ရောက်တက်ရာရာ

ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။

အဲဒီမှာ ကျွန်တော်တို့ အဓိကပြောဖြစ်တာက Concept ပေါ့။ Concept ကို ဘယ်ကနေ သွားသင်ရမလဲ ??? emo ၊ မောင်ပြုံး ၊ လင်းဇော်ဝင်း ၊ထူးတေဇာ နောက်ပြီး ကျွန်တော် ၊အဲမှာပြောတာလေးတွေကို စုစည်းပြီး ကိုယ့်ဘာသာကိုယ် Article ပြန်ရေးမယ်လို့စိတ်ကူးရပြီး ပြန်ရေးဖြစ်သွားတာ။

Language ဆိုတာကတော့ Programming Language ပဲ ။ Web Developer တစ်ယောက်ဖြစ်ချင်တယ်ပဲ ဖြစ်ဖြစ် Web Designer ဖြစ်ချင်တယ်ပဲ အရင်ဆုံး HTML , CSS , Javascript ဒါတော့ တတ်ထားရမယ်။

Designer တစ်ယောက် အနေနဲ့ Tool ထက်စာရင် Idea က ပိုအရေးကြီးတယ်။ Web Designer ဖြစ်ချင်တယ်ဆိုပြီး Dreamweaver ကြီး လေ့လာနေလို့ အလုပ်မဖြစ်ဘူး။ အဲလိုပဲ Web Developer ဖြစ်ချင်တယ်ဆိုပြီး PHP , ASP.NET စတာတွေ လေ့လာနေတာ အလုပ်မဟုတ်သေးဘူး။ Designer တစ်ယောက်ရဲ့အမြင် နောက်ပြီး နိုင်ငံတကာက Web Designer တွေရဲ့ Design တွေ ၊ SamashingMag လိုမျိုး website တွေကို အမြဲဖတ်နေဖို့ လိုတယ်။ Developer လည်း အဲလိုပဲ။ နောက်ဆုံးပေါ် နည်းပညာတွေ API တွေ AJAX အကြောင်းတွေ နောက်ပြီး ဘယ် trend ကိုပြောင်းကုန်ပြီ Web Analytic Statics တွေ SEO တွေ အပြင် web master tool တွေကို ပါကောင်းကောင်း သုံးတတ်ဖို့လိုတယ်။ XML , JSON စတာတွေကို နားလည်ထားရမယ်။

အဲဒါတွေကို ဘယ်ကနေ လေ့လာမလဲ။ အများအားဖြင့် ကျောင်းနဲ့လုပ်ငန်း အတွေ့အကြုံတွေကနေ ရနိုင်တယ်။ Concept ကို ပိုင်ရင် programming language က အဓိက မကျတော့ဘူး။ Concept တစ်ခုလုံးက ကိုယ်လုပ်ချင်တာကို ဘယ်လိုလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးတယ်။ Language ကတော့ ကိုယ်လုပ်ချင်တဲ့ နေရာကို ဘယ်လိုရောက်အောင်သွားရမလဲဆိုပြီး မောင်းနှင်ပေးတာပါ။ တကယ်လို့ သင်ကားပဲမောင်းတတ်ပြီး လမ်းကြောင်းတွေ မသိရင် သင် ကားမောင် ဘယ်လောက် ကျွမ်းကျွမ်း အလကားပဲ။ အဲလိုပဲ လမ်းကြောင်းတွေ ဘယ်လောက် သိသိ ကား ကောင်းကောင်း မမောင်းတတ်ရင် လိုရာ ခရီးကို ရောက်မှာ မဟုတ်ဘူး။ တနည်းပြောရင် မောင်းဖို့ ကားက အဓိက မကျပါဘူး။ ကားတစီးက စမောင်းကာစ သင်နဲ့ အဆင်ပြေချင်မှ ပြေမယ်။ သင်လမ်းကြောင်းသိတယ် အရင်တုန်းကလည်း ကားမောင်းဖူးတယ်ဆိုရင် အဲဒီ ကားမောင်းနေရင်း အသားကျသွားမှာပါ။

ရန်ကုန်မှာလည်း ကိုရာဗီ တို့ ကိုအိမောင် တို့လို တကယ့်ကို geek ကြီးတွေ ရှိပါတယ်။ သူတို့လည်း အမြဲ concept အဓိက ထားဖို့ ကို ပြောနေတာကို myanmaritpro မှာ တွေ့ရမှာပါ။ ခက်တာက ရန်ကုန်မှာ သင်တန်းတက်နေတဲ့သူတော်တော်များများက programming language ကို ပိုစိတ်ဝင်စားတယ်။ နောက်ပြီး HTML , CSS , Javascript ကို ကျော်ပြီး ASP.NET , PHP စတာတွေကို ကျော်သင်ချင်ကြတယ်။ Website ဆိုတာ ဘာမှန်းမသိ။ Internet ဆိုတာ အခုမှ သိဖူးပြီး ASP.NET ကို လာတက်တာကိုတော့ အံသြမဆုံးဘူးပဲ။ အရင်တုန်းက ASP.NET တက်တုန်းက အဲလိုမျိုး သင်တန်းသူ သင်တန်းသားတွေ တွေ့ဖူးပါ့။ ကားလမ်းသိဖို့မပြောနဲ့ ကားတောင် မမြင်ဖူးသေးပဲနဲ့ ကားမောင်းချင်တယ် အခုသင်ပေးဆိုသလို မျိုးဖြစ်နေပြီ။ ကားမောင်းရင် ကားလမ်းကို သိရမယ်။ လမ်းပြ ဆိုင်းဘုတ်တွေကို နားလည်ဖို့လိုတယ်။ ကားအချက်ပြတာတွေကို သိဖို့လိုတယ်။ အဲလိုပဲ Web Development ပဲ ဖြစ်ဖြစ် Design ပဲ ဖြစ်ဖြစ် Tool နဲ့ တင်မပြီးဘူး။ Language တတ်ရုံတင် မပြီးဘူး။ ဆိုင်ရာဆိုင်ရာကို အမြဲလေ့လာနေဖို့ လိုတယ်။

ကျွန်တော်တို့UCSY မှာ တတ်တုန်းက Course တွေက ကောင်းပါတယ်။ Concept တွေလည်းပါပါတယ်။ သို့သော် ဘယ်သူမဆို ကိုယ် ဝါသနာပါရာပဲဖတ်မှာပေါ့။ နောက်ပြီး ဆရာမတွေ အနေနဲ့လည်း ကိုယ် ကျွမ်းကျင်ရာ သင်ခွင့်ရတာမဟုတ်ဘူးလေ။ အဲဒါကလည်း ဆိုးဝါးတာပဲ။ သူငယ်ချင်း အချို့ ဆရာမ လုပ်တုန်းကလည်း ဆရာမ ဘဝ ကို ကောင်းကောင်းသိလိုက်ရတယ်။ သူတို့မှာလည်း မစားသာဘူး။ ကျောင်းမှာ သင်တဲ့ဘာသာကို အချို့တွေဆို မသင်ခင် ကြိုဖတ်ထားရတယ်။ ဒါပေမယ့် စဉ်းစားကြည့်ဗျာ။ ကိုယ်ကျွမ်းကျင်တာက တခြား သင်ရတာက တခြား။ ဒီတော့ ဘယ်လောက်ဖတ်ဖတ် ကျွမ်းကျင်တဲ့ ဘာသာရပ်ကို ဖတ်ရတာလောက် စိတ်ဝင်စားပါ့မလား။ ဥပမာ။။ ကျွမ်းကျင်တာက programming သင်ရတာက သင်္ချာ… အဲဒီတော့ ကျောင်းသားတွေလည်း သေသေချာချာ နားမလည်ဖြစ်ကုန်ကော။ ကျောင်းကို အပြစ်ဆိုရမလားဆိုတော့လည်း ကျွမ်းကျင်ရာသင်ဆို ကျောင်းမှာ ဆရာမ အင်အားမလောက် ဖြစ်ကုန်မှာပေါ့။ အင်း… ထားပါလေ… အဲဒီတော့ နားမလည်ဘူး.. ဝါသနာမပါဘူးဆိုရင် ကျောင်းသားတွေက အတန်းလစ်ကြတာ မဆန်းဘူး။ ဒါကြောင့် Third Year ပြီးလို့ ISS တက်တဲ့သူတွေဆိုရင် ISS ကျောင်းသားဘဝကို ပိုသဘောကျ ကျတယ်။ ဒါလည်း မဆန်းပါဘူးလေ။ အရင်တုန်းက ရုံးက NUS ထဲမှာဆိုတော့ ကျောင်းသားတွေကို နေ့တိုင်း မြင်နေတွေ့နေရတယ်။ ငါတို့ ကျောင်းများ ကျောင်းတက်ရင် မနက်အစောကြီးထ ပြီးတော့ ကားက လမ်းမှာ ဆောင့်သေး။ ကျောင်းလည်းရောက်ရော စာသင်ချင်တဲ့ စိတ် ဘယ်ရှိတော့မလဲ။ ဆရာမက သေသေချာချာ မသင်နိုင်ရင် စာထဲကို ဘယ်လိုမှ စိတ်ရောက်တော့မှာ မဟုတ်ဘူး။ ကျောင်းသားအပြစ်ရယ်လို့တော့ မဟုတ်ပါဘူးလေ။ ISS တက်ခဲ့တဲ့ သူ တော်တော်များများကတော့ ISS ကျောင်းသားဘဝကို UCSY ဘဝထက် ပိုသဘောကျပြီး ပျော်ရွှင်ကြတာကို တွေ့ရမှာပဲ။ UCSY ကျောင်းသားဘဝ 10% လောက်ကသာ သူတို့ အတွက် အသုံးဝင်ခဲ့ကြတယ်။

ကျွန်တော်ဆိုလည်း ကျွန်တော် ဝါသနာပါတာကိုပဲ ဖတ်တယ်။ SE ဆိုရင် ဘယ်လောက် ဖတ်ဖတ် နားမလည်ဘူး။ အလွတ်ကလည်း မကျက်ချင်။ ဖတ်တော့လည်း နားမလည်။ နားလည်တယ်ဆိုတာက သူများကိုပါ ပြန်ရှင်းပြနိုင်မှ နားလည်တယ်လို့ ကျွန်တော် ယူဆတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ရေးတေးတေး သိတာက တကယ်နားလည်တာမဟုတ်ဘူး။ နားလည်ချင်ယောင်ဆောင်နေတာ။ ဟုတ်။ ကျွန်တော်လည်း SE ကို နားလည်ချင်ယောင် ဆောင်ခဲ့ပါတယ်။ ကိုယ့်ဘာသာကိုယ်ဖတ်ပြီး ကိုယ့်အတွေးနဲ့ ကိုယ်သဘောပေါက်ပြီး သူများကို ရှင်းပြဆိုရင် မရှင်းပြတတ်ဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ကို။ ကိုယ့်အတွေးကလည်း မှန်ချင်မှ မှန်မှာကို။ ဒါပေမယ့် အခုချိန်မှာ အလုပ်လုပ်လိုက်တော့ ကျောင်းကသင်တာ အချို့ကို သဘောပေါက်နားလည် သွားပြီ။

တကယ်တန်း လိုအပ်တာက Concept ပါ။ Language တစ်ခုကို လေ့လာနေရင်း Concept ကိုပါ မျက်ခြေပြတ်လို့ မဖြစ်ဘူူး။ Concept တွေ ဘယ်ကနေ သင်နိုင်လဲဆိုတော့ အတွေ့အကြုံရှိတဲ့သူတွေရဲ့ blog တွေ နောက်ပြီး website တွေမှာ ပုံမှန် ဖတ်နေလို့ရတယ်။ နောက်ပြီး wireframe ကို ရန်ကုန်မှာ အလေးမထားကြတာကိုလည်း တွေ့ရတယ်။ သင်တန်းတွေကလည်း မသင်တာလည်း ပါမှာပေါ့။ wireframe ကလည်း အရေးပါတဲ့ အရာပါ။ web development ပဲဖြစ်ဖြစ် web design ပဲ ဖြစ်ဖြစ် wireframe ကလည်း အရေးပါပါတယ်။ customer ကို design မပြခင် wireframe , mockup design စတာတွေကို ပြပြီး စိတ်ကျေနပ်တယ်ဆိုမှ project တစ်ခုကို တကယ်စတာပါ။ ဒါပေမယ့် ဒါတွေကို သင်တန်းတွေမှာလည်း မသင်ဘူး။ UCSY မှာ သင်မသင်တော့ မမှတ်မိတော့ဘူး။ ဒါကြောင့် အတွေ့အကြုံရှိတဲ့သူတွေဆီကပဲ concept တွေ idea တွေကို လေ့လာဆည်းပူးရမှာပဲ။ သင်တန်းတွေအနေနဲ့concept ကို အဓိကသင်ရင် သင်တန်းကာလ အတွင်းမှာ ပြီးတော့မှာမဟုတ်ဘူး။ ထပ်ပြောရရင်တော့ HTML , CSS , Javascript တွေက Essential ပိုင်းပါ။ Designer ပဲဖြစ်ဖြစ် Developer ပဲဖြစ်ဖြစ်လိုအပ်တယ်။ အဲဒါကို မသိဘူး ဆိုရင်တော့ ကျန်တာတွေကို ရှေ့ဆက်ဖို့မစဉ်းစားနဲ့တော့

7 Comments

  1. emoracket says:

    yeah!! now i understand requirements of WebDesign :D

  2. Nick Khaing says:

    I believe common sense is also important. Although it’s name is “common sense”, it is not common amongst all.

    Programming concept / idea is one important aspect in development but “common sense” is important to understand subject matter (or understanding of domain)that a programmer is developing.

    1. saturngod says:

      yes, some developer don’t know how domain work…. what is web server :( so suck… they just know writing program..

  3. IP says:

    Bravo. Good one.

    “Concept တွေ ဘယ်ကနေ သင်နိုင်လဲဆိုတော့ အတွေ့အကြုံရှိတဲ့သူတွေရဲ့ blog တွေ နောက်ပြီး website တွေမှာ ပုံမှန် ဖတ်နေလို့ရတယ်။”

    Can you share some of the best (I mean ones that you learned most from) blog that you are following?

    cheers.

    1. IP says:

      Can you share some of the best (I mean ones that you learned most from) blogs that you are following?

      1. saturngod says:

        you can also read from Myanmar IT Pros , MYSTERY ZILLION , http://www.thadarphyu.net/

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.