Update books.saturngod.net

https://books.saturngod.net/ ကို update ပြန်လုပ်ထားတယ်။ ပြီးခဲ့သည့် event က စာအုပ်တွေ ရှာ မရ ဘူး ပြောလို့။ 

ပထမဆုံး စာအုပ် က Making Blog by Saturngod ဆိုသည့် စာအုပ်။ 

Web Blog, We Unite ဆိုပြီး 1 September 2007 မှာ MICT Park ထဲမှာ ပွဲလုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲမှာ ဝေခဲ့သည့် Blogspot နဲ့ blog လုပ်နည်း စာအုပ်။ အဲဒီပွဲကြောင့် လူတွေ အများကြီး နဲ့ သိခဲ့ပြီး ဘဝ မှာ အတော်လေး ကို အကျိုးရှိခဲ့သည့် ပွဲပါ။ မှတ်မှတ်ရရ UCSY မှာ စာမေးပွဲက 3 September 2007 မှာ ဖြေရမှာ။ စာမလုပ်ပဲ ပွဲအတွက် အလုပ်တွေ ရှုပ်ခဲ့ရသည့် အချိန်။ Blog ကို 2006 မှာ စ ရေးခဲ့ပြီး အခု ဆိုရင် နှစ် ၂၀ တောင် ရှိပြီ ဆိုရမယ်။

လက်ရှိ အချိန်မှာ ရေးထားသည့် နည်းပညာ စာအုပ် ၆ အုပ် ရှိပါတယ်။ ရေးလက်စ က ၁ အုပ်။

1. HTML 5

2. Programming Basic

3. Database Basic

4. Design Pattern

5. Developer Intern

6. Software Engineer

7. Algorithm

Algorithm စာအုပ်အတွက် ရေးနေရင်း စာရေးရအောင် အဆင်ပြေအောင် Yay app လုပ်လိုက်တာနဲ့ weekend တွေ မအားတော့ပဲ စာ ဆက်မရေးဖြစ်ဘူး။ App ကို အချောသတ်ပြီးမှပဲ စာပြန်ရေးဖြစ်မယ် ထင်ပါတယ်။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading