ငယ်ငယ်က အမေ ပြောနေကျ စကားတစ်ခု ရှိတယ်။
“သား စဉ်းစားမရရင် အိပ်လိုက်။ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့” တဲ့။
Periodic Table အကြောင်း ရှာရင်း Mendeleev အကြောင်း ဖတ်မိတယ်။ သူ့အကြောင်းမှာ Periodic Table နဲ့ အိပ်မက် ဆက်စပ်နေတဲ့ ပြောစမှတ်တစ်ခု ရှိတယ်။
Mendeleev က Periodic Table ကို တစ်ညအိပ်မက်မက်ပြီး ချက်ချင်းရသွားတာတော့ မဟုတ်ဘူး။ သူက ဒြပ်စင်တွေကို ဘယ်လိုစီရမလဲဆိုတာ အချိန်အတော်ကြာ စဉ်းစားနေခဲ့တာ။ အဲဒီအချိန်မှာ Newlands, Meyer စတဲ့ တခြား scientist တွေလည်း element တွေရဲ့ pattern ကို ရှာနေကြတာရှိတယ်။
ဒါပေမယ့် Mendeleev ရဲ့ table က ပိုအရေးပါသွားတာက မတွေ့ရသေးတဲ့ element တွေအတွက် နေရာလွတ်တွေ ချန်ထားနိုင်ခဲ့တာ။ ပြီးတော့ နောက်ပိုင်းမှာ အဲဒီနေရာတွေထဲက တချို့ဟာ တကယ်တွေ့လာတဲ့ element တွေနဲ့ တော်တော်ကိုက်သွားတယ်။
သူ့အကြောင်းမှာ ပြောကြတဲ့ story ကတော့ 1869 လောက်မှာ သူ အရမ်းပင်ပန်းပြီး အိပ်ပျော်သွားတဲ့အချိန် အိပ်မက်ထဲမှာ element တွေက သူတို့နေရာနဲ့သူတို့ စီပြီးသား table တစ်ခုလို မြင်လိုက်ရတယ်ဆိုတာပဲ။ နိုးလာတာနဲ့ ချရေးလိုက်ပြီး ပြင်ရတာ နည်းနည်းပဲရှိတယ်လို့ ဆိုကြတယ်။
ဒါကို “Periodic Table တစ်ခုလုံးက အိပ်မက်ကနေ ပေါ်လာတယ်” ဆိုတာထက် သူက ဒီပြဿနာကို အချိန်အတော်ကြာ စဉ်းစားနေခဲ့ပြီး အိပ်မက်ထဲအထိတောင် ပါလာတဲ့အခါမှာ အဖြေ ပေါ်လာတဲ့သဘောလို့ ပြောတာ ပိုမှန်မယ်။
Benzene structure နဲ့ပတ်သက်ပြီး August Kekulé အကြောင်းလည်း နာမည်ကြီး story တစ်ခုရှိတယ်။
သူက Benzene structure ကို စဉ်းစားနေတုန်း daydream မှာ မြွေတစ်ကောင်က သူ့အမြီးကို သူပြန်ကိုက်ပြီး ဝိုင်းနေတာကို မြင်ခဲ့တယ်လို့ ပြန်ပြောဖူးတယ်။ အဲဒီကနေ Benzene က မျဉ်းဖြောင့် structure မဟုတ်ဘဲ ring structure ဖြစ်နိုင်တယ်ဆိုတဲ့ idea ကို ဆက်စပ်မိသွားတယ်လို့ ဆိုကြတယ်။
ဒါပေမယ့် ဒီ story ကလည်း 100% သေချာတာတော့ မဟုတ်ဘူး။ အဲဒီလို ရှာဖွေတွေ့ခဲ့တယ်လို့ ဆိုကြတာပဲ ရှိတယ်။
Sewing machine development မှာ အရေးပါတဲ့ Elias Howe အကြောင်းလည်း အလားတူ ပြောစမှတ်တစ်ခုရှိတယ်။
သူက sewing machine အတွက် needle design ကို စဉ်းစားနေတုန်း အပ်ရဲ့အပေါက်ကို ဘယ်နားမှာထားရမလဲ ဝေခွဲမရဖြစ်နေတယ်။ အိပ်မက်ထဲမှာ လူ တွေက သူ့ကို လှံတွေနဲ့ ဝိုင်းထိုးတာကို မြင်တယ်။ အဲဒီလှံထိပ်နားမှာ အပေါက်လေးတွေ ပါနေတာကို သတိထားမိပြီး အပ်ရဲ့အပေါက်ကို ထိပ်နားမှာထားဖို့ idea ရသွားတယ်လို့ ဆိုကြတယ်။
ဒီအကြောင်းကတော့ သမိုင်းအရ 100% ခိုင်မာတဲ့ fact လို့ ပြောရခက်တယ်။ ဒါပေမယ့် point-eye needle က sewing machine design အတွက် အရေးကြီးခဲ့တာတော့ မှန်တယ်။
The Beatles ရဲ့ “Yesterday” ကတော့ သေချာတဲ့ တစ်ခုလို့ ပြောလို့ရတယ်။
Paul McCartney က melody ကို အိပ်မက်ထဲမှာ ကြားခဲ့တယ်လို့ ပြောထားတယ်။ နိုးလာတာနဲ့ piano မှာ တီးပြီး မှတ်ထားတယ်။ အစမှာ ကိုယ့်သီချင်းမဟုတ်ဘဲ တခြားသူ့ melody ကို subconscious က မှတ်မိနေတာများလားဆိုပြီး လူတွေကို လိုက်မေးခဲ့တယ်။ နောက်မှ ဘယ်သူ့သီချင်းမှ မဟုတ်တာ သေချာသွားပြီး “Yesterday” ဖြစ်လာတာ။ စာသားကတော့ နောက်မှ ပြန်ရေးတာပါ။ အိပ်မက်ထဲမှာတော့ melody ပဲ ပါတာပါ။
အဲဒါကြောင့် စဉ်းစားမရတဲ့အချိန်မှာ ခဏအိပ်လိုက်တာ မဆိုးဘူး။ ဘာမှမမက်ရင်တောင် အနည်းဆုံးတော့ အိပ်ရေးနည်းနည်းဝသွားတာပေါ့။
