nothing

  • တနေ့မှာ လူ၂ယောက်ဟာ ခရီးသွားရင်း မြစ်တစ်ခုရှေ့ကို ရောက်လာတယ်။ ပထမလူ ။။ ငါ မြစ်ကို ရေကူးပြီးသွားလိုက်မယ်။ ဒုတိယလူ ။။ ခဏနေပါအုံး။ အနီးအနားမှာ လှေတို့ တံတားတို့ ရှိမလား အရင်ရှာလိုက်အုံးမယ်။

  • Cloud ဆိုတာကလည်း နာမည်ကြီးနေတာ တော်တော်လည်းကြာလာပါပြီ။ Cloud နဲ့ပတ်သတ်ပြီး လူသုံးများတာကတော့ SAAS ပါပဲ။ နောက်ပြီး Amazone, Rackspace တို့လို cloud server တွေပေါ့။ Cloud ကိုလည်း ရုံးမှာ အဓိက သုံးဖြစ်ပါတယ်။ Github , Google Docs , Protoshare , Clarizen , စတာတွေကို သုံးနေပါတယ်။ SAAS က အခုနောက်ပိုင်း တော်တော်လေး အသုံးများလာသလို online ဈေးကွက်အသစ်လည်း ဖြစ်လာတယ်။ ကျွန်တော် လက်ရှိသုံးနေတာက Dropbox နဲ့ Evernote ပဲ။ free ရတာကြောင့်လည်း ပါတယ်။ သုံးရတာလည်း အဆင်ပြေတယ်။ သဘောအကျဆုံး အချက်က offline ရတာပဲ။…

  • ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင်…

  • အခု ornagai website မှာ iPhone, Android တို့ကို support လိုက်ပါပြီ။ ထို့အပြင် iPhone တွင် Web App အနေနဲ့ပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ မြန်မာစာ font မသွင်းလည်း မြန်မာစာကို မြင်ရအောင် ဖန်တီးပေးထားပါတယ်။ Add Home Screen ကနေ တဆင့် iPhone Web App အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဘယ်လို ပြုလုပ်ရမလဲဆိုတာ အောက်မှာ ပုံအဆင့်ဆင့်တို့နှင့် ပြသထားပါတယ်။ Zawgyi keyboard ရှိတဲ့ iPhone, iPodTouch များ မြန်မာလို ရှာဖွေနိုင်ပါတယ်။ more

  • ဒီနေ့ Ornagai ကို iphone,android support လုပ်အောင် ဆွဲတော့မှ MVC ဘာကြောင့်ကြိုက်လဲ သဘောပေါက်တော့တယ်။ ဘာဆိုဘာမှ မလိုဘူး။ Controller ကလည်း အရင်အတိုင်း ပို့တာပဲ။ Model ကနေ အရင်လိုပဲ Function ခေါ်ပြီး သုံး။ လိုအပ်တာကို view ကို ပို့ပေးလိုက်တာ။ Model ကလည်း အသစ်ပြန်ရေးစရာမလိုသလို Controller ကလည်း နာမည်လေးပဲ ပြောင်းသွားတာရှိတယ်။ များများ စားစား အသစ်ပြန်ရေးစရာ ရှိကို မရှိတာ။ View မှာ design လေး ပြင်လိုက်ရုံပဲ။ ၁ ရက်ထဲနဲ့ ပြီးသွားတယ်။ အရင်တုန်းကဆိုရင် Design ပြောင်းပြီဆိုရင် စိတ်ပျက်ဖို့ကောင်းတယ်။ အကုန်လုံးကို ပြန်ပြင်ရတာကို။ code တွေကလည်း design…

  • မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။

  • တော်တော်ရယ်ရတာပဲ.. သူပြောတော့လည်း ဟုတ်နေတာပဲ… နောက်မှ video site မှာ upload ပြန်တင်လိုက်အုံးမယ်။ http://sharepoint.microsoft.com/businessproductivity/why-microsoft/pages/google-apps.aspx#fbid=cInf6-ifB6W