ့ လမ်းကြောင်း (C:\Program Files\wxPyDict) ဆီသွားပြီး paste လုပ်လိုက်ပါ။ overwrite လုပ်မလားဆိုရင် လုပ်လိုက်ပါ။ ပြီးရင်တော့ wxPyDict ကို ဖွင့်။ Menu မှာ Update > Rebuild Database ဆိုတာလေးကို နှိပ်လိုက်။ အောက်က status မှာ build လုပ်နေကြောင်း ပြနေပါမယ်။ Done!…