သဘာဝပတ်ဝန်းကျင်နှင့် ရန်ကုန်

ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ဆိုတဲ့ အကြောင်းပေါ့။ အထက်တန်းကျာင်းတုန်းကလည်း သင်ခဲ့ရတယ် လေထု ညစ်ညမ်းခြင်း။ ကျွန်တော်တို့ နေ့စဉ် မီးစက်တွေ ဒီလောက်အသုံးပြုနေတာ ရန်ကုန်မြို့ကြီးကော လေထု မညစ်ညမ်းဘူးလား။ အင်တာနက်ဆိုင်တွေ များပြားလာတာနဲ့ အမျှ မီးစက်တွေ များလာတယ်။ တစ်ဆိုင်မှာ လူနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် မီးစက်ဖွင့်ရတာပဲ။ စုစုပေါင်း ဆိုင် ၃ ဆိုင်ဆိုရင် မီးစက် ၃ ခု ပေါ့။ တနည်းပြောရင် လူ ၆ ယောက်အတွက် မီးစက် ၃ လုံးတောင်လေ။ တကယ်တန်းတော့ အလကား ဖြုန်းတီးမှုတွေ ဖြစ်နေသလိုပဲ။ အင်တာနက်ဆိုင်တွေ များလာတာနဲ့အမျှ ငွေတွေ အချိန်တွေ ကုန်ဆုံးရတဲ့ အပြင် သဘာဝ ပတ်ဝန်ကျင် လေထု ညစ်ညမ်းမှုတွေ ပါ ဖြစ်လာတာပဲ။ အရင်တုန်းက လက်ဖက်ရည်ဆိုင်တွေ များလာတော့ ပတ်ဝန်းကျင် ပလက်ဖောင်းတွေ ညစ်ပတ်တယ်။ မြောင်းတွေထဲကို အမှိုက်တွေ အကုန် တံမြက်စည်းနဲ့ လှဲချပစ်တာလည်း မျက်မြင်ကွယ်တွေ့ပဲ။ ဒါကြောင့် ရန်ကုန်မြို့ထဲ ရေတွေကြီးနေတာပဲ။ စည်ပင်က ဘယ်လောက်ရှင်းရှင်း ညဘက်ရောက်လို့ ဆိုင်ရှင်းရင် အမှိုက်တွေက ရေမြောင်းထဲ ရောက်ရတာပဲ။ အခုလည်း အင်တာနက်ဆိုင်တွေ များလာတော့

ကောင်းတာလေးတွေ
၁။ လူတိုင်း အင်တာနက်ဆိုင်ကို အနီးအနားမှာ သုံးနိုင်တယ်။ အခုဆို ကိုယ့်အိမ်အောက်မှာ အင်တာနက်ဆိုင်ရှိနေပြီလေ ဆိုတဲ့ ခေတ်ရောက်နေပြီ။
၂။ ဆိုင်တွေများလာတော့ ရွေးချယ်ခွင့်ရလာတယ်။ မီးပျက်မီးလာ အဲကွန်းဖွင့်ပေးတဲ့ဆိုင်။ ဝန်ဆောင်မှုကောင်းတဲ့ဆိုင်။ privacy အဓိကထားတဲ့ဆိုင် စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်တယ်။
၃။ connection ကောင်းဖို့ ဆိုင်တွေက ၂ လိုင်း အနည်းဆုံး ချိတ်လာကြတယ်။ အဲဒီအတွက် အင်တာနက်ကို အရင်ကထက် ပိုမြန်မြန်သုံးလာနိုင်တယ်။ connection ကောင်းတဲ့ဆိုင်ပဲ သွားကြတာကိုး။
၄။ ဆိုင်တွေများလာတဲ့အတွက်ကြောင့် အင်တာနက်ဆိုင်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ( ကွန်ပြူတာ ပစ္စည်းများ ၊ network သမားများ စသည် ) အလုပ်အကိုင်ကောင်းလာကြတာပေါ့။
၅။ ဈေးနှုန်းလည်း ကျသွားတယ်။ တချို့နေရာမှာ ၁ နာရီ ၂၀၀ နဲ့တောင် ရတယ်တဲ့။
အခြားကောင်းတာလေးတွေ ရှိအုံးမှာပါ

မကောင်းတာတွေကတော့

၁။ မီးစက်ကြောင့် လေထုညစ်ညမ်းတယ်။ ပတ်ဝန်းကျင် ပူလာတယ်။
၂။ ဆိုင်များလာတော့ လက်ရှိ bandwidth ထိခိုက်တော့ လိုင်းတွေ နှေးကုန်တယ်။
၃။ အပြိုင်အဆိုင်တွေများလာတော့ မကုန်သင့်တဲ့ ငွေတွေ အကုန်ခံပြီး ပြိုင်ကြရတယ်။
၄။ ပိုက်ဆံရှိတဲ့လူတိုင်း ဝင်လုပ်တဲ့ လုပ်ငန်းဖြစ်တော့ ဈေးကွက်ပျက်သွားတယ်။
၅။ air con တွေကြောင့် ပတ်ဝန်းကျင်ပူလာတယ်။

အခြားအချက်တွေရှိသေးပေမယ့် ကျွန်တော့်အနေနဲ့ လေထုညစ်ညမ်းတဲ့ အချက်ကိုတော့ သိပ်မကြိုက်ဘူးဗျ။ ငွေကုန်တာက ဘာမှမဖြစ်ဘူး။ bandwidth ကိစ္စကလည်း ရှင်းလို့ရတယ်။ လေထုညစ်ညမ်းခြင်းကတော့ ရှင်းရခက်မယ်။ အပင်တွေ နည်းသွားတယ်။ မီးစက်တွေ အရမ်းများလာတယ်။ စက်တွေက အရင်ကလို သေးသေးလေးတွေ မဟုတ်တော့ပဲ အကြီးတွေနဲ့ ချကုန်တယ်။ air con တွေ မီးစက်တွေကြောင့် အရင်ကထက် ရန်ကုန်က ပိုပူလာတယ်။ ဒါဟာ သတိထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အခုဆို ညဘက်နဲ့ နေ့လည် သိသာတယ်။ အခုတလော မိုးပြန်ရွာလာတော့ သိပ်မပူတော့ဘူးဖြစ်သွားတာ။ အရင်ကဆို တော်တော်ပူတာ အဲဒါတွေကြောင့်လိုထင်တာပဲ။ ကျွန်တော်တို့တွေအနေနဲ့ ကျွန်တော်တို့ လေထုကို ဘယ်လိုပြန်လုပ်ပေးမလဲ ကမ္ဘာကြီးကို ဘယ်လိုပြန်ပြုပြင်ပေးမလဲ။ နိုင်ငံတကာမှာ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်နေပေမယ့် ရန်ကုန်ကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ပိုပူလာအောင် ဖန်တီးပေးနေသလိုပဲ။ ရန်ကုန်တင်မဟုတ်ပါဘူး မန်းမှာလည်း ဒီလိုပဲနေမှာပဲ။ ဒါဟာ သတိထားသင့်တယ်။ ဖြစ်နိုင်ရင် မီးအချိန်ပြည့်လာဖို့ လိုနေပြီ။ နောက်မို့ဆို ဒီအတိုင်းဆက်သွားရင် မကောင်းဘူးလို့ ကျွန်တော်ထင်တာပဲ။ ကျွန်တော် သေသေချာချာလည်း မရှင်းပြတတ်ဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တာတွေ နားမလည်ပေမယ့် နေ့လည် နေ့ခင်းတွေ အသက်ရှုရတာ အားမရတာတော့ သတိထားမိတယ်ဗျာ….

ထပ်ဖြည့်::::နောက်ပြီး မြန်မာတွေ တော်တော်များများက မေတ္တာထားပါအော်နေပေမယ့် တကယ်တော့ မေတ္တာထားတတ်သူတော်တော်ရှားတယ်… စီးပွားရေးလုပ်တာအစ မေတ္တာထားပြီး မလုပ်ပဲ သူများပျက်စီးရာပျက်စီးကြောင်းပဲတွေးတတ်ကြတာကိုတွေ့ရတယ်… သူလည်း ဝမ်းမဝ ကိုယ်လည်း မဝ အလုပ်ကို တော်တော်လုပ်ကြတယ်ဗျာ…

8 Comments

  1. box02 says:

    ဒီ post လေးကိုကြိုက်တယ်၊ ဒီလိုမျိုး တစ်ယောက်မှ မရေးရဲကြဘူး ကျနော်အပါအဝင်ပေါ့ .. ပြည်သူလူထုတရပ်လုံးက ပြောဖို့ကြောက်နေကြတယ်.. ရင်ထဲကစကားတွေ.. ကိုယ့်နိုင်ငံမှာ ကိုယ့်မြို့ရွာမှာ ဖြစ်စေချင်တဲ့ ကောင်းစေချင်တဲ့ ပြုပြင်သင့်တဲ့အကြောင်းတွေကို ပြောဖို့ အားလုံး ကြောက်နေကြတယ်..
    ဘာလို့ကြောက်နေကြလဲ သိမှာပါ.. ဘယ်သူဘယ်ဝါတွေကြောင့်လဲဆိုတာလဲသိကြမှာပါ..

    ဒို့ဗမာတွေအားလုံး ကိုယ့်ဘလော့လေးမှာ တိတ်တိတ်ပုန်းပြောမယ့်အစား တကယ့် Public မှာ ပြောနိုင်ရင် သိပ်ကောင်းမှာနော်.. အားလုံးကိုယ့်ရင်တွင်းကစကားတွေကို တယောက်နားတယောက်ကြားနိုင်အောင် ပြောခွင့်ရကြရင်ကောင်းမယ်နော်..

    ၁၊ မီးစက်ကြောင့်လေထုညစ်ညမ်းတယ်..
    –ဘာ့ကြောင့်လျှပ်စစ်မီးမမှန်ရလဲ ? (မေးရင်လဲ အဖြေရမှာမဟုတ်ဘူး)

    ၂၊ Bandwidth ကောင်းအောင် ဘာကြောင့်မလုပ်နိုင်တာလဲ? (မေးရင်လဲ ဝေ့လည်ကြောင်ပတ်လုပ်နေအုံးကြအုံးမယ်)

    ကိုစေတန်လဲ ကျနော့် comment ကို publish လုပ်ရဲ ပါ့မလားမသိဘူး ..

    1. saturngod says:

      ကွန်ဖြူးရှပ်ကပြောတယ်… ပြည်သူက ပြည်သူလိုကျင့် မင်းက မင်းလိုကျင့် အဲဒီအခါ တိုင်းပြည် သာယာဝပြောလာလိမ့်မယ်..

      ကျွန်တော့်အတွက်တော့ အဲဒီအခါ မီးမှန်လာမယ်… bandwidth တွေ ကောင်းလာမယ်.. နှစ်ဦးနှစ်ဖက် မေတ္တာ စေတနာ ထားတတ်ရမယ်… မီး ၂၄ နာရီ မလာတာဟာ ဘယ်သူ့ကြောင့်လို့ အပြစ်မတင်နဲ့ နှစ်ဦး နှစ်ဖက် လုံးကောင်းမှ မီး ၂၄ နာရီ လာမှာ… အင်တာနက်နှေးတာကိုလည်း အပြစ်မတင်နဲ့ နှစ်ဦးနှစ်ဘက်လုံး နားလည်လာမှ မြန်လာမှာ…

      ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်က ကွန်ဖြူးရှပ်ပြောခဲ့တာတွေပဲဗျာ..

  2. saturngod says:

    ကို box ရေ… ပြောစရာမလိုပဲ လူတိုင်း သိတဲ့ ကိစ္စပါဗျာ… လူတိုင်းဖြစ်ချင်နေတဲ့ ကိစ္စပါ..

  3. စေတန်ရေ တစ်ခုကျန်သေးသဗျ။ ကျွန်တော် မြို့ထဲမှာအလုပ်လုပ်လို့လားမသိဘူး။ အဲဒီမီးစက်သံတွေကြားတာနဲ့ စိတ်က အလိုလိုနေရင်ရှုပ်လာတယ်ဗျ။ နေ့တိုင်းမီးစက်သံတွေကြားနေရတော့ ကျွန်တော်တောင်တစ်ခါတစ်ခါ စဉ်းစားမိတယ်။ တိတ်ဆိတ်တဲ့ တောရွာလေးတစ်ရွာမှာသွားနေလိုက်ချင်တယ်ဗျာ။ ရန်ကုန်မြို့ကြီးကိုတော်တော်ကြီးစိတ်ကုန်တယ်။

  4. box02 says:

    ကွန်ဖြူးရှပ်ရဲ့ idea က အဲဒီနှစ်ပေါင်း ၃၀၀၀ လောက်က ထင်ရှားခဲ့တယ်မှန်ပါတယ်၊ ဒါပေမယ့် ခုခေတ်မှာအဲထက်ကောင်းတဲ့ versions တွေပေါ်ပေါက်နေပါပြီ.. ခုလက်တွေ့မှာ အလုပ်ဖြစ်တဲ့ကောင်းတဲ့ စနစ်တွေဖြစ်ထွန်လာပြီး လက်ကိုင်ပြုသုံးစွဲနေကြလို့ တိုးတက်နေတဲ့နိုင်ငံတွေပေါ်ပေါက်လာနေကြပြီ.. ကိုစေ
    ဟမ်မူရဘီ ကိုဓဥပဒေကြမ်းလဲ ပေါ်ပေါက်ခဲ့ ထင်ရှားခဲ့ပြီးပါပြီး ခုလက်ရှိအဲဒါတွေကိုလက်မခံတော့ပါဘူး၊ မသုံးကြတော့ပါဘူး..
    တဦးပေါ်တဦး ကောင်းတယ် မေတ္တာထားနိုင်တယ်ဆိုတာ ပတ်ဝန်းကျင်ရေခံမြေခံကောင်းရှိဖို့လိုအပ်ပါတယ်ကိုစေ..
    ခေါင်းကျက်ခေါင်းစား အမြှီးကျက်အမြှီးစား ချစားယိုယွင်းနေတဲ့နေတဲ့နေရာမျိုးမှာ ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး အများအတွက်ကို ကြည့်တာနည်းနေမှာပါ..
    စည်းစနစ်နဲ့ ဥပေဒေ တည်တံ့မှန်ကန်တဲ့နေရာမျိုးမှာ အဲလိုချစားလဘ်ပေးလဘ်ယူနည်းပါးပြီး မှန်မှန်ကန်ကန် ဆောင်ရွက်တာမို့ အများအတွက်လဲ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်းကောင်းစေမှာပါ..
    ကိုယ်ထင်ရာကိုယ်လုပ်မယ် ယူချင်ရာယူမယ် အများကိုဂရုမစိုက်ဘူးဆိုတဲ့နေရာမျိုးမှာ အများသူများကို သွယ်ဝိုက်၍သော်လည်းကောင်း တိုက်ရိုက်၍သော်လည်းကောင်းထိခိုက်နစ်နာစေမှာဖြစ်ပြီး ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ပါဘူး..
    လက်ရှိအနေနဲ့ ကမ္ဘာပေါ်မှာ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးစနစ်က Democracy စနစ်ပါ..
    ဒီစနစ်ကို(တကယ်အစစ်အမှန်)မသုံးတဲ့နိုင်ငံတွေမှာ နေနေရသူတွေ နဲ့ (တကယ်အစစ်အမှန်) အသုံးပြုနေတဲ့နိုင်ငံကို မရောက်ဖူး သိုမဟုတ် ကောင်းကောင်းမလေ့လာဖူးသူတွေ အဲဒီစနစ်က ဘယ်လိုကောင်းတယ် ဘယ်လိုသင့်တော်တယ်ဆိုတာ သိနားလည်နိုင်ဖို့အလွန်အင်မတန် အားနည်းပါတယ်..ကိုစေ
    ကိုစေလဲ ရေအိုင်ငယ်အတွင်းကနေထွက်ပြီး ပင်လယ်ကြီးဆီရောက်တဲ့အခါ ငါးမျိုးစုံးကိုတွေ့ပြီး ငါးတွေရဲ့အကြောင်းကိုလေ့လာမိရင်း ဘယ်အသားကိုပိုချိုတယ်ပိုကောင်းတယ်ဆိုတာ ရွေးနိုင်ပါစေ .. :-)

  5. saturngod says:

    မျှော်လင့်နေပါတယ်.. ကို box ရေ… :)

  6. ကင်းကင်း says:

    ကိုစေတန်ရေ.. မီးစက်နဲ့မသုံးလို့ဘယ်လိုလုပ်ရမလဲ ။။။ အစိုးရမီးမှမပေးတာ .. ပပဝတီ ကိုခေါ်ထားရမှာလား ဗျ… ဒါဆိုလဲအင်တာနက်ဆိုင်တွေပိတ်ပစ်ဖို့ပဲရှိတယ်။ အဲလိုပိတ်ပစ်လို့ကတော့..မြန်မာပြည်မှာ အင်တာနက်ဆိုတာဘာမှန်းတောင်သိကြတော့မှာမဟုတ်ဘူး ။။။ အစိုးရ ကိုတော့ တစ်ခွန်းမှမပြောပါလားဗျ ။

    1. saturngod says:

      Sometime, most ppl understand without speaking.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.