အင်ဒိုတစ်ယောက်နဲ့ စကားစမြည်

Airsoft သွား ပစ်တဲ့ နေ့တုန်းက Web Designer နဲ့ ကားမှာ ဘေးကပ်ရပ် ထိုင်ဖြစ်တော့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ အတူတူထိုင်ပြီးတော့ သူ့နိုင်ငံ အကြောင်း ကိုယ့် နိုင်ငံ အကြောင်းတွေ ပြောဖြစ်ခဲ့တဲ့အပိုင်းထဲက အပိုင်း အချို့

Me: မင်းတို့ အစိုးရက ဘယ်လိုလဲ။
Dirman: အရမ်းဆိုးတယ်ကွာ။

Me: ဟုတ်လား။ ဒါနဲ့ မင်း Design ပိုင်းကို ဘယ်ကနေ သင်လာတာလဲ။
Dirman: ကျောင်းမှာ သင်လာတာလေကွာ။

Me: အန် … အဲဒါတွေ တက္ကသိုလ်မှာ သင်တယ်။ ဟုတ်လား။
Dirman: အေးလေ။ မင်းတို့ဆီမှာ အဲလိုမျိုး တက္ကသိုလ် မရှိဘူးလား။ Visual Art တို့ Visual Design တို့ အပိုင်းတွေ သင်တဲ့ တက္ကသိုလ်လေ။


Me: အင်း.. မရှိဘူးလို့ ဆိုရမှာပဲ။ Computer နဲ့ ပတ်သက်ပြီးတော့ Software နဲ့ Hardware ပဲရှိတယ်။
Dirman: ဟုတ်လား။ programming ကို ကျောင်းမှာ သင်ပေးတာပဲ မဟုတ်လား။

Me: အဲလိုတော့လည်း မဟုတ်သေးဘူး။ ကျောင်းမှာလည်း သင်သလို Training Center တွေလည်း ရှိတယ်။
Dirman: ????

Me: Training Center တွေက မြန်မာနိုင်ငံမှာ အဓိက စီးပွားရေးလို့ ဆိုရမှာပဲ။ Training Center ဆိုတာက Programming, Graphic ပိုင်းတွေကို သင်ပေးတဲ့ Center ပေါ့။
Dirman: အော်… ဒါဆို မင်းတို့မှာ University ဘယ် နှစ်ခု ရှိလဲ။

Me: ( ဖြေရခက်ပြီ ) ငါတို့ ဆီမှာလား။ အင်း… University တွေကတော့ အများကြီးပဲ။ ဒါပေမယ့် စင်္ကာပူလိုမျိုး Campus နဲ့တော့ မဟုတ်ဘူး။ တစ်ဘာသာ တစ်ခု။ ပြည်နယ်တစ်ခု တက္ကသိုလ် တစ်ခုလို့ပဲ ဆိုရမှာပေါ့။ ဥပမာ။။ Computer ဆိုရင် တက္ကသိုလ်တစ်ခု။ ပြည်နယ်တိုင်းမှာ ရှိတယ်။ မင်းတို့ ဆီမှာကော။
Dirman: ( ရယ်ကျဲကျဲ … ပြုံးတုံးတုံးဖြင့် ) အင်း.. ငါတို့ဆီမှာကတော့ စင်္ကာပူမှာ အတိုင်းပါပဲ။ Campus နဲ့ပဲပေါ့။ ဒါပေမယ့် ပြည်နယ်တွေမှာလည်း University ရှိပါတယ်။

Me: အော်… မင်း ပြန်တော့မယ်ဆို.. ဘာဖြစ်လို့လဲ … ဟိုမှာ လခ ကကော..
Dirman: အင်း… ဟုတ်တယ်.. မိန်းမ နဲ့ ကလေးက ဟိုကို ပြန်သွားပြီ။ မိန်းမက ဟိုမှာ အလုပ်ရနေပြီဆိုတော့ ဒီကို ပြန်မလာတော့ဘူး။ ဒါကြောင့် ငါလည်း ပြန်တော့မယ်။ ဒီမှာနေရတာ သူတို့ မရှိတော့ အရမ်းပျင်းတယ်။ လခ ကတော့ အရမ်းကွာတာပေါ့။ $600 ကနေ $800 အတွင်းပဲရှိပါတယ်။ ဒီနဲ့ ယှဉ်ရင်တော့ နည်းတယ်။

Me: အင်း.. ငါတို့ ဆီမှာတော့ ပုံမှန် $200 လောက်ပဲ ရတယ်။ ဒါပေမယ့် စားသောက်စရိတ် က အရမ်းသက်သာပါတယ်။ ဒီမှာ သတ်သတ်လွတ်တွေက အရမ်းဈေးကြီးတယ်။
Dirman: အင်း… ငါတို့ဆီမှာလည်း သက်သာပါတယ်။

Me: ဟိုကို ပြန်တော့ အင်တာနက် Speed ကကော ကောင်းလို့လား။
Dirman: အင်း.. ကောင်းပါတယ်။ မင်းတို့ ဆီမှာကော။

Me: ငါတို့ဆီမှာကတော့ အမြင့်ဆုံးက 1Mb နဲ့ တူတယ်။ 512 kb ကိုတော့ ၁ လကို $50 ပေးရတယ်။
Dirman: အိုးးး… ဈေးကြီးလိုက်တာ။ ငါတို့မှာကတော့ အခု ဈေးသက်သာသွားပြီ။

….
….

ဘာရယ်မဟုတ်ပါဘူး။ ဒီအတိုင်း သူမေး ကိုယ်မေး စကားပြောခဲ့တာလေးတွေပါ။

4 responses to “အင်ဒိုတစ်ယောက်နဲ့ စကားစမြည်”

  1. သြော် … တော်တော်လေးတော့ အထင်ကြီးသွားရှာမယ်နော် :P
    ခုတော့ FTTX ရနေပီ :D

  2. ကျွန်တော်က အင်ဒိုမှာအလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတစ်ယောက်ပါ သူတို့လဲ သည်လောက်ကြီး မတိုးတက်သလို ကျွန်တော်တို့လဲ သည်လောက်ကြီး မညံ့ပါဘူး ဒါကြောင့်လဲ သူများနိုင်ငံမှာ လုပ်စားလို့ရတာပေါ့ မဟုတ်ဘူးလား

    1. ဟုတ်တယ်ဗျ… သို့ပေမယ့် ကွာခြားချက်က အခြေခံပညာရေးပိုင်းကို ဆိုလိုချင်တာပါ… သူတို့နိုင်ငံကို သူတို့ အားမရလို့ သူတို့ အစိုးရ မကောင်းဘူးလို့အပေါ်မှာ သူကိုယ်တိုင် ပြောထားပါတယ် … သို့ပေမယ့် အင်တာနက်နဲ့ university ပိုင်းတွေမှာတော့ ကွာတယ်… အဲ.. လူတစ်ဦးခြင်း စွမ်းရည်မှာတော့ မြန်မာတွေက ပိုသာတယ်လို့ ဆိုလို့ရမယ်.. သူတို့နိုင်ငံလည်း အဲလောက် မတိုးတက်ပါ.. သို့သော် မီး ၂၄ နာရီ လာတယ်… အင်တာနက် ကောင်းပါတယ်.. ကျွန်တော် ပြောချင်တာကို ဖြည့်တွေးလိုက်ပါဗျာ… :D

      1. ၂၄ နာရီကတော့ မီးလာပါတယ်။ ဒါပေမယ့် အခု အသစ်ဖောက်ထားတဲ့ ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးလေ :P
        မီးပျက်တာတစ်ခါမှမတွေ့ရဘူး။ ကိုစေတန်ပြောသလိုပဲ ခြုံငုံပြောရင် ကျွန်တော်တို့နိုင်ငံက သူတို့လောက်မတိုးတက်သေးပေမယ့် တစ်ဦးချင်းကတော့ ရဲရဲကြီးယှဉ်ရဲပါတယ်ဗျာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading