nothing

  • တချို့အရာတွေ အရင်က နားမလည်ခဲ့ပေမယ့် အခုအချိန်မှာ နားလည်ခဲ့တယ်။ တချို့အရာတွေ အရင်က နားလည်ခဲ့ပေမယ့် ထင်ထားတာတွေ မှားနေခဲ့တယ်။ တချို့ အတ္တနဲ့ မာနတွေက တလွဲတွေမှန်း အချိန်က သင်ပြပေးခဲ့တယ်။ တချို့ အရာတွေက ခက်ခဲတယ်ထင်ပေမယ့် လွယ်လွယ်လေးပါဆိုတာ အချိန်က သင်ပြပေးခဲ့တယ်။

  • Git အသုံးပြုပုံကို အရိုးအရှင်း ရှင်းပြထားပါတယ်။ ကျွန်တော်ကတော့ ဘာသာပြန်ထားပေးပါတယ်။ တကယ်လို့ မှားနေတာတွေ ရှိနေရင် မူရင်း source ကို fork လုပ်ပြီး ပြင်နိင်ပါတယ်။ http://rogerdudler.github.com/git-guide/index.my.html http://try.github.com/levels/1/challenges/1 မှာ git ကို ဘယ်လို သုံးရမလဲဆိုတာကို လက်တွေ့ လေ့လာလို့ ရပါတယ်။

  • အရင်က repo မှာ ရှိခဲ့တဲ့ file list တွေပါ။ file အဟောင်းတွေရဲ့ deb လိုချင်တယ်ဆိုတဲ့ သူတွေ အတွက်ပါ။ unicode-font.deb unicode-keyboard.deb wootylab-mmkeyboard_1.0-2_iphoneos-arm.deb wootylab-zawgyihardware_0.9-1_iphoneos-arm.deb zawgyi-font-iOS-Uninstaller.deb zawgyi-font-iOS.deb zawgyi-font-old.deb zawgyi-font.deb zawgyi-iOS43-font.deb zawgyi-iPadkeyboard.deb zawgyi-iPhone43kb.deb zawgyi-keyboard-4.1.deb zawgyi-keyboard.deb zawgyiiPadkeyboard.deb Update:deb for iOS 5.1 wootylab-mmkeyboard_1.1-1_iphoneos-arm.deb wootylab-zawgyihardware_0.9-1_iphoneos-arm.deb zawgyi-iOS43-font.deb

  • ဇော်ဂျီ iOS font ကို Uninstall ဘယ်လို ပြန်ချရမလဲ ? နောက်ဆုံး Zawygi iOS 4.3 Font package မှာ uninstall script ထည့်သွင်းထားပါတယ်။ Cydia ကနေ Uninstall ချလိုက်လို့ရပါတယ်။ Restart Spring Board လုပ်လိုက်တဲ့ အခါမှာ cydia မှာ loading တက်နေပါတယ်။ ခဏနေရင် black screen မှာ circle loading နဲ့ ဖြစ်နေပါမယ်။ အဲဒီ အခါ Power + Home Screen ကို ဖိထားလိုက်ပါ။ Shutdown ကျသွားပါမယ်။ ပြီးရင် Power ပြန်ဖွင့်ကြည့်ပါ။ iOS ပြန်တက်လာပြီး ဇော်ဂျီ…

  • အခုတလော စိတ်ခံစားချက်တွေ တော်တော်လေးများနေတာနဲ့ စာမရေးဖြစ်ဘူး။ ပြီးခဲ့တဲ့ ၂ ပတ် ကျော်ကျော်လောက်က facebook မှာ Pirate ကိစ္စတွေ တော်တော်ဆွေးနွေးဖြစ်တယ်။ မြန်မာတွေ ရေးထားတဲ့ မြန်မာတွေအတွက် App ကို pirate လုပ်တာနဲ့ ပတ်သက်ပြီးတော့ပေါ့။ မြန်မာတွေ အတွက် App မြန်မာတွေ ရေးထားတဲ့ မြန်မာတွေအတွက် App လို့ဆိုလိုက်တာနဲ့ ဈေးကွက် ဘယ်လောက်ကြီးသလဲဆိုတာကို ခန့်မှန်းနိုင်မှာပါ။ ဟုတ်ပါတယ်။ မြန်မာနိင်ငံ တစ်နိုင်ငံလုံး မပြောနဲ့ ပြည်တွင်းက မြို့ကြီးတွေလောက်ပဲ ဈေးကွက်ရှိတာပါ။ ဈေးကွက် များများစားစား မရှိပါဘူး။ နောက်တချက်က App store ပေါ်မှာ တင်ရောင်းတဲ့ Myanmar App တွေပေါ့။ သူကတော့ ဈေးကွက်က နိုင်ငံတကာက မြန်မာတွေ အဓိက…

  • ဒီနေ့ Android လေး စမ်းလုပ်ကြည့်မယ်ဆိုပြီး Android SDK တွေသွင်းပြီးတော့ Tutorial တွေ ဖတ်ကြည့်လိုက်တော့။ ဖတ်လည်း ဖတ်ကြည့်လိုက်ကော တော်တော်လန့်သွားတယ်။ လက်ရှိ iOS မှာ စဉ်းစားထားတဲ့ Logic တွေနဲ့ မတူတော့ မနည်းပြန်ဖတ်ရတယ်။ Java ဖြစ်တာကြောင့် သိပ်ခက်ခဲလှတယ် မဟုတ်ပေမယ့် လူကတော့ ကြောက်လန့်သွားတာ အမှန်ပါ။ မှတ်မှတ်ရရ Python ကို စဖတ်ခဲ့တဲ့ အချိန်ကို သွားသတိရမိတယ်။ ကိုစိုးမင်း Python နဲ့ script တွေရေးပေး converter တွေ ရေးပေးတုန်းက အရမ်းသဘောကျခဲ့တာ။ Python ရဲ့ Speed က ကျွန်တော် PHP run တာထက် အများကြီးတာတယ်။ code တွေကလည်း တိုတိုလေးတွေ။…

  • ရန်ကုန်မြို့ပေါ် ရောက်ရောက်ခြင်း ကြုံတွေ့ရတာကတော့ ရန်ကုန်လေယာဉ်ကွင်းကြီးပဲ။ ဘာမှ ထွေထွေထူးထူး ပြောင်းလဲ မှုမရှိတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါပဲ ။ ရန်ကုန်လေဆိပ်ကို တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျတယ်။ အရမ်းရှင်းတယ်။ လမ်းက ဒီတစ်လမ်းပဲ ရှိတယ်။ ချန်ဂီ လေယာဉ်ကွင်းတို့ သုဝဏ္ဍဘူမိ လေယာဉ်ကွင်းတို့လို့ တစ်နေရာသွားဖို့ ဟိုဟာဖတ်ရ ဒီဟာ ဖတ်ရတာတွေ တစ်ခုမှ မရှိဘူး။ ဝင်လည်း ဒီလမ်းကြောင်းပဲ။ ပြန်ထွက်တော့လည်း ဒီလမ်းကြောင်းပဲ။ ထွေထွေထူးထူး ကြည့်နေစရာမရှိဘူး။ custom မှာလည်း အေးအေးဆေးဆေးပဲ။ အရင်ကနဲ့တောင် မတူတော့ဘူး။ ကိုယ့်နိုင်ငံကို ကိုယ် သက်တောင့်သက်တာ ပြန်လို့ရလာတာ ဝမ်းသာစရာပဲ။ အရင်တုန်းကတော့ အိပ်တွေကို ဖွင့်ဖွင့်စစ်လို့ ဖွင့်ရ ပိတ်ရ လုပ်ရတာ တော်တော်…

  • အခု စာရေးတဲ့ အချိန်က စင်္ကာပူမှာ ည ၁ နာရီထိုးနေပြီ။ မနက်ဖြန် တနင်္လာ ရုံးပြန်တက်ရတော့မယ်။ ဒီ အပတ် စနေ တနင်္ဂနွေ ရုံး အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ အင်္ဂါ နေ့ client ကို ပေးရမှာ ဖြစ်တာကြောင့် ပြီးအောင် လုပ်လိုက်ရတယ်။ တော်သေးတာကတော့ အိမ်မှာ အလုပ်လုပ်လို့ ရတာပဲ။ Weekend တွေဆိုရင် ရုံးမသွားချင်ဘူး။ ရုံးသွားရတာထက် အိမ်မှာ အလုပ်လုပ်ရတာ ပိုသဘောကျတယ်။ အဓိက ပြဿနာက product က ထင်သဘောက် မပြီးတော့ နောက်ဆုံး ကျွန်တော့် လက်ထဲ ရောက်လာပြီး လောလော နဲ့ လုပ်ခိုင်းတာပဲ။ အိန္ဒိယ ရုံးခွဲက လူတွေ က အလုပ်မလုပ်တာလည်း ဆိုတော့…