developer
-
အမြဲတမ်း ရှိနေသည့် ပြဿနာ က AI က developer တွေကို အစားထိုး သွားမယ်။ အနာဂတ် မှာ Developer တွေ မလိုတော့ဘူး Anthropic CEO က ပြောတာ လူတိုင်း သိမှာပါ။ ဒါပေမယ့် ဒါက အနာဂတ်ပါ။ အခု အချိန် မဟုတ်သေးဘူး။ လက်ရှိ model တွေ ကောင်းလာတယ်။ အဆင်ပြေလာတယ်။ ဒါပေမယ့် အခု အချိန် မှာ tool တစ်ခု ထက် မပိုဘူး။ ဥပမာ ဆေးရုံ website တစ်ခု ဖန်တီးတယ်။ AI က အစ အဆုံး ဆောက်ပေးတယ်။ Developer ကတော့ ဘယ်နေရာမှာ ဘယ်ပုံ သုံးမယ်။…
-
ငယ်ငယ်တုန်းက စလုံးကို အလုပ်သွားလုပ်တုန်းက အခုလို အလုပ်ရှာရတာ ခက်ခက် ခဲခဲ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ coding ရေးသည့် သူ အတော်ကို နည်းတယ်။ နောက်ပြီး စ လုံး က လူတွေက programmer မလုပ်ကြပဲ programmer အထက်က manager ပဲ လုပ်ချင်ကြတာ များတယ်။ ဒါကြောင့် မြန်မာတွေ တော်တော်များများ အလုပ်ရကြတယ်။ iOS စပြီး popular ဖြစ်ကာစ မှာ iOS Developer အရေအတွက် နည်းတော့ Objective-C သိပြီး app ၂ ခု လောက် app store ပေါ်မှာ ရှိရင် iOS Developer အလုပ်ရ နိုင်တယ်။ ခက်ခက်ခဲခဲ…
-
ရန်ကုန်ပြန်ရောက်ပြီး ကိုယ်ပိုင် လုပ်ငန်းစလုပ်တော့ အဓိက ပြဿနာက အလုပ်မှာ လိုအပ်သည့် နေရာတွေ အတွက် လူခန့် ဖို့ ခက်သည့် ပြဿနာ ကို ကြုံရတယ်။ ကျွန်တော်တို့ company မှ မဟုတ်ပါဘူး။ ရန်ကုန်က နေရာတိုင်း နီးပါးမှာ လိုချင်သည့် လူ မရဘူး ဆိုတာကို ကြားနေရတယ်။ ကျွန်တော်တို့ company ကို junior တွေ အလုပ်လျှောက်ကြပါတယ်။ သို့ပေမယ့် အတွေ့အကြုံ လုံးဝ မရှိသေးဘူးသည့် သူတွေကို အချိန်ပေးပြီး မသင်ပေးနိုင်ပါဘူး။ startup တွေ အနေနဲ့ junior developers တွေကို အချိန်ပေးပြီး သင်မပေးနိုင်ကြပါဘူး။ လုပ်ငန်းအတွေ့အကြုံ လုပ်ငန်း အတွေ့အကြုံဆိုတာကတော့ ဘယ် company မှာ…
-
Xcode 9 နဲ့ အတူ Swift 4 ထွက်လာပါပြီ။ Swift 4 beta က တော့ ထွက်နေတာ အနည်းငယ်တော့ ကြာပါပြီ။ Xcode 9 မှာတော့ Swift 4 ကို တိုက်ရိုက် ရေးလို့ ရပါပြီ။ ပါလာတာတွေကတော့ အများကြီး ဖြစ်သည့် အတွက်ကြောင့် ကျွန်တော် သဘောကြတာလေးတွေကို အဓိက ထားပြီး ရေးသွားပါမယ်။ Supporting Swift 3 Swift 4 ထွက်တော့မယ်ဆိုတုန်းက အစက တော်တော်လေး စိုးရိမ်မိတယ်။ Swift 3 ထွက်တုန်းက Swift 2 က အလုပ်မလုပ်တော့ဘူး။ Swift 2 တုန်းကလည်း Swift 1 အလုပ်…
-
UML , Flow Chart ကျွန်တော် UCSY မှာတုန်းက UML ကို ဘယ်နေရာမှာ သုံးရမလဲ။ ဘာကြောင့် သုံးသင့်သလဲ ဆိုတာကို သေသေချာချာ မသိခဲ့ဘူး။ လက်တွေ့ လုပ်ငန်းခွင့် ဝင်တော့လည်း အသုံးဝင်တဲ့ နေရာ မတွေ့သလောက်ပဲ။ UML ကို လက်တွေ့မှာ သုံးရဲ့လား ဆိုပြီး သံသယတောင် ဖြစ်မိတယ်။ သို့ပေမယ့် လုပ်သက် နည်းနည်းရလာပြီး document တွေရေးတဲ့ အခါ IT field က မဟုတ်တဲ့ လူတွေ နဲ့ ဆက်ဆံ တဲ့ အခါမှာ UML က အရေးပါမှန်း သိလာတယ်။ Project တစ်ခု ရဲ့ Document မှာ Use Case…
-
Developer တစ်ယောက် ရဲ့ တာဝန် ကိုယ့် program ကိုယ် စစ်ဆေးပါ။ Developer တစ်ယောက်ဟာ code ရေးနေဖို့ပဲ မဟုတ်ပါဘူး။ မိမိ code ကိုလည်း ကိုယ့်ဘာသာကိုယ် test လုပ်တတ်ဖို့ လိုပါတယ်။ အများအားဖြင့် developer တွေဟာ unit testing တွေကို QR လက်ထဲ လွဲလိုက်တာ များပါတယ်။ function တွေ အလုပ်လုပ် မလုပ်။ ကိုယ်ရေးထားတာတွေက မှန်မမှန် ပြန်စစ်ဖို့က developer တစ်ယောက်မှာ တာဝန်တွေ အများကြီး ရှိပါတယ်။ အလုပ်တွေမှာ Tester ဆိုပြီး ခေါ်တာထက် QA (Quality Assurance) position ဆိုပြီး ခေါ်တာပါ။ တနည်းပြောရင် သူတို့ရဲ့ တာဝန်က…
-
ကျွန်တော် ရန်ကုန် ပြန်ရောက်တုန်းက ဖန်တီးရာမှာ developer meetup လေးလုပ်ခဲ့ဖြစ်ပါတယ် ။အဲဒီတုန်းက ပြောခဲ့တဲ့ “To Developers From Developer” အကြောင်းလေးကို မှတ်မိသလောက် ပြန်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။ ပွဲ မတိုင်ခင် ၁ ပတ်အလိုလောက်မှ ကျွန်တော်တို့ရုံးက developer conference ရှိတာနဲ့ ကျွန်တော် ပြောမယ့် ခေါင်းစဉ် အတွက် အတော်လေးကို အသုံးဝင်သွားတယ်။ ကျွန်တော် ပြောသည့် အကြောင်းအရာ အတော်များများက ရုံးက developer conference ကနေ ပြန်ပြီးတော့ ကောက်နှုတ်ထားတာပါ။ Developer conference မှာ Group CEO နဲ့ ကျွန်တော်တို့ စင်္ကာပူရုံးက Deupty Director တို့ ပြောတဲ့ အကြောင်းအရာတွေက…
-
Developer Tool တွေကို ဝယ်သုံးလား ? ဝယ်ထားတဲ့ Tool တွေကော သုံးဖြစ်သလား ? ကျွန်တော်ကတော့ ဝယ်သုံးတယ်။ သို့ပေမယ့် အများအားဖြင့် Free နဲ့ opensource တွေကို အရင် ရှာတတ်ပါတယ်။ Adobe က Creative Cloud ဖြစ်သွားပြီး subscription model ကို သွားနေပါပြီ။ ကျွန်တော်ကတော့ subscription model ကို မကြိုက်လှဘူး။ လစဉ် ထုတ်တဲ့ magazine , hosting စတာတွေအတွက် subscription လုပ်ပေမယ့် software အတွက်တော့ subscription လုပ်ရတာ မတန်ဘူးထင်တယ်။ Developer တော်တော်များများက ပိုက်ဆံပေးပြီး မသုံးချင်ကြတာတော့ အမှန်ပါ။ subscription လည်း သိပ်မကြိုက်လှဘူး။…
