iPhone/iPod Touch Zawgyi Keyboard and Font Package

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

For iOS 3.1.2

လိုအပ်ချက်

OS : 3.0 >= (3.1.2 recommend)

Type : Jailbreak

Installer : Cydia

Internet : Require

Add Repo in Cydia

Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်

http://cydia.macforus.com

ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်

Zawgyi Font နှင့်

Zawgyi Keyboard

ဆိုပြီး ၂ ခုရှိပါသည်။

Package Installation

Zawgyi Font

Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။

Zawgyi Keyboard (only  OS version < 3.2 )

Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့်  အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။ အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။

၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင် auto correct အလုပ်လုပ်ပါသည်။ သိပ်မသေချာပါ။ အများအားဖြင့် အလုပ်လုပ်ပါသည်။ )

၂။ keyboard အတက်နှေးခြင်း။

၃။ အချို့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။

သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။

သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။

Download Video

Video အတွက် Connection အခက်အခဲရှိများအနေနဲ့ အောက်ပါ အတိုင်း ဆောင်ရွက်နိုင်သည်။

၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။

၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။

၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။

၄။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။

ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။

သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ္စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။

How to upgrade

အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်

Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။

iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။

ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။

Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။

For iOS 4.0 or later

iOS 4.0 များအတွက် cydia တွင် http://cydia.macforus.com ကို ထည့်သွင်းပါ။

Font (4.0 or later)

Zawgyi Font iOS ကို ရှာပြီး သွင်းပါ။

iPhone Keyboard (4.1 or later)

iPhone keyboard အတွက် Zawgyi Keyboard iOS 4.1 ကို သွင်းပါ။

iPad Keyboard (4.2 or later)

Zawgyi Keyboard iPad 4.2 ကို ရှာပြီး သွင်းနိုင်ပါတယ်။

ပါဝင်ဆောင်ရွက်ကူညီပေးသူ

ဦးသောင်းစုငြိမ်း

ပြည့်ဖြိုးအောင် (Zack)

ဝေဖြိုးလင်း

Other

FAQ

Gallery

iPad

Tip: အထက်ပါ ပုံများနှင့် စာများကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်။

281 responses to “iPhone/iPod Touch Zawgyi Keyboard and Font Package”

  1. ကျေးဇူးဗျား……ရသွားပါပြီ. Reboot ထပ်ပြီးတော့မလုပ်ရဲတော့ဘူး…
    blackrain က 3gs 3.1.2 မှာနည်းနည်းဒုက္ခပေးတယ်နော်…..

    စေတန်တို့အဖွဲ့သူအဖွဲ့သားများအားလုံး နည်းပညာတွင် သူများတွေထက် ခေါင်းတစ်လုံးပိုသာ သွားပြီ..
    မြောက်ပေးတာ.ဟီး..

  2. 3Gs က အခုထက်ထိ jailbreak လုပ်ရတာ လွယ်ပေမယ့် ပြန်ပြန်ပြီး jailbreak လုပ်နေရတုန်းပဲ…

  3. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    3Gs ရဲ့ JB အဆင်ပြေမပြေတော့ မပြောတတ်ဘူး၊
    စီးပွားရေးသောင်းကျန်းသူတွေကတော့ 3GS အတွက် Protable Charger ဆိုပီး ချကုန်ပီ.. (ကြော်ညာမှာတွေ့လိုက်တာကတော့ JB ပြဿနာတွေအတွက် အဓိကထုတ်ပေးတာတဲ့ .. ဘာကြီးမှန်းတော့ မသိဘူး) ကျတော်တို့ iPod touch အတွက်ပါ ရနိုင်ရင် အကောင်းဆုံးပဲ.. ဟီးဟီ

  4. iPhone 3Gs/iPodTouch 3G တို့မှာ jailbreak လုပ်လိုက်ရင် power off လိုက်ပြီး ပြန်ဖွင့်ရင် jailbreak ပြန်လုပ်ရပါတယ်။ laptop မရှိသူတွေက power အားကုန်မှာကြောက်တယ်။ iPhone/iPodTouch အမြဲလည်း မဖွင့်ထားခြင်ဘူး။ အားကုန်မှာကြောက်တယ်။ အားကုန်မှာ ကြောက်တဲ့လူတွေအတွက် portable charger ရောင်းပေးတာနဲ့တူပါတယ်။

    http://www.ilounge.com/index.php/reviews/entry/apc-mobile-power-pack-upb10-rechargeable-battery/

    http://us.kensington.com/html/15462.html

  5. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    ကိုစေတန့်ကို ပြောစရာရှိတယ်…
    ခုလုပ်နေတဲ့ deb တွေကို ipa ပြောင်းဖို့အတွက်ပါ., နဲနဲအဆင်ပြေအောင်ပေါ့..
    ပြောင်းချင်တယ်ဆိုရင်တော့ ကျတော့ဖက်က ကူညီဖို့ အဆင်သင့်ပဲနော်
    ————-
    ဒါမှမဟုတ် အဲ့လိုပြောင်းလိုက်ရင် အကျိုးဆက်တွေ ဘာရှိနိုင်လဲလို့ ရှင်းပြပါလား

    1. if you want, you can do ;) ပြောင်းလို့ရရင် ပြောင်းပြီးစမ်းကြည့်ပေါ့… deb မှာက dependencies တွေ ထည့်ထားတယ်။ လိုအပ်တဲ့ package တွေ သူ့အလိုလိုသွင်းမှာပေါ့။ iPA ပြောင်းလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။

  6. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အင်း ..အဲ့ဒါတော့ ဟုတ်တယ်… ikeyex အတွက်တော့ dependencies တွေကို ကြည့်လိုက်သေးတယ်.. နှစ်ခုထဲဆိုတော့ စမ်းကြည့်ရင်တော့ အဆင်ပြေမှာပါ.. ipa နဲ့ဆိုရင်တော့ install လုပ်ရင် ပိုအဆင်ပြေမလားလို့ စဉ်းစားမိလို့ပါ..
    အစ်ကို ခွင့်ပြုတယ် ဆိုတော့ကာ..
    ဟိုတစ်ခါပေးတဲ့ font နဲ့ keyboard ရဲ့ deb ကို တစ်ချက်ပြန်ပေးပါလား..
    ကျတော် hardisk ပျက်သွားတာ အကုန်ပါသွားလို့ပါ.. (လေးစားစွာဖြင့်..)

  7. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အစ်ကို အလုပ်များနေတာလား ..
    ဇော်ဂျီရဲ့ Font နဲ့ Keyboard deb တွေကို တစ်ချက်လောက် ပို့ပေးပါလားဗျာ..

    1. mail နဲ့ပဲပို့လိုက်မယ်…

  8. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    ကျေးဇူးတင်ပါတယ်.. (ဟူး.. စောင့်လိုက်ရတာ မောတာ .. ဟီးဟီးxx)

  9. I already pass installing the zawgyi font in my iphone 3gs but when I installed the zawgyi keyboard my iphone is freeze and in recovery mod. Can you explained more details about this step?

    Thanks

  10. what mean of recovery mode ? You mean jailbreak ? please read http://www.macforus.com/?p=36&lang=my-my

  11. I got it and thank you very much.I admitted I need to patient and figure it out what exactly the other say.
    Thank you again and you make my day’
    “Buddha be with you”

  12. ဇော်ဂျီ ကို FontSwap add on ပြောင်းပေးလို့ရမလား။ အဲ့ဒီလိုဆိုရင် system font ကို restore လုပ်လို့ ရသွားပြီး။ ကျွန်တော်ကတော့ အခုလောလောဆယ် ကိုစိုင်ညြှီဖိုး ရဲ့နည်း ကိုသုံးထားတယ်။ zawgyi keyboard and font for iphone အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုအောင်မြင်ပါစေ၊။

    1. no plan for that because font-swap don’t support all of the system font.

  13. အကိုရေ…အခုထွက်တဲ့ Iphone version 3.1.3 ကရော jailbreak လုပ်လို့ ရလား?
    blackra1n နဲ့တော့ မရဘူးတဲ့။
    တခြားဘာနဲ့ ရလဲ?
    ကျနော်က 3Gs 16GB နဲ့ပါ။မေ့ပြီး 3.1.3 ကို update လုပ်လိုက်တာ အကုန်ပါသွားတယ်။ :'(

  14. အင်းဗျာ။။ အိုင်ဖုန်းတွေအတွက်တော့ အဆင်ပြေကုန်ကြပြီ။ ကျွန်တော့်မှာတော့ Nokia N97 အတွက် ရတက်မအေးဖြစ်နေရဆဲပါပဲ။ ကိုစေတန်ရေ..နိုကီယာတွေအတွက် အစီအစဉ်ရှိရင်လည်း ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော့်ဘလော့မှာတောင် ရမ်းသမ်းပြီး နိုကီယာမှာ ဇော်ဂျီဖောင့်ထည့်နည်း ပို့စ်တင်ထားလိုက်သေးတယ်။ ဒါပေမဲ့ ကိုယ်က မကျွမ်းကျင်တော့ တကယ်မလုပ်ရဲပါဘူး။ ကိုစေတန် နဲနဲ အကြံပေးပါဦးဗျာ။ အောက်မှာ အဲဒီပို့စ်လင့်ခ်လေး ထားပေးခဲ့ပါတယ်။ လူမိုက်ငှားတာတော့မဟုတ်ပါဘူးဗျာ။ အကူအညီတောင်းတာပါ။

    http://blogger-mgmoe.blogspot.com/2010/02/blog-post_18.html

  15. ကျေးဇူးဗျာ။ ကျွန်တော်လုပ်ကြည့်လိုက်ပါဦးမယ်။ ဒီကိုပြန်လာကြည့်တော့ ကိုစေတန်ရဲ့ Reply တွေ့ရတော့ အမောပြေတာပေါ့ဗျာ။

    1. မရရင် သူ့ကို mail ပို့ပြီး မေးလို့ရတယ်။

  16. Unable to Install . Constrained by the certificate. အဲဒီလိုပြနေတယ်။ ကျွန်တော်သူ့ဆီကို မေးလ်ပို့လိုက်ပါပြီ။ ကူညီတဲ့ အတွက်ကျေးဇူးပါဗျာ။

  17. ကျွန်တော်ကတော. iphone မှာ zawgyi-font ထည်.ရတာအဆင်ပြေပါတယ်။နောက်တစ်ခု သိချင်တာက nokia 5800xm မှာ zawgyi-font နင့် zawgyi keyboard ထည်.လို.ရပါသလား?သိရင်တစိတ်လောက် ဘယ်လိုထည်.ရပါသလဲ ပြောပြပေးပါလား ခင်ဗျာ….။

    1. Oop!! again :( Why not read other comment ?

  18. Symbianmyanmar vrsion 2.0 ပါဗျာ။ နောက်လူတွေကို ညွှန်းလို့ရအောင်လို့ပါ။ ပို့စ်ခေါင်းစဉ်နဲ့မဆိုင်ပေမဲ့ ဒီတစ်နေရာပဲရှိလို့။

    http://www.ipmart-forum.com/showthread.php?p=3041918#post3041918

    1. I also post in MZ forum. Thank.

  19. ကိုစေတန်

    ဒီ ပိုစ့် ထဲက ပုံ လေးတွေ သုံးခွင့်ပြုပါနော်။ မြန်မာဖေါင့် ကို iphone မှာ သုံးလို့ရကြောင်း ညွန်းချင်လို့ပါ။

  20. သန်းကျော် Avatar
    သန်းကျော်

    ဆရာရေး…ကူညီကြပါ nokia 5800 နဲ့မြန်မာစာလုံးဘယ်လိုထည့်ရမလဲ
    ကျွန်တော်ကတော့သိပ်မကျွမ်းဘူး
    လာမည့်အနာဂတ်မှာ mobile,phoneအာလုံးထဲမှာတစ်ခြားဘာသာလို မြန်မာဘာသာကိုရစေခြင်သည်။

    1. you can search Symbian Myanmar in Google.

  21. iPhone OS 3.1.3 ကို Jailbreak လို့ရပါပြီ…ကျွန်တော်ဆိုရင် iPad တောင်စမ်းပြီးသွားပြီ…
    အဆင်ပြေပါတယ်… ၃.၁.၃ ကို jb ရ မရ မသေချာပါဘူး…. ကျွန်တော့် iPhone က 4.0 Beta ဖြစ်နေလို့ပါ

  22. windows အတွက် : http://spiritjb.com/win
    mac အတွက် : http://spiritjb.com/mac

    အဆင်ပြေကြပါစေ… 3.1.3 Users တွေ

  23. ကိုစေတန်
    ကျေးဇူးပြုပြီး ကျွန်တော့်ကို zawgyi font & keyboard ပို့ပေးလို့ ရမလားဗျာ………
    ကျွန်တော်စမ်းကြည့်ချင်လို့ပါ……..
    ကိုစိုင်းညီဖြိုးရဲ့ sony erisson zawgyi ကတော့ w595 နဲ့ w910i မှာ စမ်းပြီးသွားပါပြီ….
    အဆင်ပြေပါတယ်…စာရိုက်လို့ရမရ သိချင်ပါတယ်…..ုkeyboardမထွက်သေးဘူးလားခင်ဗျာ….
    ကျွန်တော်က တရုတ် Iphone မှာစမ်းချင်တာပါ….
    ကျေးဇူး……

    1. Chinese iPhone cannot

  24. ကျေးဇူးပါ………. အလုပ်တွေမအားတဲ့ကြားက ဖြေပေးတဲ့အတွက်…..ကျွန်တော်က ဝါသနာရှင်ပါ….ဟီး…ဟီး….အကိုတို့ရေးတဲ့အတိုင်း လိုက်ပြီးလုပ်ကြည့်နေတာလေ……..
    ဒါနဲ့ S E တွေအတွက် ဇော်ဂျီkeyboard မရှိသေးဘူးလားဗျာ……
    w595 နဲ့ W910i မှာ ဖတ်လို့ရပြီး ရေးမရသေးလို့ပါ……အင်တာနက်စာမျက်နှာတွေပါ ဖတ်လို့ရပါတယ်….
    ကွန်ပျူတာသုံးပြီး sms ပို့လို့တော့ရပါတယ်ခင်ဗျာ……….အားလုံးနီးပါး ok ပါတယ်…
    bnyk terimakasih……….

  25. ကိုစေတန်ရေ…. ipod touch မှာ youtube ကလွဲပြီး ကျန်တဲ့ဆိုဒ်တွေမှာ ရုပ်ရှင်တွေ ကြည့်လို့မရဘူးဖြစ်နေတယ်… ဥပမာ burmeseclassic.com တို့ minthila.com တို့ shweo.com တို့လို ဟာတွေပေါ့… အဲတာကြည့်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပေးပါလားဗျာ…
    ကျေးဇူးတင်စွာဖြင့်
    စီအမ်

    1. can’t beause these site are using flash.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.