Avatar ကို ornagai dictionary မှာတော့

ဟိန္ဒူဘာသာတွင် ကမ္ဘာ့ကိုကိုယ်စားပြုသော နတ်။ အင်တာနက်တွင် ကိုယ်စားပြုရုပ်ပုံ။

လို့ ဆိုထားတယ်။ 3D version ရုံမှာ Christmas Eve မှာ သွားကြည့်လိုက်တယ်။ လူတွေကတော့ များပါ့။ မသွားခင် တစ်ရက် လက်မှတ် ကြိုဝယ်ထားလို့ပေါ့။ ၂၃ ရက်နေ့က ညဘက် ပြန်ရောက်တော့ လက်မှတ်ဝယ်ဖို့ ကြည့်လိုက်တော့ ၁ ဝက်လောက်က ပြည့်သွားပြီ။ ရုံးမှာတုန်းက ကြည့်တုန်းက နေရာ ကောင်းတွေ အများကြီးကျန်သေးတယ်။ အိမ်ရောက်မှ ဝယ်မယ်လေ ဆိုပြီး ထားလိုက်တာ။ အိမ်ရောက်တော့ လိုချင်တဲ့ နေရာက မရှိတော့ဘူး။ တော်တော်လေးလည် ပြည့်သွားတာနဲ့ ကို Zack ကို ဖုန်းဆက်ပြီး အမြန်ဝယ်ခိုင်းရတယ်။ နေရာမကောင်းတကောင်း လေးပဲရရှာတယ်။

ရုပ်ရှင်ကားက တော်တော်လေးကို ကောင်းတယ်။ Pandora ဆိုတာက ဘာကိုပြောမှန်းသေချာမသိဘူးဗျ။ ရုပ်ရှင်ကားက 2154 မှာ Pandora ကနေ စတာပဲ။ Pandora က ကမ္ဘာအရွယ်အစားရှိပြီး Polyphemus ရဲ့လ လို့ ထင်တာပဲ။ အဲဒီက ဂြိုဟ်သား(Na’vi) ပုံစံက ဟိန္ဒူ ပုံစံတွေ နဲ့ တော်တော်လေး နီးစပ်တယ်လို့ခံစားရတယ်။ ရုပ်ရှင်ကား avatar က ornagai dictionary မှာပါတဲ့ အဓိပ္ပာယ် ၂ မျိုးလုံးနဲ့ တူတယ်။ ပထမ အဓိပ္ပာယ်ဖြစ်တဲ့ ကမ္ဘာကို ကိုယ်စားပြုနတ်ဆိုတဲ့ အတိုင်း သူတို့ကိုးကွယ်တဲ့ သစ်ပင်ကြီး Tree of Souls ကို နောက်ဆုံး လူတွေက ဖျက်ဆီးဖို့ ကြိုးစားတာကို ပြန်ကာကွယ် တိုက်ထုတ်တဲ့ အခန်းပဲ။ Tree of Souls ကလည်း power ရှိတယ်လို့ ဆိုလို့ရမလားပဲ။ ဂြိုဟ်ပေါ်က တိရစ္ဆာန်တွေတောင် အသေခံပြီး လူတွေကို ပြန်တိုက်တဲ့ အဓိက ဖြစ်သွားတယ်။ ကိုယ်စားပြု ရုပ်ပုံလို့ပြော ရအောင်လည်း မင်းသားက သူ့ရဲ့ ဝိညာဉ် ကို Na’vi ထဲထည့်ပြီး လျှောက်သွားနေတဲ့။ ဟိန္ဒူတွေရဲ့ ယုံကြည်မှုလို့ပေါ့။ ဆာဒူးကြီးတွေလိုပဲပြောရမလားမသိဘူး။ ခန္ဓာထားပြီး ဝိညာဉ် လွှင့်နေဆိုတဲ့ idea နဲ့ ခပ်ဆင်ဆင်ပဲ။ နောက်တစ်ချက်က ဟိန္ဒူတွေရဲ့Avatar ကလည်း အသားရောင်က အပြာဖြစ်သလို Na’vi ကလည်း အပြာရောင်ပဲ။ ဒါကြောင့် Avatar လို့ နာမည်ပေးထားတာလို့ ထင်တယ်။

ရုပ်ရှင်ကားက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး idea လည်း မဆိုးဘူး။ ဆံပင်မှာပါတဲ့ Bone တွေကို ဆက်ပြီး တိရစ္ဆာန်တွေရဲ့ mind ကို control လုပ်လို့ရတယ်။ နောက်ပြီးတော့ အပင်ရဲ့ အသံတွေကို ခံစားနိုင်တယ်။ ရိုက်ထားတာ တော်တော်လှတယ်ဗျာ။ ညဘက်ဆို အရမ်းလှတာပဲ။ 3D နဲ့ ကြည့်တော့ ရေလည် ကြည့်လို့ကောင်းတယ်။ သူတို့ရဲ့ နားခိုရာ သစ်ပင်ကြီး မီးလောင်သွားတဲ့ အခန်းမှာ ပြာတွေ လွှင့်နေတဲ့ အခန်း မီးပွားတွေ လွှင့်ကျလာတဲ့ အခန်းတွေ အရမ်းကောင်းတယ်။ ကိုယ့်ဘေးနားမှာ ပြာတွေ ပြန့်ကျဲနေသလိုပဲ။ 3D ကားမို့ 3D နဲ့ ကြည့်ရတာ အရမ်းကို ကောင်းတယ်လို့ဆိုရမလားပဲ။

Dragon ဆီးတဲ့ အခန်းဆို အရမ်းမိုက်တယ်။ အထူးသဖြင့် နောက်ဆုံး တိုက်တဲ့အခန်းဆို လူက ရုပ်ရှင်ကြည့်နေတယ်ဆိုတဲ့ အသိတောင် တစ်ချက်တစ်ချက်ပျောက်သွားပြီး အထဲကို ရောက်သွားသလို ဖြစ်လောက်အောင် တော်တော်ကောင်းတဲ့အခန်းပဲ။ မင်းသားတို့ဘက်က ရှုံးပြီး တစ်ယောက်ပြီး တစ်ယောက်ကျသွားတော့ လူက တစ်မျိုးကြီးဖြစ်ပြီး ဘာဆက်ဖြစ်မလဲ။ ဘာဆက်လုပ်မလဲဆိုပြီး ကိုယ်ပါ လိုက်စဉ်းစားမိနေတယ်။ 3D နဲ့ ကြည့်လို့ ရမယ့်နေရာဆို 3D နဲ့ ကြည့်ဗျာ။ အရမ်းကောင်းလွန်းလို့ဗျာ။ တစ်ကားလုံးမှာ အစပိုင်းတွေ ပျင်းပျင်းရိရိ ရှိလာပေမယ့် နောက်ဆုံး မင်းသားကNa’vi တွေ ဘက်ရောက်သွားတဲ့အခန်းက စပြီး ကြည့်လို့ကောင်းတာပဲ။ လူတွေက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်ကြောင့်လည်း ရိုက်ပြသွားတာ။ သစ်ပင်က ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကိုလည်း မသိမသာလည်း ပြသွားတယ်။ အခြားကားတွေလို တသီးတသန့်ကြီး ပြသွားတာမဟုတ်ဘူး။

3D နဲ့ ကြည့်လို့ရမယ်ဆိုရင် ကြည့်သင့်တယ်။ 3D မရလို့ ရုံမှာ ကြည့်ုလို့ရမယ်ဆိုကြည့်သင့်တယ်။ ရုံမှာ မကြည့်လို့ဆိုရင် Blue Ray ကြည့်သင့်တယ်။ HD ပေ့ါ။ HD မှ မရရင် m-HD အဆင့်မှ ကြည့်သင့်တယ်။ m-HD မရလို့ DVD rip လောက်ပဲ ရမယ်ဆိုရင်လည်း ကြည့်သင့်တယ်။ cam version တွေ TSrip တွေ Rrip တွေကိုတော့ မကြည့်သင့်ဘူးဗျာ။ ရုပ်ရှင်ကား အရသာပျက်တယ်။ DVD Rip လောက်တော့ အနည်းဆုံး စောင့်ပြီး ကြည့်သင့်တဲ့ ကားကောင်းတစ်ကောင်းပဲဗျ။

တစ်ကားလုံးအကြောင်း ကောင်းကောင်းနားလည်ချင်ရင်တော့ http://james-camerons-avatar.wikia.com/wiki/Avatar_Wiki မှာ ဘာသာရပ်တစ်ခုလို သေသေချာချာ လေ့လာလို့ရတယ်ဗျာ။

Making Movie

3 responses to “Avatar (3D)”

  1. အင်း softarchive မှာ တင်တာတွေ့တော့မှပဲဒေါင်းပြီးကြည့်တော့မယ် .. ထွေလာ ကြည့်ပြီးကတည်းက ကြည့်ချင်နေတဲ့ ကားပဲ .. :)

  2. TS ကတော့ ဆွဲထားတာပဲ မကြည့်အားသေးလို့..

  3. @ mgpyone >>. DVD Rip စောင့်ပြီး ကြည့်.. TS လောက်က အရသာပျက်တယ်.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.