
Yay ကို March လကတည်းက စလုပ်ခဲ့တာ အခု Aug တောင် ရောက်လာပြီ။ ၆ လတောင် ကြာသလားဆိုတော့ ကြာတယ်ဆိုရမှာပဲ။
AI ခေတ်မှာ product တစ်ခုကို အမြန်တည်ဆောက်လို့ရတယ်လို့ ထင်နေကြတာ။ Code ရေးလို့တော့ရတယ်။ ဒါပေမယ့် bugs မရှိဘူးလို့ အာမခံချက် မရှိဘူး။ Yay ရဲ့ change logs တွေကို ကြည့်ရင် တွေ့ရလိမ့်မယ်။ Bug fixes တွေက feature အသစ်တွေထက်တောင် များတယ်။
AI ရေးလိုက်တဲ့ code တွေကို manual test က မဖြစ်မနေလုပ်ရတာပဲ။ AI က bugs မရှိအောင် မလုပ်ပေးဘူး။ ဒါပေမယ့် bug တွေ့တာနဲ့ ချက်ချင်းတော့ ပြင်ပေးနိုင်တယ်။
Yay ကို နေ့စဉ်သုံးနေတဲ့အတွက် နေ့စဉ်လိုအပ်ချက်အသစ်တွေကို ရှာဖွေတွေ့နေတာ။ Error တွေ့တာနဲ့ ချက်ချင်း fix လုပ်ပြီး ဆက်သုံးနိုင်တာကတော့ AI ခေတ်ရဲ့ အတော်လေးကောင်းတဲ့ အားသာချက်တစ်ခုပဲ။
တချို့တွေက AI နဲ့ရေးထားတာတွေကို AI Slop လို့ ဆိုကြပေမယ့် ရေးဖို့အတွက်က ခိုင်းတတ်ဖို့ လိုသေးတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အခုခေတ် software development မှာ AI-assisted coding က ပုံမှန် workflow တစ်ခု ဖြစ်လာနေပြီ။
ကျွန်တော်သုံးနေတဲ့ https://www.screenkite.com/ ဆိုလည်း Claude Code နဲ့ စခဲ့တာပဲ။ ကျွန်တော့်ကို Screen Recorder ကိုယ့်ဘာသာရေးပါလားဆိုရင်တော့ မရေးနိုင်ဘူး။
Screen recording, video editing တွေအတွက် idea မရှိသလို ဘယ်ကစရမှန်းလည်း မသိဘူး။ နောက်ပြီး ကိုယ်နေ့စဉ်သုံးနေတဲ့ App မဟုတ်တဲ့အတွက် ဘာတွေလိုအပ်လဲ၊ ဘယ် feature တွေ ထည့်သင့်လဲဆိုတာလည်း မသိဘူး။ ကိုယ်တိုင် နေ့စဉ်သုံးဖြစ်တဲ့ product မဟုတ်တော့ အဲဒီအတွက် အချိန်အများကြီးပေးပြီး လုပ်ချင်စိတ်လည်း မရှိဘူး။
AI နဲ့ အများကြီးရေးလို့ရပေမယ့် ဘာတွေကို ဘယ်လိုရေးခိုင်းရမလဲဆိုတာ သိဖို့ လိုသေးတယ်။ AI ကို ဘယ်လိုခိုင်းရမလဲ သိဖို့အပြင် ဘာကို ဘာကြောင့် လုပ်နေတာလဲဆိုတာ သိဖို့က ပိုအရေးကြီးလာတယ်။
ဘာပဲပြောပြော AI ခေတ်မှာ Yay Editor က ကိုယ်လိုချင်တဲ့ feature တွေ အကုန်နီးပါးပါတဲ့ App တစ်ခု ဖြစ်လာတာပဲ။
