iOS Bootcamp Day 1

ဒီနေ့ iOS Bootcamp ပထမနေ့တော့ ပြီးသွားပါပြီ။ ဒီနေ့တော့ မနက် ၁၀ နာရီ မှပဲ စဖြစ်တယ်။ လူ စောင့်တာရယ် ပြင်ဆင်နေတာရယ် ၊ XCode သွင်းတာတွေ ကြောင့် ၁၀ နာရီ မှ စဖြစ်တယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ Projector မရှိလို့ Bagan က 42 လက်မ TV တစ်လုံးကို ပွဲအတွက် ငှားပေးထားပါတယ်။ နောက်ပြီး လိုအပ်တဲ့ ခုံတွေကိုလည်း ငှားပေးထားတယ်။ ဒါ့အပြင် Bagan က ကိုဇေယျာ နဲ့ အစ်မ သဇင် တို့ တနေကုန် မမောမပန်း နဲ့ သင်ပေးခဲ့တဲ့အတွက် အထူးကို ကျေးဇူးတင်မိတယ်။ နေ့လည် စာကိုတော့ Bagan က sponsor လုပ်ပြီးတော့ ထမင်းကြော်နဲ့ ခေါက်ဆွဲကျော် ကျွေးပါတယ်။ ကော်ဖီ နဲ့ ကိုလာ စတာတွေကိုတော့ Revo Tech ကနေ sponsor ပေးထားပါတယ်။ ပွဲအတွက် တနေကုန် အခန်းပေးထားပြီးတော့ လိုအပ်တဲ့ စားစရာ သောက်စရာတွေကို Sponsor ပေးတဲ့ Revo Tech ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ Bagan နဲ့ Revo Tech အကူအညီကြောင့် ထင်တာ ထက် ပိုပြီး အဆင်ပြေပြေနဲ့ ပြီးသွားတယ်။ ပွဲကို တကူးတက လာရောက်ပေးတဲ့ သန့်သက် ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီနေ့ပွဲမှာ လူ ၁၂ ယောက်တက်ရောက်ပြီးတော့ ၂ ယောက်က Mac ကို VM Ware ပေါ်မှာ တင်ပြီးတော့ PC နဲ့ run ပါတယ်။ နှေးပေမယ့် တော်တော်လေး အဆင်ပြေတယ်။ မနက်ပိုင်း အဖွင့်မှာတော့ Intro နည်းနည်းနဲ့ MVC အကြောင်း ကျွန်တော် ပြောဖြစ်တယ်။ ပြီးတော့ Xcode နဲ့ ပတ်သက်ပြီး နည်းနည်း စပြောတယ်။ နောက်တော့ အစ်မ သဇင် က Objective-C အကြောင်းကို အခြေခံက အစ သင်ပေးတယ်။ ပြီးတော့ ကိုဇေယျာ က UI Control နဲ့ ပတ်သက်ပြီးတော့ စ သင်ပေးပါတယ်။ Project လေးကတော့ သေးသေးလေးပါ။ သို့ပေမယ့် သင်လိုက်တာ နေ့ တဝက် အချိန် အကုန်ကုန်သွားတယ်။ ညနေ ပြီးတဲ့ အချိန်မှာတော့ အစ်မ သဇင်က Tab Controller, UIScorllView အကြောင်း မိတ်ဆက်တယ်။ ပြီးတော့ ကျွန်တော်က Calculator App အကြောင်း အနည်းငယ်မျှရှင်းပြပြီးတော့ မနက်ဖြန်အတွက် စဉ်းစားခိုင်းရင်းနဲ့ Bootcamp ပွဲ ပထမ နေ့ ပြီးသွားပါတယ်။

ဒီနေ့ပွဲမှာ အစကတော့ Objective-C ကို စသိတာစမို့ နည်းနည်း ခက်ခဲပေမယ့် UITableView Tutorial လုပ်ရင်းနဲ့ သူတို့တွေ Objective-C ကို ရင်းနှီးလာပုံပါပဲ။ ဒီနေ့ပွဲမှာ App တစ်ခုလောက်တော့ သူတို့တွေ ကိုယ်တိုင် ဖန်တီးနိုင်လောက်တဲ့ အထိ ကျွန်တော်တို့ လုပ်ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ App ကြီးကြီးမားမား မဟုတ်ပေမယ့် View Base App လောက် ဆိုရင်တော့ အဆင်ပြေပါတယ်။ မနက်ဖြန်တော့ ကျွန်တော်တို့တွေ Cacluator App တစ်ခု ဖန်တီးမယ် နောက်ပြီးတော့ Sqlite အပိုင်း သင်ပေးဖို့ အချိန်ရရင် သင်ပေးမယ်။ Restful အပိုင်းရှင်းပြဖို့ စဉ်းစားထားတယ်။ သို့ပေမယ့် အချိန်မှီပါ့မလားတော့ သေချာမသိသေးပါဘူး။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.