အနွေးထည် ဝတ်ခွင့်မရှိတဲ့ UCSY

ကောင်းကြသေးရဲ့လားဗျာ….ကျွန်တော် ကျောင်းကိစ္စတွေ မပြောတာကြာလှပြီ…ကျွန်တော်တို့ ပါချုပ်မလာတာနဲ့ ဘာပြသနာမှ မဖြစ်တာလည်းပါတာပေါ့…အဲ..ဒီနေ့တော့ ရောက်ချလာပါရောဗျာ….ကျောင်းတစ်ခုလုံး စိတ်ညစ်ဖို့ ကံတရားကြီးဆိုက်ရောက်လာသလိုပဲ… ထုံးစံအတိုင်း uniform တွေလိုက်စစ်ပါလေရော….ဘယ်လောက်ထိတောင် လိုက်စစ်လဲဆို canteen ပါမကျန်ဗျာ…လိုက်စစ်တာ….ထားလိုက်ပါ….ကျောင်းစည်းကမ်းမလိုက်နာလို့ လက်မှတ်ထိုးခိုင်း…ကျောင်းက ရောင်းတဲ့ ပုဆိုးဝယ်ခိုင်းတာတွေ….ဒါတွေကတော့ ကျောင်းဘက်ကမှန်နေတယ်လို့တော့ ပြောနိုင်တာပေါ့… အဲ…ဒီနေ့ second year ကောင်လေးတစ်ယောက်…ကျောင်းစည်းကမ်းလိုက်နာပါတယ်…ဆိုးတာလေးတစ်ခုကတော့ အနွေးထည်လေးဝတ်လာမိလိုက်တယ်..ပါချုပ်နဲ့ လည်းတွေ့ရော…အနွေးထည်ကို သိမ်းသွားပါလေရော….ကောင်းကြသေးရဲ့လားဗျာ….ဒါတင် မပြီးသေးဘူး..roll no ပါမှတ်သွားသေးတယ်တဲ့….ငါတို့ ပါချုပ် အနွေးထည်တွေ လိုက်သိမ်းနေတာ ဘာလုပ်မလို့လဲမသိဘူး….ပြီးရင် လမ်းဘေးမှာ ချရောင်းဖို့လားမသိဘူး… မနှစ်ကလည်း ကောင်မလေးတစ်ယောက်…ဝတ်လာတာ မြန်မာဆန်ဆန်လေးပါ….ပါချုပ်က ဘာပြောလဲထင်လဲ…ကျောင်းစည်းကမ်းလိုက်မနာဘူးတဲ့…အဲဒီတုန်းက ဆရာမတွေကတော့ နည်းနည်းကြောင်သွားတယ်…ဘာဖြစ်လို့လည်းပေါ့….ကောင်မလေးက ကျောင်း uniform နဲ့ပဲပေါ့….ဘာပြစ်ချက်ရှိလို့လဲ…ဆိုပြီးတော့ စဉ်းစားကြသေးတယ်…အပေါ်က အင်္ကျ ီ ထပ်ဝတ်လာတယ်တဲ့..ဆိုပြီးပါချုပ်က အနွေးထည် သိမ်းသွားရောဗျာ….ကောင်းသေးရဲ့လားဗျာ…. မနှစ်တုန်းကတော့ အနွေးထည်တွေတော်တော်လေး သိမ်းခံထိလိုက်တယ်…ဘာလုပ်မလို့လဲမသိဘူး…အနွေးထည်တွေလိုက်သိမ်းပြီးတော့…စိတ်ညစ်ဖို့ကောင်းတယ်… ဒါကြောင့်…More

UCSY ကျောင်းသားများနှင့် Programmer များသို့

Computer နယ်ထဲမှာ ဝင်ရောက်ဖို့ ဘယ်အချိန်ကဆုံးဖြတ်မိတာလဲ ? လူငယ်တွေက ဘာကြောင့် Computer ကို ဘယ်အချိန်မှာ စဝင်စားတာလဲ ? ကျွန်တော်တွေးမိတယ်ဗျာ….. ကျွန်တော်ကရော ဘာဖြစ်လို့ Computer ကို ဒီလောက်သဘောကျနေတာလဲ…ကျွန်တော့် Blog ကို ဖတ်တဲ့ သူတွေကော စဉ်းစားမိရဲ့လားတော့ မသိဘူးဗျ…ကျွန်တော် စဉ်းစားမိတာလေးကတော့…… ၁၀ တန်းအောင်ရင် လူငယ်တွေ ဘာလုပ်မလဲ? အဲဒီ အချိန်မှာ အိမ်က လူကြီးတွေက လူငယ်တွေ လေလွင့် ပျက်စီးမှာ စိုးရိမ်ကြတယ်…. သင်တန်းတစ်ခု တက်ဖို့ပြောရော…လူငယ်တွေကလည်း နားပူလို့ပဲဖြစ်ဖြစ်…စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်…Diploma လေးရဖို့ပဲဖြစ်ဖြစ်…. စာမသင်ရင် မနေနိုင်လို့ပဲဖြစ်ဖြစ်….အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖြစ်ကြတယ်….အဲဒီ အချိန်မှာ ဘယ်သင်တန်းတက်မလဲ…. လူငယ်ဆိုတာ သိတဲ့ အတိုင်းပဲ popular ဖြစ်တာကို တက်ချင်ကြတယ်… မိန်းကလေးချောချာ ရှိနိုင်မယ်လို့ထင်တဲ့ နေရာကို…More

မြန်မာနိုင်ငံက Programmer အဆင့်က သန့်ရှင်းရေးသမားလောက်တောင် အဆင့်မရှိဘူးလားဗျာ….

ကျွန်တော်ပြောချင်နေတာ တော်တော်လေးကြာပြီဗျာ….ဘာလဲဗျာ….Computer ဘွဲ့က သုံးစားမရဘူးလားဗျာ….သုံးစားမရရင်နေ…..ဘွဲ့ရဲ့ သိက္ခာလေးကို တော့ ထောက်အုံးပေါ့ဗျာ… ဘွဲ့က အလကားနေရင်းရလာတ မဟုတ်ဘူးဗျ…၃ နှစ်အချိန်ကုန် ပြီးရလာတာဗျ… ဘွဲ့ရပြီး အလုပ်ဝင်တော့မယ်ဆိုရင် လောကကြီးကစတင် စိတ်ညစ်ဖို့ကောင်းလာမှာ အမှန်ပဲ…ကျောင်းတုန်းကနဲ့ မတူတော့ဘူးဗျ….Computer ကဘွဲ့ရပြီးလို့ programmer လေးဝင်လုပ်ရင် ဘယ်လောက်ရမယ်ထင်နေလဲ…. Singapore ကလို လခကောင်းမယ်ထင်နေလား…. ထင်မိရင်တော့ အဲဒီ အတွေးကို မြောင်းထဲပစ်လိုက်တော့…. ဒါက ရန်ကုန်… Singapore မဟုတ်ဘူး…. စဝင်ခါစ ဆိုရင်တော့ လူငယ်တွေက ပညာသင်ချင်တာရယ် အတွေ့အကြုံရချင်လို့ရယ်…..ဒါကြောင့် အလုပ်လုပ်နေရတာ…. အဲဒါကို လုပ်ငန်းရှင်တွေက သိတော့ သန့်ရှင်းရေးသမားလောက်တောင် လခမပေးဘူးဗျ…. ရေးခိုင်းတာကလည်း အသေအကြေ… ပညာနဲ့ အတွေ့အကြုံအတွက် ကိုယ့်ဘ၀ ၂ နှစ် ၃နှစ်လောက်ကို အငတ်ခံပြီး ရင်းနေရတာဖြစ်နေပြီဗျ….စရတဲ့ လခက…More

ဘယ်လိုဖြစ်တာလဲ UCSY

ကျွန်တော်တို့ ကျောင်းကြီးဘာဖြစ်သွားတာလဲ….ဘာတွေဖြစ်ကုန်တာလဲဗျာ……Master ခေါ်တာက ၂ ယောက်ပဲ……ခေါ်တယ်ထင်လား…….. မဟုတ်ဘူးဗျ….၂ ယောက်ပဲကျန်ခဲ့တာ။Hones တစ်ခန်းလုံးပါတယ်ဗျာ။ နောက်ပြီး Hones ကိုဘယ်လောက်ခေါ်လိုက်တယ်ထင်လဲ။ ၇၅၂ ယောက်တဲ့ဗျာ။ ဒါကြောင့် ကြွေးကျန်မပါသေးဘူး။ အားပါး..ပါး…ငါတို့ ပါချုပ်က ဘယ်လိုထိန်းမလဲမသိဘူး။ အဲဒါတောင် အားမရသေးဘူး First Year လေးတွေကို အယောက် ၃၀၀၀ ကျော်တောင်ခေါ်လိုက်တယ်ဗျာ။ ရက်စက်လိုက်တာ။ ကလေးတွေကို ခေါ်ပြီး နှိပ်စက်တာလားမသိဘူး။ တစ်ခန်းကို အယောက် ၂၀၀ မကထားတယ်ဗျာ။ ၁၃၅ ယောက်ကတောင် ပူလို့အိုက်လို့ သေချင်စိတ်ပေါက်နေတာ။ အယောက် ၂၀၀ ဆိုတော့ မတွေးဝံစရာပဲ။ ၁၃၅ ယောက်ကတောင် ဆရာ ၊ ဆရာမတွေ စာကောင်းကောင်းမသင်နိုင်တာ။ အင်း…First Year လေးတွေကိုတော့ မပြောတော့ပါဘူး။ ဆရာ ၊ ဆရာမတွေ…More

ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ

ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ တစ်နှစ် တစ်တန်း နဲ့ ဘာလိုလိုနဲ့ တတိယနှစ်တောင် အောင်သွားပြီ…..မအောင်စရာ အကြောင်းလည်း မရှိဘူးလေ ၊ လူတိုင်းကို အောင်နေတာပဲ…အတင်းကို အအောင်ပေးတာပဲ…ကွန်ပျူတာက တစ်နှစ် တစ်နှစ်ပြီးသွားတဲ့ လူတွေက မနည်းဘူး….ဒါပေမယ့် ကွန်ပျူတာ ပညာရှင်တွေတော့ မဟုတ်ကြဘူးဗျ….ဘွဲ့လက်မှတ် ရမဲ့ သူတွေ.. ကွန်ပျူတာ တက္ကသိုလ်က A ခန်းကလူတွေကတော့ တကယ်တော်တယ်ဗျာ…စာတော်တော်ကျက်နိုင်တယ်ဗျ…ကျွန်တော်ကတော့ စာကျက်လည်း မကျက်ချင်ဘူး… ကျက်ရမှာလဲ ဝါသနာ မပါဘူးဗျ… ဒါကြောင်း A ခန်းလည်း မရောက်ဘူး… ကဲ..ဒါတွေထားလိုက်ပါ… တတိယနှစ်ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ ကောင်းကောင်းမသိတော့ဘူး…. တယောက်တမျိုးပေါ့ဗျာ… တချို့တွေက စင်္ကာပူထွက် ပြီး စာဆက်သင် ၊ တချို့ကျတော့လည်း Hones ဆက်တက် ၊ Hones မဝင်တဲ့သူတွေက MCSE တို့…More

ကွန်ပျုတာ တက္ကသိုလ်

မြန်မာနိုင်ငံကွန်ပျုတာလောကတည်ရှိနေတာ အချိန်တော်တော်လည်းကြာလှပါပြီ။ မြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ပျုတာလောနှင့် ယှဉ်ရင်တော်တော်လေးနောက်ကျနေပါပြီ။ ဘာကြောင့်လဲ……။ မြန်မာနိုင်ငံမှာ ကွန်ပျုတာ အခွေတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်။ လွယ်လွယ်ကူကူလည်း လေ့လာနိုင်ပါတယ်။ ဒါပေမယ့်လိုအပ်တာက အခွေတခုတည်းမဟုတ်ပါဘူး။ တွဲဘက် အသုံးပြုရမယ့် hardware အပိုင်းလည်းရှိသေးပါတယ်။ hardware တွေဈေးကကြီးတော့ တော်ရုံတန်ရုံမဝယ်နိုင်ပါဘူး။ ဝယ်ချင်ရင်လည်း မြန်မာနိုင်ငံမှာ ဝယ်လို့မရပါဘူး။ အဲဒီအချက်က တော်တော်ဆိုးဝါးတဲ့ အချက်ပါ။ နောက်ပြီး လေ့လာမှုပိုင်းက pro အဆင့်ကို ရောက်အောင်သင်ပေးနိုင်တဲ့သူ မရှိပါဘူး။ တော်တဲ့သူတွေကလည်းနိုင်ငံခြား ထွက်ကုန်ကျပြီ။ ထွက်တာကလည်း အပြစ်ဆိုလို့မရဘူးဗျ။ သူတို့ပိုက်ဆံနဲ့ သူတို့ပညာရှာတယ်။ ပညာစုံတော့ လခကောင်းကောင်းရပြီး တိုးတက်တဲ့နေရာကိုသွားတာဆိုတော့ သူတို့အပြစ်မဟုတ်ဘူးပေါ့။ ကွန်ပျုတာတက္ကသိုလ်မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုတာ ကျောင်းသားတိုင်း ဆရာ ဆရာမတိုင်းသိပါတယ်။ ယခုခေတ်မှာ software, hardware, networking,…More