ရေးဖြစ်တဲ့စာ

မနေ့က MZ Blog မှာ ချဉ်းကပ်ခြင်း ဆိုတဲ့ Post တစ်ခု တင်ထားတယ်။ ကိုမြင့်ကျော်သူ ပြောတဲ့ comment နဲ့ ကိုအောင်စည်သူကျော်ပြောထားတဲ့ comment ၂ ခုကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော် ဘယ်လို reply ပြန်ရမလဲ။ ကျွန်တော့် အယူအဆက ကော ဘယ်လိုလဲဆိုတာကို ကိုယ့်ဘာသာကိုယ် စဉ်းစားနေဆဲ။ Basic education က အရေးပါသလို ကျွန်တော် ပြောနေကြ စကားလုံးဖြစ်တဲ့ ရှုးသွပ်ခြင်းကလည်း အရေးပါပြန်တယ်။ ရှုးသွပ်ခြင်းဆိုတာက လူတိုင်းမှာ မရှိတဲ့ အရာတစ်ခုပါ။ ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ အရသာကို သာမာန်လူတွေ မခံစားနိုင်တဲ့ အရာလို့ပဲ ဆိုရမလားပဲ။ ဒီ ပေါ်မှာ ရှုးသွပ်ခုံမင်ဖို့အတွက် အကြောင်းတွေတော့ ရှိဖို့လိုမှာပေါ့။ ဒါမှသာ ရှုးသွပ်ခုံမင်ခြင်းဆိုတဲ့ အကျိုးဖြစ်လာမှာ။ အခုခေတ်လူငယ်တွေမှာ ပညာတတ် ဘွဲ့ရတွေ များလာပေမယ့် ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ စိတ်တွေ ကျဆင်းလာတယ်။ ဘဝကို စိတ်ပျက်လာတယ်။ ဒါတွေကြောင့်လား စဉ်းစားမိသေးတယ်။ ဘာပဲပြောပြော ချဉ်းကပ်ခြင်း ဆိုတဲ့ Post လေးကို ရေးလိုက်ရတာ တော်တော်နေသာထိုင်သာရှိသွားတယ်။ ပြောချင်တာတွေ ရေးချလိုက်ရတာကြောင့် လက်ရှိ သင်ကြားပုံတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက် ပြောင်းလဲလာနိုင်တယ် လက်ရှိ လေ့လာနေတဲ့သူတွေအနေနဲ့ အားတက်လာမယ်ဆိုရင် ရေးရတာ တန်သွားပြီလို့ ဆိုရမယ်။

One response to “ရေးဖြစ်တဲ့စာ”

  1. ကိုယ့် အမြင်နဲ့ သူများ အမြင်နဲ့ တွဲသိရတော့ ကောင်းတာပေါ့ .. :)
    ဘာပဲပြောပြော အဲ့လို Feedback ရတာပဲ ကျွန်တော်ကတော့ ကျေနပ်တယ်။ မတူတဲ့ အမြင်ချင်းကို ပေါင်းစပ်လို့ရချင်မှ ရနိုင်ပေမယ့် ဖလှယ်လို့တော့ ဖြစ်တယ်လေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading