AI နှင့် Enterprise

တခြားနိုင်ငံတွေတော့ မသိပေမယ့် အခု လက်ရှိလုပ်နေတဲ့ Company က Enterprise Product ရောင်းနေတာဖြစ်တဲ့အတွက် AI ကြောင့် Enterprise ပိုင်းမှာ ဘယ်လိုပြောင်းလဲလာလဲဆိုတာ တဖြည်းဖြည်း မြင်လာရတယ်။

အရင်က Product တစ်ခုကို လူကသုံးရတာ အဆင်ပြေလား၊ UI/UX ကောင်းလားဆိုတာကို အဓိကကြည့်ကြတယ်။ အခုနောက်ပိုင်းမှာတော့ လူသုံးလို့ကောင်းတာအပြင် AI ကပါ ဒီ Product ကို သုံးလို့ရမလားဆိုတာ စိတ်ဝင်စားလာကြတယ်။

တစ်နည်းပြောရရင် MCP ရှိလား၊ API ကောင်းလား၊ RAG နဲ့ Company Knowledge ချိတ်လို့ရလား၊ AI Agent ကနေ action လုပ်လို့ရလား စတာတွေက selling point တစ်ခုဖြစ်လာတာပဲ။

Enterprise တွေက Everything in One Chat ဆိုတဲ့ပုံစံကို စပြောင်းဖို့ ကြိုးစားလာကြတယ်။ Software တစ်ခုချင်းစီထဲ ဝင်ပြီး လူကိုယ်တိုင် click လုပ်နေတာအစား AI က system တစ်ခုနဲ့တစ်ခုကြားမှာ လိုအပ်တဲ့ data ယူ၊ tool ခေါ်၊ action လုပ်ပေးတဲ့ပုံစံပေါ့။

UI တွေ လုံးဝမလိုတော့ဘူးဆိုတာတော့ မဟုတ်ဘူး။ Review လုပ်ဖို့၊ approve လုပ်ဖို့နဲ့ အသေးစိတ်အချက်အလက်တွေကြည့်ဖို့ UI က လိုနေဦးမှာပဲ။ ဒါပေမယ့် system တွေကို စသုံးတဲ့ entry point ကတော့ Chat ဒါမှမဟုတ် AI Agent ဖြစ်လာနိုင်တယ်။

နားလည်လွယ်အောင် Gaming PC နဲ့ ဥပမာပေးရရင် System တစ်ခုက requirement အရ PC ဆင်ပေးတယ်။ နောက် System တစ်ခုက Warehouse Stock System ပေါ့။

User က AI ကို—

“Budget $2,000 နဲ့ Nvidia GPU သုံးပြီး Gaming PC ဆင်ပေး”

လို့ပြောလိုက်ရင် AI Agent က PC Builder Tool ကိုခေါ်ပြီး ဘယ်လို parts တွေလိုမလဲ စဉ်းစားမယ်။ ပြီးတော့ Warehouse MCP ကနေ လက်ရှိ stock ရှိမရှိ စစ်မယ်။

RTX 5080 ကိုရွေးချင်ပေမယ့် Warehouse မှာမရှိဘူးဆိုရင် ရှိတဲ့ stock ထဲက အနီးစပ်ဆုံး GPU ကိုပြောင်းရွေးရမယ်။ ကိုယ့်ဆီမှာရှိတဲ့ stock နဲ့ပဲ build လုပ်လို့ရမှာပေါ့။

ဒီနေရာမှာ System နှစ်ခုက သူ့ဘာသာသူ စကားပြောနေတာမဟုတ်ဘူး။ AI Agent က MCP နဲ့ expose လုပ်ထားတဲ့ tools တွေကို လိုအပ်သလိုပေါင်းပြီး ခေါ်သုံးတာပါ။

ဒီလို system တွေ ပေါင်းသုံးလာတဲ့အခါ Product တစ်ခုက လူသုံးဖို့ UI ပဲရှိပြီး AI ဒါမှမဟုတ် Agent က ခေါ်သုံးဖို့ integration မရှိဘူးဆိုရင် နောက်ပိုင်း Enterprise Buyer တွေအတွက် စိတ်ဝင်စားမှု လျော့သွားနိုင်တယ်။

Enterprise AI Wrapper လို့ လွယ်လွယ်ခေါ်လို့ရပေမယ့် တကယ်တမ်းမှာ Efficient ဖြစ်ဖို့၊ Secure ဖြစ်ဖို့၊ Permission မှန်ဖို့၊ Audit Log ရှိဖို့နဲ့ Tool မှန်မှန်ရွေးနိုင်ဖို့ အတော်လုပ်ရတယ်။

ကိုယ်တွေက Product ရောင်းနေရင် MCP ထည့်လိုက်ရုံနဲ့ပြီးပြီဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့် Product ကို AI ဒါမှမဟုတ် Agent က လုံလုံခြုံခြုံ ခေါ်သုံးနိုင်အောင် API၊ MCP၊ Permission နဲ့ Tool Design တွေကို စ စဉ်းစားရမယ့်အချိန် ရောက်လာပြီ။

အခုအချိန်က လူက Product တစ်ခုချင်းစီကို လိုက်သုံးနေတဲ့ပုံစံကနေ AI Agent က Product တွေရဲ့ API နဲ့ MCP Tools တွေကို ချိတ်ပြီး Workflow တစ်ခုလုံးကို လုပ်ပေးမယ့်ပုံစံဆီ သွားဖို့ ကြိုးစားနေတဲ့အဆင့် ဖြစ်နေပြီ။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading