nothing
-
ရန်ကုန်မြို့ပေါ် ရောက်ရောက်ခြင်း ကြုံတွေ့ရတာကတော့ ရန်ကုန်လေယာဉ်ကွင်းကြီးပဲ။ ဘာမှ ထွေထွေထူးထူး ပြောင်းလဲ မှုမရှိတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါပဲ ။ ရန်ကုန်လေဆိပ်ကို တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျတယ်။ အရမ်းရှင်းတယ်။ လမ်းက ဒီတစ်လမ်းပဲ ရှိတယ်။ ချန်ဂီ လေယာဉ်ကွင်းတို့ သုဝဏ္ဍဘူမိ လေယာဉ်ကွင်းတို့လို့ တစ်နေရာသွားဖို့ ဟိုဟာဖတ်ရ ဒီဟာ ဖတ်ရတာတွေ တစ်ခုမှ မရှိဘူး။ ဝင်လည်း ဒီလမ်းကြောင်းပဲ။ ပြန်ထွက်တော့လည်း ဒီလမ်းကြောင်းပဲ။ ထွေထွေထူးထူး ကြည့်နေစရာမရှိဘူး။ custom မှာလည်း အေးအေးဆေးဆေးပဲ။ အရင်ကနဲ့တောင် မတူတော့ဘူး။ ကိုယ့်နိုင်ငံကို ကိုယ် သက်တောင့်သက်တာ ပြန်လို့ရလာတာ ဝမ်းသာစရာပဲ။ အရင်တုန်းကတော့ အိပ်တွေကို ဖွင့်ဖွင့်စစ်လို့ ဖွင့်ရ ပိတ်ရ လုပ်ရတာ တော်တော်…
-
အခု စာရေးတဲ့ အချိန်က စင်္ကာပူမှာ ည ၁ နာရီထိုးနေပြီ။ မနက်ဖြန် တနင်္လာ ရုံးပြန်တက်ရတော့မယ်။ ဒီ အပတ် စနေ တနင်္ဂနွေ ရုံး အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ အင်္ဂါ နေ့ client ကို ပေးရမှာ ဖြစ်တာကြောင့် ပြီးအောင် လုပ်လိုက်ရတယ်။ တော်သေးတာကတော့ အိမ်မှာ အလုပ်လုပ်လို့ ရတာပဲ။ Weekend တွေဆိုရင် ရုံးမသွားချင်ဘူး။ ရုံးသွားရတာထက် အိမ်မှာ အလုပ်လုပ်ရတာ ပိုသဘောကျတယ်။ အဓိက ပြဿနာက product က ထင်သဘောက် မပြီးတော့ နောက်ဆုံး ကျွန်တော့် လက်ထဲ ရောက်လာပြီး လောလော နဲ့ လုပ်ခိုင်းတာပဲ။ အိန္ဒိယ ရုံးခွဲက လူတွေ က အလုပ်မလုပ်တာလည်း ဆိုတော့…
-
Windows Phone 7.5 Mango အတွက် မဟာဘုတ် App ပါ။ မြန်မာလို နဲ့ အင်္ဂလိပ် လိုပါ ပါဝင်ပါတယ်။ Download
-
ကျွန်တော်တို့ ရုံးက အသစ်ထုတ်လိုက်တဲ့ Game ပါ။ စာလုံး Game တွေ သဘောကျတဲ့ သူတွေအတွက်ပါ။ အဓိက English စာလုံး game ပါပဲ။ စစ ဆော့ချင်းမှာ စာလုံး တစ်လုံးလာမယ်။ အဓိပ္ပာယ်ရှိတဲ့ စာလုံး တစ်လုံး ဖြည့်မယ်။ နောက်တစ်ယောက်က နောက်ထပ် စာလုံး ထပ်ဖြည့်တဲ့ အခါမှာ စာလုံးတွေကို နေရာရွေ့ပြီး ဖြည့်လို့ရတယ်။ ကစားကြည့်ပါ။ ပျော်စရာ ကောင်းသလို English စာလုံး အသစ်တွေလည်း တိုးတက်ပါတယ်။ Download at App store
-
အစ်ကို ဝမ်းကွဲက သူ ဝယ်ထားတဲ့ Xoom မှာ မြန်မာလို ထည့်ချင်လို့ ဆိုတာနဲ့ Root စမ်းလုပ်ကြည့်တယ်။ သူ့မှာက one click မရှိတဲ့ အတွက်ကြောင့် အချိန်တော့ နည်းနည်းပေးလိုက်ရတယ်။ http://forum.xda-developers.com/showthread.php?t=1242241 မှာ အသေးစိတ်ရေးထားတယ်။ Root မလုပ်ခင်မှာ data တွေ အားလုံးကို backup လုပ်ထားပါ။ data တွေ အကုန်ပျက်သွားမှာ ဖြစ်ပြီး လုံးဝ အစ အတိုင်း ဖြစ်သွားမှာ ဖြစ်လို့ပါ။
-
အခုတလော အလုပ်ကို လုံးဝ ကို မအားတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ ရုံးအလုပ်တစ်ခုတည်းပဲ အာရုံစိုက်ပြီး လုပ်နေတာကြောင့်လည်း ပါတာပေါ့။ facebook တောင် တခါတလေလောက်ပဲ ကြည့်ဖြစ်တယ်။ သတင်းတွေလည်း သိပ်မဖတ်ဖြစ်ဘူး။ ရုံးမှာ အလုပ်များနေတာနဲ့ OrnagaiMe မဲပေါက်တဲ့သူ စာရင်းကို အခုမှပဲ ကြေငြာဖြစ်တော့တယ်။ ကျွန်တော် အခု 30 free ပေးထားပါတယ်။ မဲပေါက်တဲ့သူတွေ email တွေမှာ စစ်ကြည့်လိုက်ပါခင်ဗျာ။ Promo code ဘယ်လို သုံးရမလဲ မသိသူတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ။
-
Part 1 ကို အရင် ဖတ်ရန် Ava framework ကို ဒီမှာ download ချလိုက်ပါ။ ရလာတဲ့ zip file ကို localhost အောက်မှာ testRest ဆိုပြီး ပေးထားပါတယ်။ zip file ထဲက file တွေအားလုံးကို testRest အောက်ကို ပို့လိုက်ပါတယ်။ ပြီးရင် http://localhost/testRest ဆိုပြီး ခေါ်ကြည့်ရင် အောက်ကလို မြင်ရပါမယ်။ ကဲ .. ကျွန်တော်တို့တွေ စရေးလို့ရပါပြီ။ /system/application/controller အောက်က file တွေကို ဖျက်လိုက်ပါ။ /system/application/model အောက်က file နှင့် /system/application/view အောက်က file တွေပါ အပါအဝင်ပေါ့။ ပြီးရင် /system/config/development.php မှာ…
-
ဒီနေ့ မြန်မာ နဲ့ ဗီယက်နမ် ပွဲကို မကြည့်ဖြစ်လိုက်ဘူး။ မကြည့်ဖြစ်ဘူးဆိုတာကလည်း ရုံးချိန် ဖြစ်နေလို့ ဆိုရမယ်။ မလေး နဲ့ ပွဲတိုင်းက အိမ်ရောက်ရောက်ခြင်း ဖွင့်ကြည့်ပြီး အားပေးလိုက်ပေမယ့် ရှုံးသွားခဲ့တယ်။ ဒီနေ့တော့ ရုံးချိန်မှာဆိုတော့ online ကနေ status လေး ကြည့်နေရုံပဲ။ Facebook မှာ မြန်မာ ဂိုးစသွင်းပြီးဆိုတော့ ဝမ်းသာသွားမိတာ အမှန်ပဲ။ တစ်ချိန်တစ်ခါတုန်းက မြန်မာ အသင်းပေါ် မကျေမနပ်ဖြစ်တဲ့ စိတ်တွေ ပျောက်သွားတယ်။ ပြောလည်း ခံရမှာပဲလေ။ ဘယ်လောက်ရုံးရုံး အမြဲတန်း အားပေးနေမိတာပဲ။ မှတ်မိသေးတယ်။ ငယ်ငယ်တန်းက ဗီယက်နမ် နဲ့ ပွဲမှာ အောင်ကျော်ကျော် ထုတ်ခံလိုက်ရတော့ မကျေမနပ်တွေ ဖြစ်လိုက်ရဖြစ်ခြင်း။ အဲတုန်းက ကျွန်တော် ကလေးပဲ ရှိအုံးမယ် ထင်ပါ့။…
