nothing

  • ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြောတုန်း အခု လက်ရှိ Angular နဲ့ ရေးနေတယ်လို့ ဆိုတယ်။ ဒါနဲ့ ဘယ်လို နေလဲ ဆိုတော့ မိုက်တယ် လို့ ပြောတယ်။ CodeSchool မှာလည်း လေ့လာလို့ ရတယ်။ Google က Sponsor ပေးထားပြီး free course ပါ။ CodeSchool မှာကတော့ တကယ့်ကို အခြေခံပဲ သင်တယ်။ Angular က version 0.9 ကနေ 0.10 လောက်ထိ သုံးဖူးတယ်။ documentation မရှိတာကြောင့် လေ့လာဖို့ ခက်တယ်။ ဘာတွေ လုပ်လို့ လုပ်လို့ ရမှန်း မသိဘူး။ ဒါနဲ့ မလေ့လာဖြစ်ခဲ့ဘူး။ တနင်္လာနေ့…

  • Node.js ကို စသုံးတုန်းကတော့ အတော်ကို သဘောကျပြီးတော့ Node.js နဲ့ ပဲ web ကော script တွေပါ အကုန် ရေးဖြစ်တယ်။ အခု project တစ်ခုကို ပြန်လုပ်တော့ ဘာနဲ့ မြန်မြန်ပြီးမလဲဆိုပြီး စဉ်းစားတော့ slim framework ကို စဉ်းစားမိပြီး slim နဲ့ ပဲ လုပ်လိုက်တာ တော်တော်လေးကို မြန်မြန်ဆန်ဆန် ပြီးသွားတယ်။ Front end ကိုတော့ HTML , jQuery ပဲ သုံးထားပြီး backend ကိုတော့ restful ကို slim နဲ့ လုပ်လိုက်တာ ပြီးသွားတယ်။ Database ကတော့ အရင် အဟောင်း data ရှိတဲ့ အတွက်…

  • iOS 8 စထွက်တဲ့ နေ့တုန်းက XCode 6 ကို download ချ။ Swift ကို လေ့လာပြီး iOS 8 အတွက် keybaord ရေးဖြစ်တယ်။ Sar keyboard ကိုပဲ အခြေခံပြီး Swift နဲ့ ပြန်ပြင်ရေးထားတယ်။ အခု key တွေ အားလုံး ထည့်ပြီးပြီ။ keyboard လည်း ပြောင်းလို့ရတယ်။ iOS 8 မှာတော့ bugs လေးတွေ ရှိသေးတော့ keyboard view က ပြဿနာတွေ ရှိသေးတယ်။ နောက်ထပ် release မှာ ထပ်စမ်းရမယ်။ Back button က long press ကို အလုပ်မလုပ်သေးဘူး။ အဲဒါကို…

  • Mongodb University

    Mongodb University ကို သိတာကတော့ တော်တော်ကြာပြီ။ စသိကာစက အဓိက Mongodb for DBAs ဖြစ်တာကြောင့် မတက်ဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ မတ်လမှ mongodb for node.js ကို တွေ့တာနဲ့ တက်ဖြစ်လိုက်တယ်။ မတ် လ ၂၄ ရက်ကနေ စပြီးတော့ မေလ ၁၃ ရက်နေ့ အထိ ကြာတယ်။ တစ်ပတ်ကို အခန်း ၁ ခန်းနဲ့ စုစုပေါင်း Final exam အပါအဝင် ၇ ပတ် ရှိတယ်။ ပထမ အပတ်ကတော့ လွယ်တယ်။ နောက်ပိုင်းတွေမှာတော့ ရုံးက အလုပ်နဲ့ ဆိုတော့ သောကြာနေ့ည ဒါမှမဟုတ် စနေ တနင်္ဂနွေမှ သာ စာလုပ်ဖြစ်တော့တယ်။ သင်တာတွေကတော့…

  • အခုတလော Gitbook ကို HTML 5 စာအုပ်အတွက် သုံးဖြစ်တယ်။ Gitbook ကို Hacker News မှာ တွေ့ပြီးကတည်းက HTML 5 စာအုပ်ကို gitbook နဲ့ ရေးမယ်ဆိုပြီး ဆုံးဖြတ်ဖြစ်တယ်။ လက်ရှိ ရေးထားတာတွေ အကုန်ကို markdown ပြန်ပြောင်းပြီး gitbook format လုပ်လိုက်တယ်။ အဲဒီတုန်းက gitbook ဟာ static web နဲ့ pdf ပဲ generate လုပ်လို့်ရသေးတယ်။ epub ကို generate လုပ်လို့ မရသေးဘူး။ သူတို့ epub version အတွက် လုပ်နေတယ်လို့ github issue မှာ ဖြေထားတာကို တွေ့မိတယ်။ Gitbook ကို…

  • mmwebfonts ကို ၂၀၁၂ ဖေဖော်ဝါရီကနေ စခဲ့တာ အခုဆိုရင် ၂ နှစ်ကျော်နေပါပြီ။ အခု mmwebfonts ကို openshift ကနေ digitalocean ကိုပြောင်းထားလိုက်ပါတယ်။ DigitalOcan စင်္ကာပူ server ကို အသုံးပြုထားတာကြောင့် အာရှဘက်ကနေ အသုံးပြုသူတွေအနေနဲ့ အရင်ကထက် ပိုမြန်လာပါလိမ့်မယ်။ နောက်ပြီးတော့ css နဲ့ font files တွေကို browser cache ၂ ရက် ထားထားပါတယ်။ ဒါကြောင့် တစ်ခါ css ကို load ခေါ်ပြီးတိုင်း နောက်တကြိမ်ဆိုရင် browser cache ကနေ ပဲ အသုံးပြုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂ ရက်က သုံးစွဲသူ အရေအတွက်ကို သိလိုတာကြောင့် tracking ထည့်ထားပါတယ်။…

  • HTML 5 စာအုပ်ကို စက်တင်ဘာလ ၂၀၁၃ ကတည်းကရေးနေပေမယ့် ဒီနေ့တော့ အခန်း ၉ ကို ပြီးသွားပါပြီ။ နောက်ဆုံး ရေးဖို့ ထားထားတဲ့ javascript နဲ့ canvas အခန်းပဲ ကျန်ပါတော့တယ်။ HTML 5 အကြောင်းရေးမယ်ဆိုတော့ CSS လည်း အနည်းငယ်သိဖို့ လိုသလို javascript လည်း သိဖို့လိုပါတယ်။ ဒါကြောင့် စာအုပ်ထဲမှာ CSS ကော javascript ပါ ထည့်ရေးဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ စာအုပ် တစ်အုပ်လုံး နီးပါး ပြီးနေပါပြီ။ အခန်း ၂ ခန်းပြီးရင်တော့ HTML 5 စာအုပ်ပြီးပြီလို့ ဆိုနိုင်ပါတယ်။ အခုတလော ရုံးအလုပ်ကလွဲပြီး ကျန်တဲ့ လုပ်လက်စ app တွေကော…

  • လက်ရှိ Mac Book ကို 2011 ကို ဝယ်ထားတဲ့ MacBook Pro (13-inch, Early 2011) ပါ။ Computer တစ်ခါဖွင့်ထားပြီးရင် ဒီအတိုင်းထားပြီးတော့ ကော်ဖီဖျော်ပြီး ပြန်လာတာတောင် boot တက်တာ မပြီးသေးဘူး။ boot တက်ပြီးရင် copy app sync လုပ်တာ ထပ်စောင့်ရသေးတယ်။ boot တက်ပြီးတော့ OS မြင်နေရပေမယ့် စက်က တော်တော်နှေးနေသေးတယ်။ ကွန်ပြူတာ တစ်ခါ ဖွင့်ဖို့ ၂ မိနစ်ကနေ ၅ မိနစ်ကြာတတ်တယ်။ အခု SSD ပြောင်းလိုက်တော့ ၁၂ စက္ကန့်ပဲ ကြာတော့တယ်။ အခုဖွင့်ပြီး ၁၂ စက္ကန့်ကြာရင် desktop မြင်ရပြီ။ ချက်ခြင်းသုံးလို့ရတယ်။ copy app…