ဟန်လင်း social Bookmarks

ဟိုးအရင်တုန်းက digg တို့ StumbleUpon တို့ သုံးဖူးတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မကြိုက်တော့ နောက်ပိုင်းမသုံးဖြစ်တော့ဘူး။ အခု မြန်မာလူငယ် ထူးတေဇာ လုပ်ထားတဲ့ ဟန်လင်းကတော့ မြန်မာလုပ်ထားတာကတစ်ကြောင်းလူခြင်းရင်းနှီးတာက တစ်ကြောင်း နောက်ပြီးတော့ လုပ်မယ့်လုပ် အောင်မြင်အောင်လုပ်ဆိုပြီး အားပေးချင်တာက တစ်ကြောင်း ဟန်လင်းကို သုံးဖြစ်တယ်။ အများအားဖြင့် သုံးဖြစ်တာကတော့ google bookmarks ပဲ။ သူကတော့ ရိုးတယ်။ ရှင်းတယ်။ vote တွေဘာတွေ မပါဘူး။ ကိုယ့် တစ်ယောက်တည်းအတွက်ပဲလေ။ ဒါကြောင့် အမြဲသုံးဖြစ်တယ်။ ဟန်လင်းကတော့ vote တွေပါတယ်။တေဇာကတော့ firefox အတွက် addon ရေးပြီးပြီတော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မရှည်တာနဲ့ ကိုယ်တိုင် bookmarks လေးလုပ်လိုက်တယ်။ Add On ဆိုသွင်းပြီးရင် စက် restart ချရအုံးမယ်လေ။ bookmarks ဆိုတော့ right click နှိပ်။ bookmarks this page ဆိုပြီးပြီလေ။ Add On ကတော့ ပိုကောင်းမှာ သေချာပါတယ်။ ဒါပေမယ့် release မလုပ်သေးတော့ မသုံးရသေးတော့ ကျွန်တော်လည်း အသုံးဝင်အောင် အခြား hanlinn စသုံးမယ့်လူတွေလည်း အဆင်ပြေအောင် ကျွန်တော်လုပ်ထားတဲ့ bookmarks လေးကို မျှဝေလုပ်ပါတယ်။ နောက်မျှပဲ wordpress အတွက် Plugin လုပ်တော့မယ်။ တေဇာကတော့ လုပ်ပြီးသားရှိတယ်လို့ ပြောတာပဲ။ အဲဒါကတော့ သူ့ဆီကနေ စောင့်လိုက်တော့မယ်။

အောက်ပါ HanLinn Bookmarks လေးကို Right Click နှိပ်လိုက်ပါ။ Popup Menu ပေါ်လာသောအခါ Bookmark This Page ဆိုတာလေးကို နှိပ်လိုက်ပါ။ Menu တွင် HanLinn Bookmarks ဆိုတာလေး ပေါ်လာပြီး ဟန်လင်း ကို လွယ်ကူစွာ အသုံးပြုနိုင်ပါပြီ။ သင် နှစ်သက်သော website ရောက်သောအခါ Menu > Bookmarks > HanLinn Bookmarks ကို နှိပ်လိုက်ပါ။

HanLinn Bookmarks

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading