iPhone/iPod Touch Zawgyi Keyboard and Font Package

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

For iOS 3.1.2

လိုအပ်ချက်

OS : 3.0 >= (3.1.2 recommend)

Type : Jailbreak

Installer : Cydia

Internet : Require

Add Repo in Cydia

Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်

http://cydia.macforus.com

ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်

Zawgyi Font နှင့်

Zawgyi Keyboard

ဆိုပြီး ၂ ခုရှိပါသည်။

Package Installation

Zawgyi Font

Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။

Zawgyi Keyboard (only  OS version < 3.2 )

Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့်  အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။ အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။

၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင် auto correct အလုပ်လုပ်ပါသည်။ သိပ်မသေချာပါ။ အများအားဖြင့် အလုပ်လုပ်ပါသည်။ )

၂။ keyboard အတက်နှေးခြင်း။

၃။ အချို့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။

သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။

သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။

Download Video

Video အတွက် Connection အခက်အခဲရှိများအနေနဲ့ အောက်ပါ အတိုင်း ဆောင်ရွက်နိုင်သည်။

၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။

၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။

၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။

၄။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။

ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။

သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ္စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။

How to upgrade

အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်

Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။

iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။

ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။

Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။

For iOS 4.0 or later

iOS 4.0 များအတွက် cydia တွင် http://cydia.macforus.com ကို ထည့်သွင်းပါ။

Font (4.0 or later)

Zawgyi Font iOS ကို ရှာပြီး သွင်းပါ။

iPhone Keyboard (4.1 or later)

iPhone keyboard အတွက် Zawgyi Keyboard iOS 4.1 ကို သွင်းပါ။

iPad Keyboard (4.2 or later)

Zawgyi Keyboard iPad 4.2 ကို ရှာပြီး သွင်းနိုင်ပါတယ်။

ပါဝင်ဆောင်ရွက်ကူညီပေးသူ

ဦးသောင်းစုငြိမ်း

ပြည့်ဖြိုးအောင် (Zack)

ဝေဖြိုးလင်း

Other

FAQ

Gallery

iPad

Tip: အထက်ပါ ပုံများနှင့် စာများကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်။

281 responses to “iPhone/iPod Touch Zawgyi Keyboard and Font Package”

  1. ကိုစေတန်ရေ။ ကျွန်တော်က iPhone 3GS သုံးနေတာပါ။ 3.1.3 ကို spirit နဲ့ JB လုပ်လိုက်ပါတယ်။ ပြီးတော့မြန်မာလိုသုံးချင်တာနဲ့ SSH ကနေ Zawgyi ကိုထည့်ပြီးသူ့ရဲ့ Plist ကိုပြင်လိုက်ပါတယ်။ မရတော့ ကိုစေတန်အညွှန်းအတိုင်းလိုက်လုပ်ပါတယ်။ ကျွန်တော်က Font ပဲထည့်ပြီး Keyboard ကို install မလုပ်ပါဘူး။ ဒါပေမယ့် မြန်မာ Font ကိုမမြင်ရသေးပါဘူး။ နည်းလမ်းလေးများရှိရင်ပေးပါအုံး။

    1. just install Zawgyi font. http://www.saturngod.net/knowledgebase/iphoneipod-touch-zawgyi-keyboard-and-font-package . in this package, include Zawgyi Font and Zawgyi Keyboard Package. So, only install Zawgyi Font.

      1. ကိုစေတန်ရေ

        မအားတာနဲ့ချက်ချင်းမပြန်ဖြစ်တာခွင့်လွှတ်ပါ။ အခုတော့ရသွားပါပြီ။ ဖြစ်တဲ့အကြောင်းရင်းက
        Winter Board မှာ Surik ဆိုတဲ့ Option ကို On လိုက်ရင် Font တွေအကုန်
        ပြောင်းလိုက်ပါတယ်။ အဲဒါကြောင့် မြန်မာစာ မပေါ်တာပါ။ Option ကို Off လိုက်တော့
        ကောင်းကောင်းအလုပ်လုပ်သွားပါတယ်။ ကျေးဇူးပါ။

  2. Thanks a lot…It works for my 3GS.

  3. i tune မှာ zawgyi font ဘယ်လိုသုံးရမလဲ ကူညီပါအုံးခင်ဗျာ။

  4. iOS4 မှာကော zawgyi တင်လို့ရလား။ လုပ်ပါဦးဗျ

    1. font ကတော့ ရမယ်။ keyboard ကတော့ မသေချာဘူး။

      1. ဖောင့် က တင်လို့ မရဘူး ဗျ ..

        အိုင်ဖုန်း ၄ မှာ တင်လို့ ရ တဲ့ နည်းလေး လုပ် ပါအုံး ဗျာ …

        contact တွေ သီချင်း တွေက မြန်မာလိုတွေ ဖြစ်နေတာ … အခု .. အိုင်ဖုန်း၄ မှာ လေးထောင့်ကွက် ပဲ မြင်ရတယ် ..

        အကို ပြောတဲ့အတိုင်း ဂျေးဘရိတ် လုပ် ဇော်ဂျီသွင်းလိုက်တော့လည်း ..

        မူရင်း အင်္ဂလိပ်ဖောင့်တွေ မတွေ့ရတော့ဘူး …

        ဘလန့် တွေ ဖြစ်ကုန်ရော ..။

        ပါဝါ ပိတ်လိုက်တော့ .. ပန်းသီးပုံ လေးမှာ ရပ်နေတယ် ..။

        ကူညီပါအုံး ဗျာ ..။

        1. I don\’t have iPhone 4 and I can\’t help.

  5. ကျွန်တော့် iphone 3g version 3.1.3 firmware 05.12.01 အား upgrade လုပ်ရာမှ lock ကျသွားပါတယ် unlock ပြန်လုပ်လို့ရမယ့်နည်းလမ်းပြောပြပါဦး
    ကျေးဇူးတင်စွာဖြင့်

    1. http://www.iclarified.com/entry/index.php?enid=2538 try it. I search from google and I never test it before because I don’t have iPhone

  6. Hey ! Ko Saturn
    It doesn’t with new IOS4. Setting- -> ikeyex -> mix and match -> make -> layout -> zawgyi and name -> zawgyi but at this point,save or ok icon is missing . I don’t know why

    1. oh!!! that may be ikeyex problem. I can’t jailbreak my iPodTouch 2G =( iKeyex may not support iOS4. We need to wait.

  7. please upgrade for OS 4 when you have time :D

    1. I don’t have iPhone 3Gs or 3G =( I wanna test

  8. zawgyi က iphone 3g -O.S 4 မှာ အလုပ်လုပ်လား….ကွျှန်တော် လုပ်ကြည့်တော့ Step 4 မှာ zawgyi ကိုရှာလို့မတွေ့ဘူးဖြစ်နေတယ်….. Pls Help Me……..

    Step 3 ikey Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။

    Step 4 Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ

    Thanks………….

    1. i think, need to create Keyboard From Mix and Match. New ikeyEx change some step. Now, I don’t have jailbreak device. I think, if iKeyex upgrade for iOS4 , it can use.

  9. Iphone 3GS , version 4.0 ကို Jainbreak တင်ချင်တယ် .free ရမယ့်ဆိုက်ကလေးများရှိရင် ကူညီပေးစေလိုပါတယ် ။

  10. Can I install zawgyi font in Ipad?
    I install like iphone but I can`t.Please explain me how to install.

    1. I don’t have iPad and I don’t know =( Sorry about that.

  11. အစ်ကို iOS 4 မှာ font လဲသုံးမရဖြစ်နေတယ်။
    သူ့ရဲ့ system font format က ttc ကို ပြောင်းထားသွားတာ
    ttf ကနေ ttc font fromat converter လေးများရှိမလား။
    ရှိရင် link လေးတင်ပေးပါဦးနော်

    1. ပေါင်သာ Avatar
      ပေါင်သာ

      Ko Aung
      iPhone 3GS iOS 4.0.1 မှာတော့ ဇော်ဂျီက အလုပ်လုပ်သေးတာကို တွေ့ရတယ်။ သို့ပေမယ့် iPhone 4 iOS 4.0.1 မှာတော့ install လုပ်လို့မရတော့ဘူး။ Apple က true type font ကနေ true type font collection (ttc) ကို ပြောင်းပြီး font တွေကို ပေါင်းလိုက်တာ။ ကျွန်တော် htc breaker and maker ကို သုံးပြီး font ကို အစားထိုးတာ အဆင်ပြေတယ်။ ကျွန်တော်က လက်ရှိ iPhone 4 iOS 4.0.1 သုံးနေတယ် အဆင်ပြေတာတွေ့ရတယ်။ ကျွန်တော် HTC break & Make ကို link ထည့်ပေးလိုက်တယ်။ http://www.mediafire.com/?xtw6fmld00pqdyh (or) http://rapidshare.com/files/411901767/HTC_Break_M… . font ကို break လုပ်ချင်ရင် htc file ကို breakttc.exe ပေါ်ကို ဆွဲထည့်လိုက်ရုံပဲ။ သူက %userprofile% အောက်ကို ဆွဲထုတ်ပေးလိမ့်မယ်။ FONT00.TTF ကတော့ Helvetica.ttf (normal) font ပဲ။

  12. ကိုစေတန်ရေ
    ကျေးဇူးတင်ပါတယ်ဗျာ
    အခု ကျွန်တော့ဖုန်းမှာ မြန်မာလိုရိုက်လို့ရသွားပြီ
    ဝင်းကျော်သူ

    1. HI!
      How did you make it ? Could you explain a little bit?
      or step by step if you don’t mind.

  13. I cannot add URL at cydia. It shows "Did not Find Repository".Why?

    1. i don’t know… it should work…. I will check later … I have a plan for iOS4 and iPad

  14. Ko sayturn … plz faster update Zawgyi font and keyboard to compatible with iOS4 because most of us updated to iOS4 already. The OS 3.1.3 will be too o.f.d to use sooner. Thanks a lot for your afford and we all waiting for the good news from you asap.
    Yours big fan (:

    1. font is compatible with iOS4 but keyboard still not. I need to do a lot of step for keyboard. Yes, I know but I need a time.

  15. I install zawgyi font at iPad 3.2 , it is work fine. But zawgyi keyboard can not use , I don’t know why. Thanks a lot to Ko saturngod. And hope goods news will come faster for zawgyi keyboard. Please inform when upgrade. Thanks and best regards.
    Sai Latt

    1. I already mention about that. Please, read careful. only OS version < 3.2 . So,it's not working on iPad

      1. ko saturn did u already change the alignment of lock screen ?

  16. […] If you are a Burman, you’ll definitely love/need this font package made by Saturn God. Zawgyi Font iOS is a font hack which enables the iPhone to display Burmese language. Head over  to his blog for how-to. […]

  17. ကိုစေတန် ..

    ကျွန်တော့် iphone4 ကို မြန်မာဖောင့်ထည့်တာ .. ထည့်မရလို့ ကူပါအုံး အစ်ကို ..။
    jailbreak လုပ်ပြီး .. အပေါ်မှာ အစ်ကို ရေးထားတဲ့အတိုင်း ဇော်ဂျီကို .. ထည့်လိုက်တော့ ..
    ဖောင့်တွေ တစ်လုံးမကျန် အကုန်ပျောက်သွားတယ် အစ်ကို ..။
    အင်္ဂလိပ်စာလုံးတွေ ပါ ပျောက် ကုန်ရော .. ။
    ုအဲဒီတော့ force restart ချလိုက်တာ .. ပန်းသီးပုံမှာ ရပ်သွားတယ် ..။
    တစ်နေကုန်စောင့်တာ ပြန်တက် မလာ တော့ဘူး …။
    itunes မှာ restore ပြန်လုပ်လိုက်ရတော့တယ် ..။

    အစ်ကို အဆင်ပြေရင် .. နည်းနည်းလောက် ရှင်းပြပေးပါလားဗျာ ..။
    မြန်မာဖောင့် မြင်ရရင် ကျေနပ် ပါတယ် အစ်ကို ရာ ..။

    ကျေးဇူးတင်ပါတယ် ..။

  18. Pls,,, Anyone known how to install Zaw Gyi font into i phone OS version 4.0????

      1. Thanks a lot!!!! But problem is can't use Zawgyi Keyboard in IOS4.0!!! So SAD:-(

        1. no iKeyEx for iOS4 , no keyboard. =(

  19. iPhone 3GS iOS 4.0.1 မှာတော့ ဇော်ဂျီက အလုပ်လုပ်သေးတာကို တွေ့ရတယ်။ သို့ပေမယ့် iPhone 4 iOS 4.0.1 မှာတော့ install လုပ်လို့မရတော့ဘူး။ Apple က true type font ကနေ true type font collection (ttc) ကို ပြောင်းပြီး font တွေကို ပေါင်းလိုက်တာ။ ကျွန်တော် htc breaker and maker ကို သုံးပြီး font ကို အစားထိုးတာ အဆင်ပြေတယ်။ ကျွန်တော်က လက်ရှိ iPhone 4 iOS 4.0.1 သုံးနေတယ် အဆင်ပြေတာတွေ့ရတယ်။ ကျွန်တော် HTC break & Make ကို link ထည့်ပေးလိုက်တယ်။ http://www.mediafire.com/?xtw6fmld00pqdyh (or) http://rapidshare.com/files/411901767/HTC_Break_M… . font ကို break လုပ်ချင်ရင် htc file ကို breakttc.exe ပေါ်ကို ဆွဲထည့်လိုက်ရုံပဲ။ သူက %userprofile% အောက်ကို ဆွဲထုတ်ပေးလိမ့်မယ်။ FONT00.TTF ကတော့ Helvetica.ttf (normal) font ပဲ။ HTC font ပြန်ပေါင်းမယ်ဆိုရင်တော့ command က: makettc helvetica.ttc font00.ttf font01.ttf font02.ttf etc……

    1. link နှစ်ခုလုံးသုံးလို့မရဘူး ကျေဇူပြုပြီးထပ်တင်ပေးပါဦး၊os4.0.1 မှာ ကီဘုတ်ကလေးရရင်လဲမျပေးပါဦး

      1. I found working link for his files.
        http://www.mediafire.com/?mymlotyjklz
        I also trying with 101 times to restore my iphone4 iOS 4.0.1. (with blessed got restore 4.0.2 and downgrade to 4.0.1 with tinyumbrella)
        Ko Paung Thar and Ko Saturn, Can you explain this issue and Can I replace normal PC Zawgyi font to Helvetica or where can I get Zawgyi.ttf to use in iPhone. Thanks a lot.

        1. Thanks Ko Paung Thar. Now I can read Myanmar Zawgyi fonts. I read your facebook link and try with your mapped fonts (http://www.mediafire.com/download.php?5liqt353qq5h84x)
          and iFunbox (http://www.i-funbox.com/). First time, I cannot get ( deleting my iphone 4 Cache folder and replace with your Cache folder) then open my iphone4 Cache folder and copy, paste all fonts from your Cache folder in iFunbox. Thank you very much for sharing.

  20. ကောင်းခန့်ကျော် Avatar
    ကောင်းခန့်ကျော်

    iPhone 4 မှာရနိုင်မလားခင်ဗျာကျေးဇူးပြုပြီးပြောပြကြပါ။

    1. I don\’t think so. I don\’t have iPhone 4 and I can\’t test.

    2. Iphone 4 မှာ သွင်းလို့ မရသေးပါ.. restart ပြန်လုပ်တဲ့ အချိန် apple logo မှာ တစ်နေပါတယ်။

  21. ကိုစေတန်ပြောသလို iKeyx version က iPhone 4 အတွက် update version မထွက်မချင်တော့ Zawgyi လဲရအုံးမှာ မဟုတ်သေးဘူး။ စောင့်ရအုံးမှာပဲ။ iPhone 4 မှာ install မလုပ်မိပါစေနဲ့အုံး။ အလုပ်မလုပ်သေးပါ။ စမ်းသပ်ပြီးပြီး။ သို့ပေမယ့် ဇော်ဂျီ font ကိုတော့ mapping လုပ်ပြီးရင် web page တွေကို ဖက်လို့ရပါတယ်။ သို့ထက်ပိုပြီး နေရာတော်တော်များများ ပေါ်ချင်တယ်ဆိုရင်တော့ apple ရဲ့ default fonts တွေမှာ Zawgyi Unicode တွေ ထပ်ပေါင်းထည့်မှသာလျှင် ရပါမည်။

  22. Thanks bro.ကျွန်တော် install လုပ်တယ်ဗျို့လစ်သွားလို့် ဟီးဟီး restore ပြန်ကိုင်ရတယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.