နားမလည်နိုင်တဲ့ UCSY

ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ…. ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး… ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်… ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ…. တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့… အဲ… Master လည်းရောက်ရော… ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ… master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော… ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော… ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့… အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ… အဲဒါကို သွားအပြစ်တင်တော့…. အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ… အခြေခံမရိုက်သွင်းထားတဲ့…More

တိုးတက်အုံးမယ် UCSY

ဒီနေ့ကျောင်းကို သွားဖြစ်သွားတယ်။ ကျောင်းက national thesis ဆိုလို့ စိတ်ဝင်စားလို့ သွားပြီး စုံစမ်းတာလည်း ပါတာပေါ့။ national thesis မဟုတ်ခင်က 2006 က thesis တွေကိုလည်း သူငယ်ချင်း အကူအညီနဲ့ ဖတ်ဖြစ်ခဲ့တယ်။ နှမြောတယ်ဗျာ။ အချိန်တွေကို နှမြောမိတယ်။ thesis ဆိုတာက project အဆင့်သာသာလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ theory တွေ စာတွေကတော့ အများကြီးပဲဗျ။ တကယ်တန်းလုပ်တဲ့ အပိုင်းက project သာသာတောင် မရှိဘူးဗျာ။ နှမြောလိုက်တာ အချိန်တွေကို။ thesis တစ်စောင် အတွက် အချိန်က ၁ နှစ်လောက်ပေးရတယ်။ စဉ်းစားကြည့်လေဗျာ။ ၁ နှစ်ဆိုတဲ့ အချိန်က thesis လေး တစ်စောင် ကောင်းကောင်းလောက်တော့ ထွက်သင့်တာပေါ့။…More

ကျောင်း canteen များမပိတ်ပါ

ကျောင်း canteen တွေမပိတ်ပါဘူး..ဖျက်ပြီး အသစ်ပြန်ဆောက်မှာပါ…၁ ဆိုင်ကို ၂ ဆိုင်စာ ဖြစ်အောင်ပြောင်းမှာပါ…ကျောင်းက ဆိုင်တွေ ကျဉ်းကုန်ပါတော့မယ်…အခုလက်ရှိဆိုင်တွေက ၂ ဆိုင်ဖြစ်တော့မယ်ထင်တယ်..အောင် ကတော့ နောက်နှစ်ဆို ၂ ဆိုင်ဖြစ်ပြီတော့..အကျယ်ကတော့ ဒီလောက်ပဲ…ဒါပေမယ့် ၂ နှစ်ဆိုင်…ဘာဖြစ်လို့လည်းဆိုရင် ၁ နှစ်ဆိုင်ကို ၂ နှစ်ဆိုင်ဖြစ်အောင် ခွဲဆောက်လိုက်မှာမို့ပါ…More

ဘာစီးဝင်တာလဲ…..

ဒီနေ့ ကျွန်တော် ကျောင်းကိုနောက်ကျမှ ရောက်တယ်…နောက်ကျတာလည်း အကြောင်းရှိပါတယ်…အစ်မက ခရီးသွားရမှာမို့ ကားဂိတ်ကိုလိုက်ပို့ရတယ်..ဒါနဲ့ ကိုယ့်ကားနဲ့ ကိုယ်သွားရတာပေါ့…ကျောင်းရောက်တော့..တံခါးကြီးပိတ်ထားတယ်…လေ…ဒါနဲ့…ဝင်ပေါက်နားမှာကားကို ရပ်လိုက်တယ်..ပြီးတော့ “ဝင်လို့ရလား…”“ဟိုဘက်မှာသွားပြောကြည့်လိုက်….”ဟိုဘက်လည်းရောက်ရော…“ကျောင်းတံခါးကို ၉ : ၃၀ ထိဖွင့်ထားပေးတယ်..အခု ၁၀ နာရီကျော်နေပြီ…ဘာဖြစ်လို့နောက်ကျတာလဲ…” “ကျွန်တော် ကားပျက်နေလို့ပါ…” “ဆင်ဖြေ ကတော့ ပေးလို့၇တာပေါ့…ဟိုဘက်ကို သွားပြောလိုက်…ကားနံပါတ်ရယ်…ခုံနံပါတ်ရယ်…မင်းတို့က ကျောင်းသားတွေပဲ..ဝင်ခွင့်ပေးမှာပါ…ဝင်ခွင့်မပေးဘူးမပြောပါဘူး..” “ဟုတ်ကဲ့….” ဟိုဘက်ကိုသွားခါနီးမှာ…ကား တစ်ဆီးထပ်ရောက်လာတယ်..“သမီး.. အဖေရောက်နေပြီ… ဘယ်လိုလာရမှာလဲ..” “အထဲဝင်လို့ရမလားမသိဘူး…”“သမီးနေမကောင်းဖြစ်နေလို့လာခေါ်တာ”“မရဘူး… သမီးကိုပဲ အပြင်ထွက်လာခိုင်းလိုက်ပါ” “ဂလု”ဘာပြောရမှန်းတောင်မသိတော့ဘူး…လူတောင်နင်တင်တင်တောင်ဖြစ်သွားတယ်…ဟိုဘက်လည်းရောက်ရော..roll number ကားနံပါတ်ပြောပြီးအချိန်မှာ… “ခဏခဏ…”“ပါချုပ်ကားရောက်လာတယ်…”အဲဒီအချိန်မှာပဲ…ကျောင်းထိပ်ကို… ကားတစ်စီးထွက်လာတယ်..ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်လည်းထွက်လာတယ်…ပါချုပ်ကားက…ဒီဘက်မှာ ကားနှစ်စီးပိတ်နေတာနဲ့…ထွက်ပေါက်ဘက်ကဝင်ဖို့လုပ်တယ်..ဟိုဘက်က ကားလာတာနဲ့တိုးတာပေါ့…ဒါနဲ့ ကားကိုရပ်လိုက်တယ်..ခပ်၀၀ မျက်နှာပေါက်ဆိုးဆိုးလို့တော့ မပြောချင်ပါဘူး…ငါတို့ ပါချုပ်ကြီးဆင်းလာတယ်…ကျောင်းဂိတ်ကို…လာပါလေရော..ဟိုမှာက ကားနှစ်စီးက ဝင်လို့မရထွက်လို့မရဖြစ်နေတာပေါ့..ဒါနဲ့ ပါချုပ်ကားက နောက်ဆုတ်ပေးလိုက်တယ်…ပါချုပ်ကတော့ ဘာတွေပြောနေမှန်းမသိဘူး…ကျောင်းကား ဂိတ်ကလူကြီးကို…အဲဒီမှာ ဟိုဘက်ကကားလည်းထွက်လာပါလေရော…ထိပ်လည်းရောက်ရော…ကားကို တားလိုက်တယ်..ပြီးတော့ ကျောင်းသားတွေကော… ဆင်းခိုင်းတယ်…ဘာတွေ မေးနေမှန်းတော့မသိဘူး…ဟိုဘက်က…More

IT Field & Job

ဒီနေ့ကျောင်းမှာ seminer ပြောရတယ်… အဲဒီအတွက် အကြမ်းရေးထားတာလေးပေါ့…. တကယ်တမ်း ပြောတဲ့အချိန် အဲလောက်မကြမ်းပါဘူး… ဒီထဲကနေ အများကြီးလျှော့ပြီးပြောထားပါတယ်… တခြားလိုအပ်တာတွေလည်း ထပ်ပြောဖြစ်တယ်…. ဘယ်လိုနေလဲတော့ မသိဘူး…. ဒါပေမယ့် ကောင်းကောင်းကြီး အားရပါးရပြောလိုက်တာပဲ…More

ဉာဏ်လေးနည်းနည်းသုံးပြီး ဆရာမတွေကို သနားပါအုံးဗျာ..

ဒီနေ့ ကျောင်းသတင်းတစ်ခု VOA radio မှာပါလာတယ်..ဘယ်ကျောင်းသားလည်းပြောလိုက်တာလဲတော့မသိဘူး…ကျွန်တော်ကျောင်းသား ကျောင်းသူတွေ ဆရာဆရာမ တွေက ၈:၁၅ ဆိုရင် ဝင်လို့မရတော့ဘူး..လမ်းလျှောက်ဝင်ရတယ်…ကိုယ်ပိုင်ကားတွေပါတဲ့ကောင်တွေဆိုရင် လှည့်ပြန်ရတယ်… ဒါပေမယ့် DSA ကလာသင်တဲ့လူတွေကတော့ ကားနဲ့ဝင်လို့ရတယ်..ဘယ်အချိန်ပဲလာလာ… ကိုယ့်ကားလေးနဲ့ ဝင်သွားလို့ရတယ်… ကျောင်းသားတွေ ဘာကြောင့် ကျောင်းနောက်ကျတာလဲ..အဲဒီအချက်တွေလည်း ပြောထားတယ်လို့ပြောတယ်..ကျွန်တော်လည်း မသိပါဘူး…သူငယ်ချင်းပြန်ပြောတာ…များများစားစား ကျောင်းအကြောင်းမပြောချင်ဘူး..အော့နှလုံးနာလွန်းလို့….ဘာဆိုဘာမှ မပြောချင်တော့တာ…စိတ်ကုန်တာ အနှုတ်အမှတ်ကိုရောက်သွားပြီ… second term ကစပြီး ကိုယ့်ကိုယ်ကို UCSY ကလို့ပြောရမှာ ရှက်တယ်…တခြားနိုင်ငံက ကောင်တွေက ဟန်ပြ နာမည်ခံ ကျောင်းတဲ့ဗျာ..တစ်ပတ်ကို စက်ချိန် ၁ နာရီ ခွဲပဲရှိတယ်…ဒါလား ကွန်ပျူတာ တက္ကသိုလ်လားတဲ့… ကျွန်တော် ဘာပြန်ပြောရမှာလဲ…ဘာမှ ပြန်ပြောလို့မရဘူး..မှန်နေတော့ခက်သား…ဘာမှ ပြန်ပြောလို့မရဘူး… အခုပုံစံကို ကြည့်ပါအုံး..၂ ချိန်ဆက်ဆို ဆရာမတွေ သေပြီ…၃နာရီ ၂၀ မိနစ်တောင် သင်ရတာ…သေရောပေါ့..ကျောင်းသားတွေလည်း…More

UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား…

အင်း… အခု second term ရောက်တော့ ကျောင်းချိန်ကပြောင်းသွားပြီ…အရင်တုန်းက 9:00 မှစတာ… အခု ကျောင်းကို ၈ နာရီအရောက်တဲ့ဗျာ..စိတ်ညစ်တယ်..မနက်ဆို ၆ နာရီထရတယ်…..ကျောင်းတောင် မတက်ချင်တော့ဘူး…အဖေနဲ့ အမေကြောင့်သာ တက်နေရတာ… အဲမပြီးသေးဘူး…ပြန်ချိန်ကတော့ ၃ နာရီခွဲ…တစ်နေ့ကို ၄ ချိန်တောင်သင်ရတာ…၁ ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင် စာသင်ရတာ…စိတ်တောင်ညစ်တယ်…စာသင်ချင်စိတ်က ၄၅ မိနစ်တောင်မခံနိုင်ဘူး…ကျွန်တော် ကြားဘူးတာတော့ ကျောင်းသား တစ်ယောက်က စာအသစ်ကို မှတ်သားဖို့က ၄၅ မိနစ်ထက် ပိုပြီး မမှတ်နိုင်ဘူးတဲ့…အဲဒါကြောင့် ကျောင်းစာသင်ချိန်က ၄၅ မိနစ်ပဲထားတာတဲ့…ငါတို့ UCSY က Computer သမားတွေဆိုတော့ IQ တော်တော်မြင့်တယ်ထင်လို့လားမသိဘူး..စာသင်ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင်ထားတာ…ကျောင်းဆင်းချိန်က မဆိုသလောက်လေးစောသွားတာပဲရှိတယ်…အိပ်ရာထချိန်ကတော့ အရင်ထက် ၁နာရီစောထကရတယ်…မမိုက်လိုက်တာဗျာ……More

UCSY နှင့် နွေရာသီ

ဒီနေ့ ကျောင်းစတက်ဖြစ်တယ်…တကယ်ဗျာ…လန်ထွက်သွားတယ်…လယ်ကွင်းကြီး မှာ ထီးထီးကြီးရှိတဲ့ကျောင်းတော်ကြီးကို…နေက မညှာမတာနဲ့ ပူလိုက်တာဗျာ…လေပူတွေပဲတိုက်လိုက်တာ…ခေါင်းကတော့ လုံးဝကို ကိုက်သွားတာ…စာသင်ဖို့နေနေသာသာ…အင်္ကျ ီကိုတောင် ချွတ်ထားလိုက်ချင်တယ်…စိတ်ကုန်တယ်…နောက် ကျန်တဲ့ နှစ်ရက် ကျောင်းမသွားတော့ဘူး…အိမ်မှာပဲနေတော့မယ်…More