ကျွန်တော် အရင်က မြန်မာ့ IT ဘူရောပြည် မှာ ဘီးကိစ္စပြောခဲ့ဘူးတယ်။ mmgeek က aTxIvG4001 (မာ့ခ်)နဲ့ Technical 7 က ကိုမင်းကျော်တို့ဟာ တကယ်လေးစားဖို့ ကောင်းတဲ့လူတွေပဲဗျာ။ ကိုယ့် project တွေရှိလျက်နဲ့ အခြားက Project တွေကို ကူညီပေးနေတာ။ အထူးသဖြင့် မာ့ခ်ပေါ့။ သူ့လုပ်လက်စ Project ကြီးကို ခဏလောက်ရပ်ပြီး MZ က dictionary project ကြီးကို တောက်လျှောက်ကူသွားပေးတယ်ဗျာ။ မယုံနိုင်လောက်အောင်ပဲ။ ကျွန်တော်လည်း ပညာတွေ အရမ်းရသွားတယ်။ mmgeek အနေနဲ့ မာ့ခ် ရဲ့ လုပ်နိုင်စွမ်းနဲ့ သူတို့ကိုယ်တိုင် dictionary လုပ်ရင် အခုလောက်ဆို ပြီးနေလောက်ပြီ။ ဒါပေမယ့် သူတို့ မလုပ်ဘူး။ MZ ကို လာပြီးကူညီပေးတယ်။ အဲ.. နောက်ပြီး သူတို့ Project ပါ… သူတို့ ပါဝင်ပါတယ်လို့လည်း အမည်မတပ်ဘူး။ online dictionary ကိုပါ ရေးသွားပေးပါတယ်ဗျာ။ ကိုမင်းကျော်လည်း MZ က လုပ်နေတယ်ဆိုတာနဲ့ ဘာကူညီရမလဲဆိုပြီး ချက်ချင်းရောက်လာတယ်။ သူလာတဲ့ အချိန်မှာ စာလုံးတွေက အကုန်လုံး တာဝန်ယူပြီးနေလို့ သူကူညီလို့ မရတော့တာပါ။ ဒါတောင် အကုန်ပြီးရင် သူဆွီဒင် – မြန်မာ လုပ်ပေးမယ်လို့ ပြောသွားတယ်။ ကျွန်တော် ယုံပါတယ်။ အကူအညီလိုရင် သူက ထပ်ပြီး ကူညီမယ်ဆိုလို့ ယုံကြည်ပြီးသားပဲ။ တခြားသူတွေ လုပ်နေတာကို ငါလည်း လုပ်နိုင်တာပဲ ငါတို့လုပ်လည်း ရမှာပဲ လို့ စိတ်မထားပဲ… သူတို့လုပ်နေတာပဲ ငါကူညီလို့ရမလားမသိဘူး လို့ စိတ်ထားတဲ့ စိတ်ဓာတ်ကိုတော့ ကျွန်တော်ကတော့ တကယ်လေးစားသွားတာ အမှန်ပဲ။ မြန်မာတွေထဲမှာ အဲလို စိတ်ဓာတ်ရှိသေးတယ်ဆိုတာ ယုံတောင် မယုံနိုင်လိုက်ဘူး။ ကျွန်တော်လည်း အဲလို စိတ်ဓာတ်ကို စတင် မွေးနေပြီ။ ကျွန်တော် မာ့ခ် နဲ့ ကိုမင်းကျော် ကို ကြည့်ပြီး ငါလည်း အခြား site တွေမှာ project တွေ လုပ်နေရင် ငါ ကူညီပေးလို့ရတာ ရှိရင် ကူညီပေးမယ်ဆိုပြီး စိတ်ဓာတ်လေး ရသွားတယ်။ ကျေးဇူးပါပဲ မာ့ခ် နဲ့ ကိုမင်းကျော် ရေ… မြန်မာတွေ အကုန်လုံးလည်း အဲလို စိတ်ဓာတ်လေး ရှိစေချင်တယ်ဗျာ….
Leave a Reply