Developer ရွှေခေတ် ကုန်ဆုံးခြင်း

ငယ်ငယ်တုန်းက စလုံးကို အလုပ်သွားလုပ်တုန်းက အခုလို အလုပ်ရှာရတာ ခက်ခက် ခဲခဲ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ coding ရေးသည့် သူ အတော်ကို နည်းတယ်။​ နောက်ပြီး စ လုံး က လူတွေက programmer မလုပ်ကြပဲ programmer အထက်က manager ပဲ လုပ်ချင်ကြတာ များတယ်။ ဒါကြောင့် မြန်မာတွေ တော်တော်များများ အလုပ်ရကြတယ်။ iOS စပြီး popular ဖြစ်ကာစ မှာ iOS Developer အရေအတွက် နည်းတော့ Objective-C သိပြီး app ၂ ခု လောက် app store ပေါ်မှာ ရှိရင် iOS Developer အလုပ်ရ နိုင်တယ်။ ခက်ခက်ခဲခဲ တွေ မရှိဘူး။ အခုခေတ် ကတော့ iOS developer တွေ အများကြီး အပြင် flutter, react native developer တွေ ပါ ရှိလာတော့ mobile developer အလုပ်လည်းမလွယ်တော့ဘူး။ နောက်ပြီး စလုံး နိုင်ငံသား တွေ ကိုယ်တိုင် developer လုပ်လာကြတော့ အလုပ်တွေက ပိုခက်လာတယ်။ နောက်တချက်က Covid မှာ တော်တော်များများက programming ကို လေ့လာပြီး programmer လုပ်လာကြတယ်။ တချို့တွေ career change လာပေမယ့် programming မှာ တကယ်ကောင်းကြတယ်။

Programming က degree ရှိစရာမလိုပဲ အလုပ်ရှာလို့ ရသည့် အလုပ်ဆိုတာကို အခုအချိန်မှာ လူတိုင်း သိနေပြီ။ တက္ကသိုလ်တက် အချိန်တွေ ငွေတွေ အကုန်ခံ ပြီး လေ့လာနေဖို့ မလိုပဲ အလုပ်ရနိုင်တယ်။ နောက်ပြီး တခြား career ကနေ programming career ကိုလည်း ပြောင်းနိုင်တယ်။ အချိန် ပေးနိုင်ပြီး လုပ်နိုင်တယ် လို့ ယုံကြည်ချက်ရှိဖို့ပဲ။ Covid ကာလမှာ remote တွေ ဖြစ်ကုန်ပြီး အလုပ်တွေ အကုန် online ပြောင်းကြတော့ developers တွေ အများကြီး လိုလာတယ်။ ဒါကြောင့် လူတွေ အများကြီးကို remote ခန့်ခဲ့ကြတယ်။

Covid ကာလမှာ
၁. programmer အလုပ်ကို အိမ်မှာနေရင်း လေ့လာပြီး remote အလုပ်လုပ်လို့ ရတယ် ဆိုတာ သိလာတယ်။
၂. programmer တစ်ယောက်ဖြစ်ဖို့ university တွေ တက်နေဖို့ မလိုဘူး။ online ကနေ လေ့လာလို့ရတယ်။
၃. နိုင်ငံတကာက အလုပ်တွေကို remote အနေနဲ့ လုပ်လို့ရတယ်။ အဲလိုပဲ နိုင်ငံတကာက လူတွေကို remote အနေ နဲ့ ငှားလို့ရတယ်။

Developer ဘဝက ဘာနဲ့ တူသလဲ ဆိုတော့ စာ ရေးတတ် မဖတ် တတ် ခင်က စာရေးတတ်ဖတ်တတ်သည့် သူက ဆရာကြီးပဲ။ အကုန်လုံး စာရေးတတ် ဖတ်တတ်သွားတော့ ပုံမှန် စာရေးတတ် ဖတ်တတ်သူက ဘာမှ မဟုတ်တော့ဘူး။ Covid ကာလ ပြီးသည့် အခါမှာ ပြဿနာ စတက်တာပဲ။ Lay Off တွေ လုပ်သည့် အခါမှာ အလုပ်လက်မဲ့ ဖြစ်ကုန်သည့် developer တွေ ရုတ်တရက် အများကြီး ဖြစ်ကုန်တာ။

အခုလည်း ဒီလိုပဲ နိုင်ငံတကာ စျေးကွက် နဲ့ ယှဥ် သည့် အခါမှာ ကိုယ်တတ်ထား သိထားတာက မယှဥ်နိုင်ရင် အလုပ်မရနိုင်တော့ဘူး။ တစ်နှစ် တစ်နှစ်ကို ထိုင်း တို့ စလုံး တို့မှာ ကွန်ပျူတာ နဲ့ ဘွဲ့ရသည့် သူတွေ ကလည်း အများကြီး ဖြစ်လာတော့ သူတို့ နိုင်ငံမှာ လုပ်ရှာ ဖို့ ကိုယ်က သူတို့ ထက် အများကြီးသာ နေမှ ရမယ်။ အရင်ကဆိုရင် မြန်မာ နိုင်ငံမှာ ၂ နှစ် အတွေ့အကြုံ ရှိရင် စလုံးမှာ အလုပ်သွားရှာလို့ ရသည့် ခေတ်ကုန် သွားခဲ့တာ ကြာလှပြီ။

ဒီလိုပဲ နောက်ပိုင်း ပြည်တွင်းမှာ developer တွေ အပြင်ထွက် ရှာကြတာ အပြင် သူ့ နိုင်ငံမှာ covid အပြီး လူတွေ ပိုနေလို့ layoff လုပ်ကြသည့် သူတွေ နဲ့ ယှဥ်ပြီး အလုပ်ရှာရတာ လွယ်လှတာ မဟုတ်ဘူး။ အရင် ခေတ်ကလို developer ဟာ အလုပ်အကိုင် ပေါများ တယ် ဆိုတာ ခေတ်ကုန်သွားပါပြီ။

နိုင်ငံတကာ company တွေကလည်း သူတို့ နိုင်ငံမှာ lay off လုပ်။ စျေးသက်သက်သာသာ india တို့ ဘက်မှာ ပြန်ငှားတာတွေ ခဏခဏ တွေ့ နေရတယ်။ Google ဆိုလည်း US မှာ lay off လုပ်ပြီး Mexico ဘက်မှာ အလုပ်တွေ ပြန်ခေါ်တာ တွေ့ရတယ်။​ Uber ဆိုလည်း အတူတူပဲ။ US မှာ lay off လုပ်ပြီး india ဘက်မှာ အလုပ်တွေ ပိုခေါ်တယ်။ Twitter ဆိုရင် 80% အလုပ်တွေ ဖြုတ်လိုက်ပေမယ့် အခုထက်ထိ twitter က ကောင်းကောင်း အလုပ်လုပ်နေသေးတာပဲ။

Twitter effect ကြောင့် နည်းပညာ company ဟာ မလိုပဲ လူတွေ အများကြီး ခေါ်ထားတာ ကို နားလည် သွားတယ်။ ဒါကြောင့် အလုပ်တွေ ဖြုတ်ကြတာ မနည်းဘူး။ တကယ်လည်း မလိုဘူးလေ။ တချို့ company တွေမှာ ဆိုရင် project တစ်ခုတည်းကိုပဲ feature တွေခွဲပြီး product owner ၃ ယောက်လောက် ရှိတာ တွေ့ဘူးတယ်။ development team ကတော့ တစ်ခုတည်း။ တကယ်တန်း product owner တစ်ယောက်နဲ့ ဖြစ်နိုင်တာတွေ ကို အပိုခန့်ထားတာတွေ ကို corporate တွေ မှာ ခဏခဏ​တွေ့ရတယ်။

ဒါကြောင့် တခြား နိုင်ငံမှာ အလုပ်ရှာ ကြသည့် သူတွေဟာ lay off လူတွေ ၊ သူတို့ နိုင်ငံသား တွေ ၊ နောက်ပြီး remote သမားတွေ နဲ့ ပြိုင်ပြီး ရှာရသည့် အခါမှာ ကိုယ်က အများကြီး သာလွန် နေမှ သာလွန်ကြောင်း ပြနိုင်မှပဲ ရတော့တယ်။ Expereince က အရမ်းကိုအရေးပါလာကော။ နောက်တချက်က referal နဲ့ network ပေါ့။ referal မရှိသည့် အခါမှာ အင်တာဗျူး တောင် ရဖို့ မလွယ်တော့တာတွေ ဖြစ်လာကော။

လွန်ခဲ့သည့် ၁၅ နှစ်လောက် HTML + CSS + jQuery + PHP + MySQL + Linux သိရင် အလုပ်ရပြီ ဆိုသည့် ခေတ်က ကုန်သွားပြီ။ Developer တစ်ယောက်က အများကြီး ကို တကယ်သိနေရတယ်။ Backend တစ်ခုတည်း နဲ့ မရတော့ဘူး။​ Full Stack ခေတ်ကို ရောက်သွားပြီ။ နောက်ပြီး referal ရဖို့ network ကလည်း ရှိနေရတယ်။

အရင်တုန်းက interview တွေက လုပ်နိုင်ကြောင်း ပြနိုင် ဖြေနိုင်ရင် ရပြီ။ အခု ခေတ်ကတော့ လုပ်နိုင်တာက လူတိုင်း လုပ်နိုင်တယ်။ အဲဒါထက် ပိုပြီး knoweldge ဘယ်လောက် ရှိကြောင်းကို LeetCode တို့ System Design interview တို့ စတာတွေ နဲ့ interview ၄ ဆင့် ၅ ဆင့်လောက် ဖြေမှ​ အလုပ်တစ်ခု ရကြတယ်။​ အရင် ကဆိုရင် interview သွားဖြေ company မကြိုက် ရင် လခ မကြိုက်ရင် အေးဆေး ထိုင်ငြင်းခဲ့သည့် အချိန်တွေ က အိမ်မက်လိုပဲ။

Covid ကာလ တုန်းကလို developer တွေ အလုပ်အကိုင် ပေါတယ် လခ ကောင်းတယ် ဆိုသည့် ရွှေရောင်ခေတ်ကတော့ ကုန်သွားပြီ။ နိုင်ငံတကာမှာ လခ ကတော့ အကောင်းဆုံးမဟုတ်ပေမယ့် ကောင်းသည့် အထဲမှာ ပါနေသေးတယ်။​ ဒါပေမယ့် လွယ်လွယ်ကူကူ နဲ့ မရတော့ဘူး။ လူတိုင်း developer လွယ်လွယ်ကူကူ ဖြစ်နေချိန်မှာ အလုပ်ရှာသည့် အခါမှာ တစ်ကမ္ဘာလုံး နဲ့ ယှဥ်ပြိုင်ပြီး အလုပ်ရှာနေရသည့် ခေတ်ဖြစ်သွားပြီ။

တနည်းပြောရရင် Developer Position နဲ့ အလုပ်ရှာသူ များလာပြီး အလုပ်ခေါ်တာ နည်းလာတာ။ Indeed က report တွေမှာလည်း US မှာ လူခေါ်လာတာ နည်းလာတာကို တွေ့နိုင်တယ်။

US မှာတင် မဟုတ်ဘူး။ တစ်ကမ္ဘာလုံး ဖြစ်နေတာ။ အလုပ်ကတော့ အချိန်ပေးပြီး ရှာရမယ်။ သူများထက် ပိုထူးခြားပြီး တကယ်လုပ်နိုင်ကြောင်းကို resume မှာ ပြနိုင်ဖို့ က အဓိက ကျတယ်။​ LinkedIn မှာ အလုပ်လျှောက်သည့် အခါမှာ position တစ်ခုကို လူ ထောင်ကျော် လျှောက်ကြတယ်။ အဲဒီ အထဲက မှ ကိုယ့်ကို interview ဖြေဖို့ ရွေးဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူး။

ဒါကြောင့် အင်တာဗျူး ရတာ နဲ့ အလုပ်ရအောင် တော်တော်လေးကို ကြိုးစားထားမှ ဖြစ်မှာ။ အင်တာဗျူး ရနိုင်သည့် chance က အတော်လေးကို နည်းလာတာ အမှန်ပဲ။ အဓိကတော့ ဝယ်လိုအား နဲ့ ရောင်းလိုအားပါပဲ။

AI က ပြဿနာ မဟုတ်ဘူး။ Covid ကာလမှာ မလိုအပ်ပဲ​ Developer အရမ်းခေါ်တာရယ်။ Covid ကာလမှာ career change ပြီး developer အနေနဲ့ remote job ပြောင်းကုန် တာ ကြောင့် Developer များလာတယ်။ အခု lay off လုပ်တော့ အလုပ်လက်မဲ့ Developer တွေ များနေပြီး အလုပ်ခေါ်တာတွေ နည်းနေလို့ အလုပ်ရှာရခက်နေတာပါ။