education

  • အခုတလော ဖတ်ဖြစ်တဲ့ ဆောင်းပါး ၂ ခုကို ပြန်ပြီး share ချင်ပါတယ်။ ပထမ တစ်ခုကတော့ ကို calmhill ရဲ့ Definitions of Educated Person တက္ကသိုလ်တခုက ဘွဲ့ရရှိလာပြီးတဲ့ အသိပညာရှင် အတတ်ပညာရှင် တယောက်ဟာ အကောင်းအဆိုး ဆန်းစစ်တတ်နိုင် ဆင်ခြင်တုံတရား တွဲလျက်မရှိလာဘူးလား မေးရင်တော့ အင်မတန်ရှင်းလင်းတဲ့ အဖြေတခုရှိပါတယ် ယေဘုယျအားဖြင့် အခြေခံပညာရေးမှာ ပညာသင်ကြားရခြင်းရဲ့ အခြေခံအကျဆုံးက အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ရေး ဖြစ်ပြီးတော့ အဆင့်မြင့်ပညာဟာ အဲဒီအခြေခံအုတ်မြစ်ပေါ်မှာ ဆက်လက်ပြီးတော့ တည်ဆောက်ထားတာပါ။ နောက်တစ်ခုက ရဲလင်းအောင် မှတ်ချက်ပေးထားတဲ့ link က The Most Important Class I Took in NUS The purpose…

  • မနေ့က MZ Blog မှာ ချဉ်းကပ်ခြင်း ဆိုတဲ့ Post တစ်ခု တင်ထားတယ်။ ကိုမြင့်ကျော်သူ ပြောတဲ့ comment နဲ့ ကိုအောင်စည်သူကျော်ပြောထားတဲ့ comment ၂ ခုကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျွန်တော် ဘယ်လို reply ပြန်ရမလဲ။ ကျွန်တော့် အယူအဆက ကော ဘယ်လိုလဲဆိုတာကို ကိုယ့်ဘာသာကိုယ် စဉ်းစားနေဆဲ။ Basic education က အရေးပါသလို ကျွန်တော် ပြောနေကြ စကားလုံးဖြစ်တဲ့ ရှုးသွပ်ခြင်းကလည်း အရေးပါပြန်တယ်။ ရှုးသွပ်ခြင်းဆိုတာက လူတိုင်းမှာ မရှိတဲ့ အရာတစ်ခုပါ။ ရှုးသွပ်ခုံမင်ခြင်း ဆိုတဲ့ အရသာကို သာမာန်လူတွေ မခံစားနိုင်တဲ့ အရာလို့ပဲ ဆိုရမလားပဲ။ ဒီ ပေါ်မှာ ရှုးသွပ်ခုံမင်ဖို့အတွက် အကြောင်းတွေတော့ ရှိဖို့လိုမှာပေါ့။ ဒါမှသာ…

  • ဟိုနေ့က ကိုပီဇီ နဲ့စကားပြောဖြစ်သေးတယ်။ ကျွန်တော်က ရန်ကုနု်မှာ လူငယ်တွေကော ဘယ်လိုလဲလို့ မေးလိုက်တော့ … ကိုပီဇီက အားမလို အားမရတွေဖြစ်နေတယ်။ ၁၀ တန်းပြီးမှ computer အခြေခံစသင်ရတာနဲ့ အင်္ဂလိပ်စာ အခြေခံပြန်သင်ရတာကို မကျေမနပ်တွေ ဖြစ်နေတယ်။ ၁၀ တန်းပြီးပြီဆိုရင် အင်္ဂလိပ်စာ အခြေခံနဲ့ computer အခြေခံ ကို သင်တာ နောက်ကျနေပြီဗျ။ ကျွန်တော်တို့တွေ အသက်အရွယ်ကြီးတဲ့ အထိ ရှေ့မတက်နိုင်တာက ၁၀ တန်းပြီးမှ အခြေခံ စတာကြောင့်လည်း ပါတယ်ဆိုတာ မမှားဘူး။ ၁၀ တန်း ပြီးဆိုတော့ ၁၆ နှစ် ပေါ့။ ၁၆ နှစ်မှာမှ Word , Excel , Powerpoint တွေ စသင်ခိုင်းတာက အလွန်ကို…

  • လွန်ခဲ့တဲ့ ၂ ရက်က C# လုပ်ကြည့်အုံးမှ လို့ စဉ်းစားမိတယ်။ C# နဲ့ ပတ်သက်ပြီး လုပ်စရာလေးတွေ ရှိလာလို့လေ။ ဒါပေမယ့် စာအုပ်တွေလည်း မဖတ်ဖြစ်ဘူး။ C# ကို အခုအချိန်မှာ ဖတ်ဖို့ အချိန်မရှိဘူး။ အခြေခံကနေ စဖတ်ရမှာလည်း ပျင်းတယ်။ အရင် VB.NET လုပ်ဖူးတယ်။ C# ကို တစ်ခါမှမလုပ်ဘူးဖူး။ သူငယ်ချင်းအတွက် နည်းနည်းလေး လုပ်ပေးတာလောက်ပဲ ရှိဘူးတယ်။ အရင်က VS 2008 မှာတောင် C# ကို မသွင်းဘူး။ အခုတော့ VS 2008 သွင်းပြီး C# ကို စဖွင့်လိုက်တယ်။ messagebox ဖော်ပြဖို့ code လေး စရေးမယ်ဆိုပြီး ပြင်လိုက်တယ်။ စပါပြီဗျာ…