mmsg at mysteryzillion dot com

ဒီနေ့ အောင်စည်သူကျော် က သူ့ရဲ့ gtalk bot beta အကြောင်း facebook မှာ ပြောရင်း PHP နဲ့ ရေးလို့ရမလား စမ်းရင်းနဲ့ ရေးဖြစ်သွားတာ။ အောင်စည်သူကျော်က facebook မှာ ဒီလိုရေးထားတယ်။

Add mmcurrencyconverter@gmail.com to your gtalk friend list. Usage Example: SGD\MMK, USD\SGD ရိုက်သွင်းပါ။ type help to learn more about how to use. help ဟုရိုက်သွင်းပြီး အသုံးပြုပုံကို ကြည့်နိုင်ပါသည်။ GOLD ဟုရိုက်ထည့်ပြီး ရွှေဈေးကိုလည်း မေးနိုင်သည်။

သူက C# နဲ့ရေးထားတာ။ ဒါကြောင့် PHP နဲ့လည်း ရေးလို့ရမလားဆိုပြီးစမ်းကြည့်လိုက်တာ ပိုးစိုးပက်စက် လွယ်လွန်းလို့ဘယ်လိုရေးလဲဆိုတာ သိချင်ရင် googling သာလုပ်လိုက်တော့။ တကယ့်ကို ပိုးစိုးပက်စက် ပက်ပက်စက်စက်ကြီးကို လွယ်တာ။ feeling တောင် နည်းနည်းအောက်သွားလောက်အောင် လွယ်တာဗျ။ အခု mz ထိုင်ထားတဲ့ host မှာပဲ ထိုင်ထားတယ်။ စမ်းချင်ရင်တော့ mmsg{at}mysteryzillion.com ကို invite လုပ်ပြီး စမ်းနိုင်ပါတယ်။ data တွေကိုတော့ http://www.naungmon.co.cc ကနေ ရယူထားပါတယ်။ mmsg ဖြစ်သွားတာကတော့ အစက sg ပေါက်ဈေးပဲ လုပ်မယ်ဆိုပြီး စမ်းပြီး အဲဒီ နာမည်ယူလိုက်တာကနေ ဖြစ်သွားတာပဲ။

3 Comments

  1. ကျွန်တော်အရင်လေးငါးလက ဒီလိုရေးထားဖူးပါတယ်. အဲဒီတုန်းကတော့ PHP ကို သိပ်မကျွမ်းတော့ အမြဲဝင် php ကို ဝင် edit လုပ်နေရတယ်.. အကိုတို့အခုရေးထားတာ အဲဒီလို edit လုပ်စရာမလိုပဲ database နဲ့ချိတ်ရေးတာလားမသိဘူး ဆွေးနွေးပေးလို့ရမလားခင်ဗျာ
    [CODE]<?php

    switch ($_REQUEST['msg']) {
    case SGD:
    echo "*SGD* rate is *732 Kyats* Thank for using. Update from http://mmcybermedia.com/ ,12/05/09″;
    break;
    case FEC:
    echo “*FEC* rate is *1030~1033 Kyats* Thank for using. Update from http://mmcybermedia.com/ , 12/05/09″;
    break;
    case USD:
    echo “*Dollar* rate is *1070~1074 Kyats* Thank for using. Update from http://mmcybermedia.com/ , 12/05/09″;
    break;
    case BAHT:
    echo “*Baht* rate is *30 Kyats* Thank for using. Update 12/05/09”;
    break;
    default:
    echo “—————————————————Welcome !!! This is currency exchange rate.(Beta) Updated from MMCyber Type HELP for instruction!—————————————————“;

    }

    ?>[/CODE]

  2. saturngod says:

    ဘာလို့database နဲ့ ချိတ်မှာလဲ။ database နဲ့ ချိတ်ပြီဆိုရင် database connection အတွက် ထပ်ပေးရမယ်။ အဲဒီအခါမှာ speed ကျသွားမယ်။ PHP ကို edit လုပ်ပေးတာကလည်း မခက်ပါဘူး။ ftp လေးနဲ့ ချိတ်ပြီး ထိပ်မှာ variable ပြင်လိုက်ရုံပဲ။ ဘာမှ ထွေထွေထူးထူး ပြင်စရာ မရှိဘူးလေ။ bot က အဓိက မြန်အောင်ပဲစဉ်းစားဖို့လိုတယ်။ PHP ရဲ့ speed က python လောက် မမှန်ဘူး။ အဲဒီအချက်တွေကြောင့် မလိုတာတွေကို အတတ်နိုင်ဆုံး လျော့ချဖို့လိုပါတယ်။ ဒါကြောင့် database လည်း မလိုသလို admin panel တွေလည်း မလိုပါဘူး။

  3. ကျေးဇူးကိုစေတန် variable ပေးဖို့မေ့သွားတာဟုတ်သားပဲ .. ခုလိုရှင်းပြတာကျေးဇူး..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.