iOS Bootcamp Day 2

ဒီနေ့တော့ iOS bootcamp Day 2 ပြီးသွားပါပြီ။ မနက်ပိုင်းမှာ ကိုမျိုးကျော် က memory အကြောင်း ရှင်းပြပြီးတော့ သူ ဝယ်ထားတဲ့ video တွေကို မျှဝေပေးပါတယ်။ ပြီးတော့ ကျွန်တော် calculator app ကို မနက်ပိုင်း ၁ နာရီ လောက်ထိ သင်ဖြစ်တယ်။ ညနေ ပိုင်း အချိန်မှာတော့ Restful အကြောင်းရှင်းပြတယ်။ oAuth 2 အကြောင်း ရှင်းပြတယ်။ ပြီးတော့ Restful သုံးပြီး twitter လို app တစ်ခု ရေးဖြစ်တယ်။ GET , POST , DELETE မှာ ကျွန်တော်တို့တွေ GET နဲ့ DELETE ပဲ ပြီးသွားပြီး POST ကို ဒီအတိုင်းပဲ ရှင်းပြလိုက်ရတယ်။ Restful ကိုတော့ AFNetworking သုံးပြီး ကျွန်တော်တို့တွေ ရှင်းပြခဲ့ပါတယ်။ ပြန်ခါနီး FMDB ကို သုံးပြီး sqlite သုံးနည်း သင်ပေးခဲ့တယ်။ ထမင်းစားပြီးကတည်းက တောက်လျှောက် မနားပဲ သင်လိုက်ရတာ ကျွန်တော်လည်း အာတွေလည်း ချောက်ပြီး လည်ချောင်းတွေလည်း နာသွားတယ်။ ညနေ ၆ နာရီ ခွဲမှပဲ ပြီးတော့တယ်။ သင်ခံရတဲ့လူတွေလည်း ကျွန်တော် push လုပ်လိုက်တာ ခံရပြီး လိုက်လုပ်ရတာ တော်တော်လေးကို ပင်ပန်းသွားလောက်ပြီ။

ဘာပဲပြောပြော bootcamp လေး အောင်အောင်မြင်မြင်နဲ့ပြီးသွားပါပြီ။ ကူညီပေးတဲ့ Bagan နဲ့ Revo Tech ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော် မောင်းသမျှ အနောက်ကနေ လိုက်လုပ်ပေးပြီး ခေါင်းပူအောင် code တွေ အတူတကွ ရေးခဲ့တဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုဇေယျာ နဲ့ အစ်မ သဇင် ကတော့ ကျွန်တော့် ထက် ပို ပင်ပန်းတယ်။ လူတစ်ယောက်ချင်းစီကို error တွေ လိုက်စစ်ပေးခဲ့ပါတယ် ။ သူတို့တွေသာ မပါရင် ကျွန်တော်တို့ တွေ ဒီလောက်လုပ်နိုင်မယ် မထင်ဘူး။

ပင်ပန်းသွားပေမယ့် ဒီလူတွေ iOS နဲ့ မဝေးကွာပဲ တောက်လျှောက်ဆက်လုပ်နိုင်ရင် သူတို့ iOS app ကောင်းကောင်း တစ်ခုလုပ်နိုင်အောင် အခြေခံလေး ကျွန်တော်တို့တွေ ချထားပေးခဲ့နိုင်ပြီလို့ ထင်ပါတယ်။

One response to “iOS Bootcamp Day 2”

  1. ထင်ထားတာထက် အဆပေါင်း ထောင်သောင်းမက တန်ဖိုးရှိပါတယ်အကိုရယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading